မိုးမခကို ပေးတဲ့စာ
ပဲဂိုဒေါင်က အကြီးမားဆုံးလောင်းကစားဝိုင်း နောက်ဆက်တွဲ
ဟင်္သာတမြို့က ပြည်သူတစ်ဦး
ဟင်္သာတမြို့ မှ မတ်ပဲအိပ်ပေါင်း ၃၀၀၀ ကျော် ၊ တင်းပေါင်း ၅၀၀၀ ဝန်းကျင် ၊ ယခုလက်ရှိ ကာလပေါက်ဈေး သိန်း ၉၀၀ ကျော် နှင့် ဟင်္သာတမြို့တွင် အကြီးမားဆုံးသော လောင်းကစား ဝိုင်းကြီးကို ဟင်္သာတမြို့ရှိ ဓမ္ဘီ ပွဲရုံ ၏ ပဲဂိုဒေါင်တွင် လွန်ခဲ့သော ၅လခန့်က ဖမ်းဆီးခဲ့ရာ အဖမ်းဆီးမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသူများမှာ    ကိုအောင်ပိုင်ဖြိုး(ဓမ္ဘီပွဲရုံ)၊ ကိုထွန်းမင်းလတ်(ပဲပွဲရုံ)၊ ကိုအောင်ကြီး(ချမ်းမြေ့အောင်ပွဲရုံ)၊ ကိုကျော်စွာရှင်း(လမ်းဖောက်လုပ်ရေး)၊ ကိုဌေးခိုင်လင်း(ကားလုပ်ငန်း)၊ ကိုသူရစိုး(စိုးသစ္စာပွဲရုံ) နှင့် အပေါင်းအပါများဖြစ်ပါသည်။  ယခုအခါ ထွက်ပြေးတိမ်းရှောင်နေသှူ များထဲမှ ကိုထွန်းမင်းလတ် ဆိုသူမှာ ပဲများကို ဝယ်ယူပြီးလိမ်လည်ထွက်ပြေးနေရာမှ မန္တလေးမြို့တွင် ယခု သြဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးမိခဲ့ပါသည်။ ကိုထွန်းမင်းလတ် ကို ဟင်္သာတမြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးထားပြီး မည်သူနှင့်မျှလည်း တွေ့ခွင့်မပေးကြောင်း သိရှိရပါသည်။
ကိုထွန်းမင်းလတ် ဆိုသူမှာ ပဲလိမ်လည်မှူ၊ လောင်းကစားမှု ထိုအမှုနှစ်ခုကို ကျူးလွန်ထားသူ ဖြစ်ပါသည်။ ယခုအခါ ကိုထွန်းမင်းလတ်၏ ယောက်ဖနှင့် အမဖြစ်သူ ကိုရဲလှိုင်နှင့် မဥမ္မာစိုး(အောင်မြင့်မာန်ပွဲရုံ) သည် ထွက်ပြေးတိမ်းရှောင်နေသူများထဲမှ ကိုအောင်ပိုင်ဖြိုး၊ ကိုအောင်ကြီး၊ ကိုကျော်စွာရှင်း၊ ကိုဌေးခိုင်လင်း၊ ကိုသူရစိုး တို့ကို ပထမအရစ်အနေဖြင့် မိမိတို့ကို ၁ ယောက်လျှင် ငွေ ၁ဝ သိန်းစီ ပေးရမည်ကြောင်း လိုက်လံတောင်းဆို နေပါသည်။ ထို ငွေ ၁ဝ သိန်းအား မပေးလျှင် ကိုထွန်းမင်းလတ် မှ တရားရင်ဆိုင်ရာတွင် ကျန် အပေါင်းအပါများ၏ အမည်များကို ဖော်ထုတ်ပြောဆိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုနေပါသည်။ (ထိုငွေ များအား ကိုထွန်းမင်းလတ်၏ ဖဲဝိုင်းအမှုအတွက် ရှေ့နေငှားရန်၊ တရားသူကြီး တောင်းဆိုသောငွေပေးရန်၊ ရဲစခန်းတွင်ပေးရန် ဖြစ်ကြောင်းသိရှိရပါသည်။)
တရားခံ ဖြစ်သူ ကိုထွန်းမင်းလတ် သည် ပဲလိမ်လည်မှုတွင် မတ်ပဲဖိုးငွေများကို ဖဲကစားခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ နှစ်လုံးထီထိုးခြင်း၊ သုံးလုံးဒိုင်ကိုင်ခြင်း စသည့် အလောင်းအစား အပျော်အပါးကိစ္စ များကြောင့် ကုန်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
17 thoughts on “ပဲဂိုဒေါင်က အကြီးမားဆုံးလောင်းကစားဝိုင်း နောက်ဆက်တွဲ
  1. အလွန်တရာမှပင် လေးစားထိုက်ပါသည်။ အချုပ်တန်းစီး၊ အမှုစစ်၊ စခန်းမှူး၊ ရှေ့နေ၊ ဥပဒေအကြံပေး၊ တရားသူကြီး များအတွက် သွားရေတများများ ကျလောက်သော အမှုဖြစ်ပါသည်။ မကြောက်မရွံ့ တောင်းကြပါမည်၊ စားကြပါမည် ။
  2. ဟား……ဟား…………..ကိုသက်ခိုင်ရေ ခင်ဗျားပြောတော့ ခင်ဗျားသမက်မပါဘူးဆို သူကတင်းနစ်ရိုက်နေတာဆို ကောင်းတယ်ဗျာ ဖင်ကောင်းကျယ်တဲ့  ကောင်တွေမင်းတို့ ပိုင်တယ်ဆိုကွ
    1. မင်တို့ ကျမှ ကွာ ကြာလိုက်တာ ရှေ့ ဗူးဘုရားဖဲဝိုင်းတောင် ထောင်ကထွက်တော့ မယ် ဖမ်းတဲ့ ဒနကောင်တွေတောင်
      မြန်အောင်ပြောင်းသွားပြိ
      1. ကိုနှင်းမောင်ရေ မပြောမရှိနဲ့ ဦးစိန်လှိုင်သား ကိုအငယ်လေးကသူ့ ယောက်ဖဗိုလ်ချုပ်ရဲအောင်က ရဲချုပ်ကျော်ကျော်နဲ့ တပတ်စဉ်ထဲ ဆိုပြီး ဦးဇော်ဝင်းသားနဲ့ သားမက်အတွက်လိုက်ပေးနေတယ်ဗျ ဒါဆို ဗာဂျီးနီးယားကရှိုးဝိုင်းကျတော့ဘာလို့မဖမ်းလဲ ခရိုင်ရုးံကရဲမှုးဦးမြင့်ဆွေ မန္တ`လေးကဆော်ကြီး လာတော့ဧည့်ခံစားရိတ်ပေးလို့လား…ပြည်ထဲရေးဝန်ကြီးလဲ ခင်ဗျားတို့မြို့မှာ သတင်းတပ်ဖွဲ့ထားမနေပါနဲ့တော့
    2. သူ့သားမက်တောင်သူ ဘယ်လိုက်ရှာ ရမှန်းမသိဘဲနဲ့….ဒီလောက်သိနေရင် golden Key နဲ့ ဂေါက်ကွင်းသွားတာကတမင်လွှတ်ထားတာလား …ဒီနေ့လဲ ဒုရဲအုပ်ဝင်းကျော်စွာ ကစခန်းမှုး ပုသိမ်သွားနေလို့ လာညှိပေးသွားတယ်ဆို….
  3. ဥပဒေအတိုင်း မဆောင်ရွက်ရင် လူ.အခွင်.အရေးအဖွဲ.မှ ဟသ်ာတမြို.နယ်တရားရုံးအား ဆန်ဒပြမည်။ ၂၇. ၉ .၂၀၁၂ နေ.စတင်ပါမည်။
    1. ကြိုဆိုပါတယ် …လမ်းပြကြယ်ရယ်ူဒီလိုဘဲ အုပ်တချပ်သဲတပွင့်လုပ်ပေးရမယ်…ကျုပ်တို့လဲပါမယ်ဗျို့
  4. ဟင်္သာတမြို့ က သစ် 13
    တန်ကျွန်းတံခါးကိစကိုဆက်စစ်လျှင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပြုတ်တဲ့ သူ
    အရေးယူခံရတဲ့ သူခံရမှာစိုးလို့  ရပ်ထားပြီးလာစစ်တဲ့ တိုင်းကအဖွဲ
့ပြန်သွားခြင်း
    ဧရာဝတီတိုင်းဒေသကြီး။ ဟင်္သာတမြို့  ကြံခင်း ရှားဘိုရွာမှ ဟင်္သာတ
    တာလေးရပ်ကွက်နေ ဦးကျော်စိုးဝင်း၏ ကိုယ်ပိုင်ကားနှင့် သယ်ဆောင်လာသော
    ကျွန်းတံခါး 13 တန်ကိစ သစ်ပိုင်ရှင်များဖြစ်သော(ဦးကျော်စိုးဝင်းနှင့်
    ဦးလှိုင်မျိုးထွန်းခေါ် တရုတ်ခလေး၏ သစ်များဖြစ်ကြောင်း သစ်ဖမ်းမိရာ
    မအူပင်ခရိုင် ဓနုဖြူ ရဲစခန်းမှာ ယာဉ်မောင်းနှင့်
    နောက်လိုက်ကဖြောင်ချက်ပေးထားသော်လည်း ကားလိုင်စင်ရှိတာကို လိုင်စင်မဲ
့လုပ်ပြီး အစအဆုံး
    လိုက်ပြီးဆောင်ရွက်ပေးသူကတော့  ဟင်္သာတသတင်းတပ်ဖွဲ့ မှ တစ်ရစ်အဆင့် ရှိ
    နေလင်းစိုးက ငွေကျပ် 18 သိန်းကျော်ဥိးကျော်စိုးဝင်းနှင်
့တရုတ်ခလေးထံမှတောင်ပြီး သစ်13တန်ကိစ
    ကိုဖြေရျင်းပြီးပြီးသွားရာမှအင်တာနက်ထဲ ပါလာတော့ မှ ပြသနာတွေတက်ပြိး
    ကျွန်းတံခါးတွေကိုပိုင်ရျင်မဲ့ ပြုလုပ်ကြောင်း တရုတ်ခလေး ပထမအကြိမ်
    သစ်ကားညောင်တုန်း
    တံတားမှာ အဖမ်းခံရတုန်းက တရုပ်ခလေးကသစ်ရော သူတို့ စီးသွားတဲ့  WITHOUT
    ကားအမဲရောင်ရောအသိမ်းခံရပြီး ၄င်းအမှူ့ ကိုလည်း
    ညောင်တုန်းရဲစခန်းမှူးနှင့်  နေလင်းစိုးတို့ မှ ညှိနိုင်ပြီးသိမ်းထားတဲ
့without
    ကားအမဲရောင်ကို နေလင်းစိုးက ငွေကျပ် 13 သိန်းကျော်နဲ
့ရွေးပြီးအခုလက်ရျိသူကိုယ်တိုင်စီးနေတာဟာ မြို့  ဌာနဆိုင်ရာများအသိပါ
    အရှာကောင်းတော့ လည်း ခရိုင်မှူး ဦးထွန်းသိန်းကလည်း အကြိုက်ပေါ့ သက်ဆိုင်
    ရာကမှအရေးမယူတော့ ထင်ရာစိုင်းလုပ်နေတာ ကျပါတယ်
    ဌာနဆိုင်ရာအချင်းချင်းကလည်း စားရင်အကုန်မျဝေစားသောက်ရတာမို့ 
    သိသိကြီးတွေနဲ့ မသိကြေးနွန် ပြုထားပါတယ် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ
့မှ
    ရဲတပ်ဖွဲ့ မှူး မျိုးသန့် ၏တာဝန်ပေးချက်အ၇ ဟင်္သာတဒနမှရဲအုပ်မြင်
့ခိုင်နှင့် အဖွဲ့ ကိုမြောင်းမြသို့ ပြောင်းပြီးမြောင်းမြအဖွဲ
့ကိုဟင်္သာတသို့ ရောက်ပြိးတော့ ဒုတိုင်ရဲမှူးကြီး ဟင်္သာတသား ဦးဘိုဘိုဥိး
    နှင့် အဖွဲ့ သည်ဟင်္သာတို့ လာရောက်ပြိးသစ်13 တန်ကျွန်းတံခါး ကိစကိုဖမ်းတဲ
့ဓနုဖြူရဲစခန်းမှတာဝန်သိရဲတပ်ကြပ်ကိုရိုက်လို
့ဆေးရုံတင်လိုက်ရတာအသိပါပြီးတော့ ဟင်္သာတသစ်တော။ဒန ။ သတင်းတပ်ဖွဲ
့။စစစ။အမှတိ(၁)စခန်း။နယ်ထိန်းအင်ချပ်။စရဖ တို့ မှဝန်ထမ်းတွေပါနေတာ
    ဆက်စစ်လျင်ပေါ်မှာစိုးသဖြင့်  ရဲမင်းပိုင်စစ်ဆင်ေ၇းလို့ နံမည်တပ်ပြီး အမှု
့မရရအောင်ဖမ်းသည့် အမှူတွေ။ချဲတွကိသည့် သူတွေကိုချဲဒိုင်ပုဒ်မ ၁၅(က)နှင်
့စွဲပြီးဖမ်း။အမှန်တကယ်ရောင်းလို့ အဖမ်းခံရတဲ
့သူတွေလည်းရှိပါတယ်။အရက်တုလုပ်တဲ့ ဆိုင်တွေကျတော့ ကြိုတင်သတင်းပေး
    ပြီးရျောင်ခိုင်းထားပါတယ်။ရှောင်ခိုင်းတဲ့ ဟင်္သာတကရဲဝန်ထမ်းတွေကိုအပြစ်လို
့မယူစပါ အစစအရာရာ ရဲအတွက်ပိုက်ဆံတွေကိုထိုဆိုင်တွေကမှမတောင်းလို့ 
    နိုင်ငံတော်ကပေးတဲ့ လစာငွေနဲ့ မှမလုံလောက်တာဗျာ
    မလုံလောက်ကတဲ့ ကြားထဲ နယ်ထိန်းတွေ လစာထဲက အထက်ကလူကြီူးတွေအတွက်ဖြတ်သေး
    အပြည့် အ၀ရရျှိတဲ့ ဝန်ထမ်းဆိုလို့ ရဲမှူးအဆင်
့လောက်တွေတာရပါတယ်ဖြတ်လားဆိုပြီးတော့ လာစစ်လဲအပိုပါ
    ဘယ်သူကမှဖြတ်ပါတယ်မပြောပါဘူးဗျာဒုရအြုပ်အဆင့် နဲ
့ရုန်းကန်နေရတာတွေရှိသလို တပ်သားအဆင့် နဲ့ ကြီးပွားနေတာတွေလည်းရျှိပါတယ်
    ကိုခင်မောင်မြင့် (အ၇ပ်သား ခရိုင်ဒန)သတင်းပေးဆိုသူသည့် အရပ်သားလည်းဖြစ်
    ဒနကသူတွေကသူ့ ကို အရပ်သားဖြစ်သည့် မို့ လိုင်းကြေးတောင်းခိုင်းတယ်
    ဒီလိုအပြင်အရပ်သားအဆင့် သာရှသောခင်မောင်မြင့် ဆိုသူကိုဟင်္သာတရဲတပ်ဖွဲ့ 
    မြို့ နယ်မှူးကတောင် ကြောက်နေရသည့် အဖြစ်ကိုရောက်နေပါတယ် သူနဲ့ မတည့် သည်
့ ဟင်္သာတကလောင်းကစားဒိုင်။အရက်ဆိုင်။vcd ခွေေ၇ာင်းသည့် သူများတို
့ကိုလိုက်လံဖမ်းဆီးပြီး 26.8.2012 ညနေ ဇကာတန်းရပ်ကွက်နေ ကိုခင်မောင်ကျော်
    ကိုခင်မောင်မြင်ကကြိုတင်ရျောင်ခိုင်းသော်လည်းမရျောင်သည်
့အတွက်အဖမ်းခံရပါတယ်မြောင်းမြဒနအဖွဲ့ ကဖမ်းပြိးအမှတ်(၁)စခန်းကိုလွဲခဲ
့ပါတယ် ခင်မောင်မြင့် ကိုတဆင့်
    သတင်းပေးနေတဲ့ အမှတ်(၂)စခန်းပိုင် ပွဲရုံတန်းမျအရက်ဆိုင်ကိုမြို
့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်သက်သေများနှင့် အတူဖမ်းမိသော်လည်း
    ခင်မောင်မြင့် ကိုယ်တိုင်(သရက်သို့ ပြောင်းရွှေ့ရမည်လို
့အော်တာထွက်သွားသော)ခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝေကို
    ကျွန်တော်လူကိုဖမ်းချင်ဖမ်း ဖမ်းတာနဲ့ အဘတို့ စားတာတွေတိုင်မယ်လို
့အကြပ်ကိုင်သောကြောင့် 
    လွတ်ပေးလိုက်ရတယ်သက်ဆိုင်ရာထာနအသီးသီးမှအပြင်လူတစ်ယောက်ကိုမပြောရဲ။မဆိုရဲ။အရေးမယူရဲ
    ဖြစ်နေပါတယ် GOLDREN KEY (KTV) မှမိန်းခလေးတစ်ဥိးနှင့် ခင်မောင်မြင်
့တို့ ဖြစ်ပြီးကိုယ်ဝန်ကိုလည်း
    ရဲအရာရျိနဲ့ လွဲချ ကာဗိုလ်ကျခြင်း တာငါးဆယ်တောင်ရပ်ကွက်
    ကျေးကန်ကျောင်းလမ်းမှ ဒေါ်တင်မာကြည် VCD
    ခွေအငှားဆိုင်အားဝင်ရောက်ဖမ်းဆီးသည့်အပြင် ညောင်ပင်ရွာရပ်ကွက်ရှိ
    အိမ်တစ်အိမ်ကို ပြုတင်းပေါက်မျ ခွင့် မတောင်းဘဲ
    အတင်းဝင်ရောက်ဖမ်းဆီးရှာဖွေခြင်းတို့ မှာအများပြည်သူများအနေဖြင်
့သည်းမခံနိုင်အောင်ဖြစ်နေရပါတယ်ဟင်္သာတဒီအရင်ဖမ်းမိတဲ
့သစ်ကုန်သည်ပိုင်စိုး၏သစ်ကားကျတော့ သစ်
    လဲသိမ်း။ ကားလည်းသိမ်း ကားသမားနဲ့ စပါယ်ယာကိုထောင်ချ
    ဟင်္သာတကုန်းလမ်းသယ်ယူပို့ ဆောင်ရေး က.ပ.ရ (R T C)
    မှကားတွေကိုစပေါ်ပေးပြိးငှားရပြီးသစ်ဖမ်းတိုင်ကားတွေပါအသိမ်းခ့နေရသောကြောင်
    ဟင်္သာတRTC ကကားတွေလျော့ နေတာ အထက်လူကြိးတွေလာစစ်ရန်နှင့် 
    ဟင်္သာတရဲမင်းပိုင်စစ်ဆင်ရေး သတင်းကိုသက်သေအနေဖြင့် စကန်ဖတ်ပြိးအမှု့ တွေ
    တန်းလန်းဖြစ်နေတဲ့  သစ်13တန်ကိစ။ဟင်္သာတပဲလိမ်လည်မှု့ ကြီး၊လည်တီကွင့် မြို
့ပါတ်လမ်း အထက်လူကြိးတွေနဲ့ ရှယ်ယာလုပ်တဲ့ သူတွေ။မြို့ မိမြို့ ဖတွေရဲ
့သားတွေပါတဲ့  ပိုက်ဆံတွေအများဆုံးပါဝင်တဲ့  တရားခ့ပြေးများဖြစ်သော(
    ကိုအောင်ပိုင်ဖြိုး(ဓမ္ဘီပွဲရုံ)၊ ကိုထွန်းမင်းလတ်(ပဲပွဲရုံ)၊
    ကိုအောင်ကြီး(ချမ်းမြေ့အောင်ပွဲရုံ)၊
    ကိုကျော်စွာရှင်း(လမ်းဖောက်လုပ်ရေး)၊ ကိုဌေးခိုင်လင်း(ကားလုပ်ငန်း)၊
    ကိုသူရစိုး(စိုးသစ္စာပွဲရုံ) တို့ ကိုစဖမ်းကတည်းက၀ှက်ထားပြီ
    ဖမ်းတဲ့ အချိန်မမြင်ချင်ရောင်စောင်နေပြီး ကျန်တဲ့ 2ယောက်နဲ့ အမှု
့မှလုပ်လို့ မရတာကြာရင် မေ့ သွားမယ်ဆိုပြိးစွထြားရာအခုဆို 5
    လလောက်ရှိပါပြီ သို့ အတွက်ကြောင်
့ဥပဒေစိုးမိုးရေးအမှန်အကန်ဖြစ်အောင်သက်ဆိုင်ရာမှအမြန်ဆုံးဆောင်ရွက်ပေးစေလိုပါတယ်။မျတ်ချက်
    ။ ။ရဲမင်းပိုင်စစ်ဆင်ရေးပြီးတော့ ။ရဲမှူးပိုင်စစ်ဆင်ရေး
    တိုင်းအဆင့်လောက်နဲ့ တာ့ မလာပါနဲ့ တော့ အခုလဲမြို့ နာနေပါတယ် နာလဲ့ စနဲ
့နေပြည်တော်မှအမှန်တကယ် ထိထိရောက်ရောက်ဘက်မလိုက်တဲ့ တော်တဲ
့အရာရျိတွေကိုယ်တိုင်လာစစ်မှပေါ်မဲ့ အမှု့ တွေဖြစ်နေပါတယ်
    1. အကိုရေ govrrment man တွေ ပါမှာစိုးလို့ တခြားဟာတွေ အာရုံပြောင်းနေတာပါ…SBက တာဝန်ခံကလဲ ဘု၇ားကြီး ၂ လမ်းက သူ့မယားငယ်အိမ် သွားဖို့ဘစဉ်းစားနေတာလေ ….ဒီ without ကိုသတင်းမတင်တာ ပြည်ထဲရေးဝန်ကြီးကလဲ လက်ခံလား…clean goverment ဆိုတာ ဒါနဲ့ တူတယ် ..ကားအကောင်းစားစီး စတိုင်ဘောင်းဘီဝတ် ဂေါက်ရိုက်…သန့်တယ်ဗျာ
      1. ခုခေတ်ကြီးထဲမှာဒါမျိုးလက်ကျန်တွေတော့ ရှိနေအုန်းမှာပဲ..ချက်ချင်းလက်ငင်းပြောင်းလဲဖို့ ကတော့မလွယ်လောက်သေးဘူး…စိတ်ဓတ်တွေမှာရိုက်သွင်းခံခဲ့ ရတာကြာနေပြီ…ဒါကြောင့် ပြောသင့်တာလဲပြောကြသလို ကိုယ်တွေဘက်ကရောဘယ်လိုအကျိုးသယ်ပိုးနီုင်သလဲဆိုတာစဉ်းစားရမယ်…ဟိုတစ်ချီန်တုန်းကရော ကိုယ်ဟာ ဟုတ်ကဲ့ဆိုတဲ့ အထဲရော အများမိုးခါးရေသောက်တဲ့ထဲရော ပါခဲ့သလားဆိုတာပါစဉ်းစားသင့်တယ်…စိတ်သန့် သန့် နဲ့ ပြောသလားဆိုတာလဲအဓိကကြပါတယ်…..
    2. သေနတ်
      ။လက်ထိပ် အပြင်လူပေးကိုင်ခြင်း ကိစ ကို နေပြည်တော်အရာရှိ ကြီးများကို
      တင်ပြခြင်း
      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  လယ်တီကွင်း ချောင်းဖျား
      လေးတွင်နေထိုင်သော ကိုခင်မောင်မြင့်  သည် ဒိုင်ချုပ်ဟောင်းတစ်ဥိးဖြစ်ပြီး
      ယခုလက်ရှိ တရားမ၀င်လောင်စာဆီရောင်းချနေသော ဒေါ်စု(တရုတ်ကျောင်း
      လမ်း) ကသူနဲ့ မောင်နှ မတော်သည့် အတွက်ကြောင့် မြို့ လယ်ခေါင်း ကြိးတွင်
      တ၇ားမ၀င်ဆီရောင်းချနေခြင်းကို မည်သူမှတားဆီးခြင်း မပြု ရဲပါ ဟင်္သာတခရိုင်
      ဒန မှ ရဲအုပ် မြင့် ခိုင်။ဒုရဲအုပ်ကျော်ကျော် ညွန့်  တို့ ၏
      သတင်းပေး (အင်ဖေါင်မာ) လုပ်ပြိး နေချင်း ညချင်း ချမ်းသာလာပြီးရဲတပ်ဖွဲ
့ဝင်များ ကိုအနိုင်ကျင့် ပြိးသူနဲ့ တည် တဲ့ သူရောင်း မတည့် တဲ့ သူ ၁၅ (က)
      နဲ့ ဖမ်းလယ်တီကွင်းရပ်ကွက်နေ ဇော်မိုး အရက်ဆိုင်ကို ဇမ်း
      တုန်းကလဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ။ရဲအရာရှိများကို
      ပြန်လျွတ်မပေးရင်ခင်ျေားတို့ စားတာတွေကိုတိုင်မယ်ဆိုပြိး
      ဆူပူခြိမ်းခြောက်ဆဲဆိုခဲ့  သည့် အတွက် တရားခံကိုဖမ်းပြီးမှ
      ပြန်လျွတ်ပေးခဲတယ်
      အဲဒီကိစကိုအမှတ်(၁) စခန်းမှူး ဇော်မျိုးနိုင် နှင့်  မြို့ နယ်မှူး
      ဥိးအောင်ကိုကိုတို့ က ခင်မောင်မြင့် ကိုတောင်းပန်ပြိး တစ်နေ့ ကျော်မှ
      အမှု့ ဖွင့် ခဲ့ ရတယ်ထိုအရာ ရှိများတောင်းပန်မှု့ ကိုအခွင်
့ကောင်းယူပြီးအမှတ်(၁) မှ
      အမှတ်(၂) သို့ ပြောင်းပြီးတာဝန်ထမ်းဆောင်နေသော ဒုရဲအုပ် အောင်ရည်သွေး။
      ဟင်္သာတခရိုင်ဒန မှမြောင်းမြ ခရိုင်ဒနသို့ ပြောင်းပြီးတာဝန်ထမ်းဆောင်နေသော
      ဒုရဲအုပ်ကျော်ကျော်ညွန့် ပေါင်းပြီး ၄င်းတို့ ဆီမှ ခြောက်
      လုံးပြူးနှင့်  လက်ထိပ်ငှားပြီး ခါးတွင်ထိုးကာ KTV များ
      ပြည်တန်ဆာခန်းများ အများပြည်သူများရှေ
့သွားလာနေသည်မှာမြန်မာနိုင်ငံရဲချုပ်ကျော်ကျော်နှင့် ဟင်္သာတရဲတပ်ဖွဲ
့တစ်ခုလုံးကိုစော်ကားရာေ၇ာက်ပါတယ်
      ရဲသတင်းတပ်ဖွဲ့ မှ နေလင်းစိုးနဲ
့ပေါင်းပြီးသစ်ကုန်သည်များအားငွေတောင်းခံနေသည်မှယနေ့ တိုင်ဖြစ်ပါတယ်
      သာရဝေါရွာ မှနွားကုန်သည်အဖွဲ့ ကို အမှတ်(၂) ရဲစခန်းမှဒုရဲအုပ်
      ။လက်ပွား။သန်းဌေးတို့ အပါအ၀င် ကျန်(5)ဖွဲ့ ကိုတော့ သူ့ အားငွေကြေးထောက်ပံ
      နေ
      သဖြင့် သတင်းပေးဖမ်းခိုင်းခြင်းမရှိပါရဲတပ်ဖွဲ့ ၏သတင်းများကိုလည်း
      အသံဖမ်း။ဗွီဒီယိုရိုက်ပြိးရိုက်ပြီးအရာရှိကြီးငယ်ပေါင်းစုံနဲ့ 
      ငွေညစ်နေမှု့ ကိုသိလျက်နဲ
့ခံနေရပါတယ်လက်ရှိတာ၉န်ထမ်းဆောင်နေသောရဲမှူးဥိးမြင့်
      ဆွေကိုတော့ မန်းတလေးကအမျိုးသမီးနဲ့ ကိစနဲ့ ချည်ထားသောကြောင်
့ဘာမှမလုပ်နိုင်ပါ ခေါင်းဆေးကျွန်းမျာအမှု့ တစ်ခုသွားဖမ်းတုန်းက
      ဆိုင်တွေကိုလိုက်ဖမ်းတယ်ငွေ 3 သိန်းတောင်းတယ်
      ပေးလျင်ပြန်လျွတ်တယ်မပေးနိုင်ရင်ဖမ်းတယ်ယခုလက်ရျိအရေးယူခံထားရသော
      ဟင်္သာတမြို့  တာငါးဆယ်တောင်ရပ်ကွက် ကြေးကန်ကျောင်းနေ ဒေါ်တင်မာ
      ကြည်ကိုစစ်ရင်သိနိုင်ပြီး လယ်တီကွင်း အုပ်ချုပ်ရေးမှူး
      ကိုကျော်ထူးကိုလည်းစစ်ရင်သိနိုင်ပါတယ်သူနဲ့ ပိုင်သော တာလေးရပ်ကွက်
      သော်တာအေးရပ်ကွက်နေ ဒိုးဒိုး အဖ ဦးကြည်ဝင်းဆိုသူသည် စက်ဘီတစ်စီးနဲ့ 
      ညစ်ညမ်းခွေများ ။ဆင်ဆာမဲ့ ခွေများ။ရောင်းချနေတာကျတော့ အရေးမယူပါဒန
      သတင်းပေးလုပ်ချင်တိုင်လုပ်နေသည့် ကိစကိုနေပြည်တော်ရဲချုပ်ကသိသိကြီးနဲ
့လျွတ်ပေးထားတာလား။ဒုရဲအုပ် အောင်ရည်သွေးသည်
      ရဲတပ်ဖွဲ့ လူကြီးများသတင်းကို လယ်တိကွင်း တွင်တရားမ၀င် ကောင်မလေးတွေနဲ
့ပျော်ပါးအောင်ဖွင့် ထားသော ချမ်းသာ KTV မှာအမြဲတန်းခင်မောင်မြင်
့ကိုသတင်းပေးပြိးခင်မောင်မြင့် မှလည်းအသံသွင်းပြီးလူကြီး
      တွေရဲ့ အားနည်းချက်ကို လူစုတဲ့ နေရာတွေမှာ မဆင်မခြင်ပြောဆိုနေသည်မှာ
      သိက္ခာ ကျပါတဲ့ အတွက်ကြောင့် တင်ပြအပ်ပါတယ်
  5. အပေါ်ကပြောင်းလဲနေသလိုကြားကမပြောင်းလဲဘဲအောက်ဆုံးကပြည်သူကိုဘဲ
    နှိပ်ကွပ်နေတာဟင်္သာတမြို့မှာဆိုအဆိုးဆုံးမို့ပြောနေရတာပါဗျာ။
    1. ဟသ်ာတရဲတပ်ဖွဲ. ခင်မောင်မြင်.ကိုကြောက်နေတာလား ပြည်ထဲရေးက ညွှန်ချုပ်တွေ ဘာလုပ်နေတာဠလဲ
  6. သမ္မတကြီး
    တိုင်းဒေသကြီးဝန်ကြီးချုပ်,ဦးဌေးဦး,ဒေါ်စု ခင်ဗျာ
    အခုတင်ပြနေတာတွေဟာ ဟင်္သာတမှာ အမှန်တကယ်ဖြစ်နေ
    တာတွေပါ။ဒီမိုကရေစီလမ်းကြောင်းကိုရှေ့ရှုသွားနေချိန်မှာ
    ကျွန်တော်တို့ဟင်္သာတကတော့ ဂျပန်ကင်ပေတိုင်ခေတ်ကိုပြန်ရောက်
    နေပါတယ်။မှန်မှန်ကန်ကန်စစ်ဆေးအရေးယူမဲ့သူတွေလွှတ်ပေး
    ပါလို့တောင်းပန်ပါတယ်။ဒေါ်စုအနေနဲ့လည်းတရားဥပဒေစိုးမိုးရေးတာဝန်
    ရှိသူအဖြစ်ဟင်္သာတ NLD ရုံး,လူ့အခွင့်အရေးအဖွဲ့တွေမှတဆင့်
    စုံစမ်းစစ်ဆေးပေးဘို့တင်ပြချင်ပါတယ်။
  7. Win Ko Ning (ဟင်္သာတ) အမှတ်(၁) မှဒုရဲအုပ်တစ်ဦး၏အကူအညီလဲပါပါတယ် says:
    ကျွန်တော့်အနေဖြင့် အကြံ ပြုလိုသည်မှာ အောက်ခြေ၀န် ထမ်းများ၏ အဂတိလိုက်စားခြင်း ကင်းရှင်းစေလိုပါက အထက်အ ဆင့်ဆင့်အရာထမ်းတို့၏ ဗျူရိုက ရက်တစ်ဆန်သော စိတ်ဓာတ် များကို ဦးစွာပြင်ဆင်ရန် လိုအပ် သည်ဟု ထင်မြင်ယူဆမိပါသည်။ အဆင့်ဆင့်သော အရာထမ်း အကြီးအကဲတိ
ု့မှ တက်ကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှု ဟူသော နာယက ဂုဏ်ခြောက် ပါးကို အပြည့်အ၀ လိုက်နာကျင့် သုံးနိုင်ပြီဖြစ်ပါက အောက်ခြေ ၀န်ထမ်းငယ်များ၏ အဂတိလိုက် စားမှုများ ထက်ဝက်ခန့် လျော့ နည်းသွားမည်ဟု ထင်မြင်မိပါ ကြောင်း တင်ပြအပ်ပါသည်။ကျွန်တော်သည် ဦးစီးဌာန တစ်ခု၏ အမှုထမ်းအဖြစ်နှစ်ပေါင်း (၄၀)နီးပါးခန့် တာဝန်ထမ်းဆောင် ခဲ့ပြီး လွန်ခဲ့သည့် (၆)လခန့်မှစ၍ ပင်စင်ခံစားနေသူဖြစ်ပါသည်။ ကျွန်တော်၏ ၀န်ထမ်းတာဝန် ထမ်းဆောင်ခဲ့သောအချိန်အတွင်း (၈၈)ခုနှစ်နောက်ပိုင်း နှစ်များမှ စ၍ အဂတိလိုက်စားမှုများ ဌာန ဆိုင်ရာအဆင့်ဆင့်တို့တွင် ပိုမို လာသည်ကို ကိုယ်တွေ့ကြုံရပါ သည်။ အသေးစားအဂတိလိုက် စားမှုများမှာ အောက်ခြေ၀န်ထမ်း အဆင့်ဆင့်တို့တွင် ကင်းရှင်းသူ နည်းပ
ါးလှပါသည်။ ကျွန်တော် သည် လုပ်ပိုင်ခွင့် အနည်းငယ်ရှိ သောနေရာများတွင် တာဝန်ယူခဲ့ ရသူဖြစ်၍ အဂတိလိုက်စားမှု မကင်းရှင်းခဲ့ပါ။ နိုင်ငံတော်သမ္မတ ကြီး ပြောကြားသည့်အတိုင်း အောက်ခြေအဆင့်ဆင့်တွင်အဂတိ လိုက်စားမှုများ နေရာတိုင်းနီးပါး ရှိနေသေးကြောင်း ပြောကြား သည်မှာ သွေးထွက်အောင်မှန် ကန်လှပါသည်။ သို့သော်အောက် ခြေ၀န်ထမ်း အဆင့်ဆင့်တို့၏ အဂတိလိုက်စားရခြင်းများသည် အကြောင်းအမျိုးမျိုးရှိနိုင်ကြောင်း၊ ကျွန်တော်၏ ဌာနဆိုင်ရာအတွေ့ အကြုံများအရ အနည်းငယ်မျှ ဖောက်သည်ချလိုပါသည်။
    ကျွန်တော်တို့ အောက်ခြေ ၀န်ထမ်းများ တာဝန်ခံရသည့် အဆင့်များမှာ ပထမ မြို့နယ် တာဝန်ခံ (ဒုဦးစီး/ဦးစီးအရာရှိ)၊ ဒုတိယ ခရိုင်တာဝန်ခံ(ဦးစီးအရာ ရှိ/လက်ထောက်ညွှန်မှူး)၊ အဆင့် ဆင့်တာဝန်ခံရပါသည်။
    အထက်တွင် တင်ပြခဲ့သည့် အတိုင်း၊ ကျွန်တော်သည် ဦးစီး ဌာနတစ်ခု၏ လုပ်ပိုင်ခွင့် အနည်း ငယ်ရရှိသူတစ်ဦးဖြစ်၍ အထက် အဆင့်ဆင့် ပုဂ္ဂိုလ်တို့နှင့် ပတ် သက်၍ လိုအပ်ချက်များကို တတ် နိုင်သမျှ ဦးစီးမှူး (ဌာနတာဝန်ခံ) နှင့်တွဲ၍ ဆောင်ရွက်ရသူဖြစ်ပါ သည်။ ကျွန်တော်တို့ နယ်ဘက် ၀န်ထမ်းများတွေ့ကြုံခဲ့ရသော၊ တွေ့ကြုံနေဆဲဖြစ်သော ဖြစ်စဉ် များထဲမှ အကြောင်းအရာတစ်ခု ကို တင်ပြလိုပါသည်။ ကျွန်တော် တို့ဌာနသည် တိုင်းဒေသကြီးတစ် ခု၏ မြို့နယ်ရုံးဆိုင်ရာ မြို့တစ် မြို့တွင်တည်ရှိပါသည်။
    ထိုအဆင့်အကြီးအကဲမှ ဌာနဆိုင်ရာတာဝန်ဖြင့် ရုံးချုပ် (နေပြည်တော်)အစည်းအဝေး သွားလျှင်ဖြစ်စေ၊ ကိုယ်ရေးကိုယ် တာဖြင့် ခရီးသွားလျှင်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်သွားမည့်လမ်းကြောင်း ပေါ်တွင်ရှိသော မြို့နယ်များမှ အသင့် စောင့်ဆိုင်းကြိုဆိုရန် ကြို တင်အကြောင်းကြားထားပြီး ဖြစ် ပါသည်။
    ထိုအဆင့်အကြီးအကဲနှင့် အဖွဲ့သည် တိုင်းရုံး၊ ရုံးစိုက်ရာမြို့ မှ နံနက်(၇)နာရီခန့်တွင် ကိုယ်ပိုင် ကား(သို့)ဌာနပိုင်ကား(သို့)ကားငှား ၍ ထွက်ခွာလာပြီး (ကားငှားလာ လျှင် ကားငှခအား မြို့နယ်များမှ ကျခံရမည်ဖြစ်ပါသည်) နံနက်စာ စားသည့်အချိန်နှင့် အချိန်ကိုက် နီးကပ်သည့်မြို့တွင် ပထမဦးစွာ ၀င်ရောက်၍ (ဌာနဆိုင်ရာ အလုပ် ကိစ်္စအကြောင်းပြလျက်)နားပါ သည်။
    တိုင်းအဆင့်အကြီးအကဲနှင့် အဖွဲ့၏ နံနက်စာကို အဆိုပါမြို့ နယ်မှ မြို့နယ်တာဝန်ခံနှင့် အမှု ထမ်းများက တာဝန်ယူ၍ (အမှု ထမ်းငယ်များ၊ မိမိတို့အိမ်တွင် ကိုယ်တိုင်ဝယ်ယူစားသုံးရန် မတတ် နိုင်သော) နံနက်စာကို ဂါရ၀ ပြု ကြွေးမွေးရပါသည်။ ထိုမြို့နယ်မှ ထွက်ခွာလာပြီး နံနက်(၁၀၊၁၁) နာရီခန့်တွင် ရောက်ရှိမည်။ မြို့ နယ်တွင်း ခေတ်္တ၀င်ရောက်အနား ယူပါသည်။ ၎င်းမြို့မှ ဆေးလိပ်၊ အအေး၊ မုန့်ပဲသွားရေစာ ဒေသ ထွက်အစားအစာတို့ဖြင့် ဖွယ်ရာ စွာ ဧည့်ခံပြုစုကြွေးမွေးရပါသည်။ ထိုမြို့မှ ထွက်ခွာလျှင် ၎င်းတို့အဖွဲ့ စီးနင်းလာသည့်မော်တော်ယာဉ်ကို လည်း ဓာတ်ဆီ(သို့)ဒီဇယ် ဂါလံ (၃)ဂါလံမှ (၅)ဂါလံပုံမှန် ထည့် ပေးလိုက်ရပါသည်။
    ထိုပုဂ္ဂိုလ်ကြီးအဖွဲ့နှင့်ဌာန ဆိုင်ရာကားသည် မွန်းတည့် (၁၂) နာရီ (၁၂း၃၀)ခန့်အချိန်တွင် ရောက်ရှိမည်။ မြို့နယ်မှ အရာရှိ နှင့် အမှုထမ်းများက အသင့်(ရို သေစွာ)ကြိုဆိုရပြီး နေ့လည်စာ မသုံးဆောင်မှီ ကျွန်တော်တို့ အောက်ခြေ၀န်ထမ်းငယ်များတစ် ကြိမ်တခါမျှ မသောက်ဖူးသော မသောက်ရသော မသောက်နိုင် သော (ဘလပ်လေဗယ်၊ ၀ှိုက်လေ ဗယ်)စသော အဖိုးတန်အရက် တစ်မျိုးမျိုးကို ၀န်ထမ်းငယ်များ တစ်ကြိမ်တစ်ခါမျှ ၀ယ်ယူမစား သုံးနိုင်သော အဆင့်မြင့် ဟင်းလျှာ များမှာယူ၍ ဧည့်ခံကျွေးမွေးရပါ သည်။ အကြီးအကဲနှင့် အဖွဲ့သွား ရောက်မည့်လမ်းကြောင်းပေါ်ရှိ မြို့နယ်များမှ အချိန်နှင့်လိုက် လျောညီစွာ သင့်တော်ရာတို့ဖြင့် ဧည့်ခံကြွေးမွေးခြင်း၊ မော်တော် ယာဉ်ဆီဖြည့်ပေးခြင်းအစရှိသဖြင့် လိုအပ်သည်များလုပ်ကိုင် ဆောင် ရွက်ရပါသည်။
    အကြီးအကဲပုဂ္ဂိုလ်ကြီး၏ အပြန်ခရီးတွင်လည်း အသွား လမ်းကြောင်းအတိုင်း မြို့နယ်များ မှ တာဝန်ယူဆောင်ရွက်ခြင်း သာမက၊ မိမိတို့မြို့နယ်မှ ထွက်ရှိ သော ဒေသထွက်ကုန် ဥပမာ (ငါးရံ့ခြောက်၊ ၀က်အူချောင်း၊ နှမ်းဦးဆီ၊ မြေပဲဆီသန့်ပေါ်ဆန်း မွှေးဆန်)အစရှိသည်တို့ကို ဂါရ၀ ဖြင့်မော်တော်ယာဉ်ပေါ်အရောက် တင်ပို့ပေးရပါသည်။ ထိုကဲ့သို့ သော ခရီးစဉ်များမှာ တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ်သို့မဟုတ်နှစ်လ လျှင် နှစ်ကြိမ်သုံးကြိမ်လည်းဖြစ် တတ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီး၏ ဇနီးခရီးစဉ်။ သားခရီးစဉ်တို့ရှိပါ သည်။ ၎င်းင်းတို့ကိုလည်း ကြိုဆို ဧည့်ခံထမင်းကြွေး၊ ဆီထည့်အစ ရှိသည့် တာဝန်များကိုလည်း အပိုဆုအဖြစ် တာဝန်ထမ်းဆောင် ရပါသည်။
    တိုင်းအဆင့်အကြီးအကဲ သာမက၊ ဒု/တိုင်းအဆင့် ခရီး လမ်းကြောင်းကိုလည်း အထက် ပါအတိုင်း ဆောင်ရွက်ရပါသည်။ ခရိုင်အဆင့်ပုဂ်္ဂိုလ်၏ ခရိုင်တွင်း ခရီးစဉ်တွင်လည်း အထက်ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရ သည်သာဖြစ်ပါသည်။ တစ်နှစ် လျှင် တစ်ကြိမ်နှစ်ကြိမ်ခန့် အထက်အဆင့်မှပုဂ္ဂိုလ်ကြီးများ လုပ်ငန်းကိစ္စများဖြင့် လာရောက် လျှင်လည်း အထက်ပါနည်းလမ်း အတိုင်း ဆောင်ရွက်ရသည့်အပြင် တိုင်းအစီအစဉ်ဖြင့် မြို့နယ်ခွဲတမ်း သတ်မှတ်နှုန်းထားများ ထည့်ဝင် ဂါရ၀ ပြုကြရပါသည်။ ထို့ကြောင့် လစဉ်မြို့နယ်များ၌ လကုန်ရက် တွင် လပတ်အစည်းအဝေးလုပ် ကိုင်၊ တစ်လကုန်ကျစရိတ် ပြုစု ပြီး မြို့နယ်တာဝန်ခံမှ သင့်တင် စွာကုန်ကျခံပြီး ကျန်လိုငွေကို ၀န် ထမ်းများမှ စုပေါင်းကျခံရပါ သည်။ မြို့နယ်တာဝန်ခံမှာ လစာ များပြီး အရပ်ရပ်ဝင်ငွေပိုသဖြင့် မထောင်းသာသော်လည်း အောက် ခြေ၀န်ထမ်းများမှာ ကျန်ရှိသော လစာဖြင့် မလောက်ငနိုင်တော့ ပါ။ ထိုလိုအပ်ချက်အား အောက် ခြေ၀န်ထမ်းများမှ အဂတိလိုက် စားခြင်းဖြင့် ဖြေရှင်းကြပါသည်။
    နိုင်ငံ့တာဝန်ထမ်းဆောင်သူ အချင်းချင်း အထက်အဆင့်ဆင့် ပုဂ်္ဂိုလ်တို့အား ထိုကဲ့သို့ပြုမူဆက် ဆံရန်မလိုအပ်ဟု စောဒကတတ် လိုပါက တတ်နိုင်သော်လည်း ထိုသို့ မလုပ်ဆောင်ပါက ထိုမြို့ မှ မြို့နယ်တာဝန်ခံနှင့် အမှုထမ်း များအဖို့ စာရင်းဇယားဖြင့်လည်း ကောင်း၊ မနိုင်ဝန်ထမ်းခိုင်းခြင်း ဖြင့်လည်းကောင်း၊ အစည်းအဝေး များတွင် ပြင်းထန်စွာ ဆဲဆိုကြိမ်း မောင်း၊ မာန်မဲခြင်းဖြင့်လည်း ကောင်း၊ ပြောင်းမည်၊ ဖြုတ်မည် ရာထူးချမည်ဟူသော ခြိမ်းခြောက် အရေးယူမှုများ ကြုံတွေ့ရမည် ဖြစ်ပါသည်။
    အထက်ပါအကြောင်းအရာ တို့မှာ အောက်ခြေ၀န်ထမ်း အ ဆင့်ဆင့်တို့၏ ဌာနတွင်းဘ၀၌ ကြုံတွေ့ရသည့် ဖြစ်စဉ်များထဲမှ အကြောင်းအရာတစ်ခုမျှသာဖြစ် ပါသည်။ ထို့ထက် မကသော အကြောင်းများစွာရှိပါသည်။ သို့ ရာတွင် ဌာနဆိုင်ရာတိုင်း ထိုဖြစ် စဉ်မျိုးရှိချင်မှရှိမည်ဖြစ်သော်လည်း ဌာနအများစု၌ အထက်ပါ ဒုက္ခ မျိုး၊ တစ်မျိုးမဟုတ်တစ်မျိုးရှိသည် သာဖြစ်ပါသည်။
    ကျွန်တော့်အနေဖြင့် အကြံ ပြုလိုသည်မှာ အောက်ခြေ၀န် ထမ်းများ၏ အဂတိလိုက်စားခြင်း ကင်းရှင်းစေလိုပါက အထက်အ ဆင့်ဆင့်အရာထမ်းတို့၏ ဗျူရိုက ရက်တစ်ဆန်သော စိတ်ဓာတ် များကို ဦးစွာပြင်ဆင်ရန် လိုအပ် သည်ဟု ထင်မြင်ယူဆမိပါသည်။ အဆင့်ဆင့်သော အရာထမ်း အကြီးအကဲတို့မှ တက်ကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှု ဟူသော နာယက ဂုဏ်ခြောက် ပါးကို အပြည့်အ၀ လိုက်နာကျင့် သုံးနိုင်ပြီဖြစ်ပါက အောက်ခြေ ၀န်ထမ်းငယ်များ၏ အဂတိလိုက် စားမှုများ ထက်ဝက်ခန့် လျော့ နည်းသွားမည်ဟု ထင်မြင်မိပါ ကြောင်း တင်ပြအပ်ပါသည်။
    1. ဘော်လီဘောပုတ်မနေပါနဲ့ဗျာ။ခင်ဗျားလဲလုပ်ပိုင်ခွင့်ရှိတုန်းက
      အဲဒီအပေါ်ကကိစ္စတွေအတွက်တင်မကဘဲကိုယ်ကျိုးအတွက်
      ကော ရောပြီးမရှာခဲ့ဘူးလား။ပင်စင်ယူမှ ဘုန်းကြီးလေသံနဲ့
      လာပြောမနေနဲ့။ခင်ဗျားအခုစားနေတဲ့ထမင်းတောင်သမာအာဇီဝ
      ဖြစ်သေးရဲ့လား။ဝန်ထမ်းဘဝကမသထာရေစာတွေကုန်ပြီလား
      ဆိုတာပြန်ဆန်းစစ်အုးံ။
  8. သတင်းတွေဟိုပြောဒီပြောပြောနေကြတဲ့ကြားထဲ လှိုင်သာယာမှာဖမ်းမိတဲ့ သစ်ကားကိစ္စကိုတော့ဘာလို့ချန်လှပ်ထားလဲမသိဘူးနော်။ ထ/၄၂၂ ကားနဲ့လှိုင်သာယာအဝေးပြေးရှေ့မှာဖမ်းခံခဲု့ရပြီး၊သောင်ကြီးစခန်းမှာအမှုဖွင့်အရေးယူနေတယ်။
    ပိုင်ရှင်များဖြစ်ကြတဲ့ ဟင်္သာတမှသန့်ဇင်ဦးနှင့်ကြံခင်းမြို့နယ်ရှားဖိုကျေးရွာမှကိုဝင်းနိုင်တို့ ကတော့ကားမောင်းသမားနှင့်စပယ်ယာတို့ကိုလိုက်လံဖြေရှင်းပေးခြင်းမရှိပေးပဲ ရှောင်နေသူဖြစ်ပါတယ်
    ကျွန်းတံခါး၊သစ် ၄တန်ခွဲ ဖမ်းဆီးခဲ့သောသောင်ကြီးစခန်းမှုးဦးကျော်ဇေယျနှင့်တာဝန်မှုးကလည်းလာဒ်စားပြီး ပိုင်ရှင်များကိုရှောင်ခိုင်းပြီးအမှုမှလွတ်မြောက်အောင်လုပ်ဆောင်ပေးနေပါတယ်။ထိုပိုင်ရှင်များကိုထိရောင်စွာအရေးယူပေးဖို့အတွက်နိုင်ငံတော်သမ္မတကြီးကိုတင်ပြအပ်ပါတယ်။
Comments are closed.