မိုးမခကို ပေးတဲ့စာ

ကျနော် မြ၀တီသား ရှက်မိပါတယ် (မိုးမခပေးစာ)

မြ၀တီသား
သြဂုတ် ၂၅၊ ၂၀၁၂

ကျွန်တော်တို့နေထိုင်ရာ ကရင်ပြည်နယ်ရဲ့ ခရိုင်မြို့တော်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့သည် ထိုင်း-မြန်မာစီးပွားရေး အ ချက်အခြာကျသော မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက် အာရှာလမ်းမကြီးနှင့်ဆက်စပ်ပြီးဖောက်လုပ်ထားသော အာရှ လမ်းကြီးသည် လည်း မြ၀တီ – ကောကရိတ် – ဘားအံမှ ရန်ကုန် – နေပြည်တော်သို့ ခရီးလမ်းပေါက်သော လမ်းမကြီးဖြစ်ပါသည်။ ချစ်ကြည်ရေးတံတားမှဝင် ရောက်လာသည်နှင့် မြန်မာနိုင်ငံရောက်ပြီဆိုသည့်အချက်ကို မြ၀တီဘက်တံတားဆင်းသည်နှင့် လမ်းမပေါ်က လကမ္ဘာကဲ့သို့သော တွင်း များ၊ ခွက်များက ကြိုဆိုလိုက်သဖြင့် အတတ်သိရတော့သည်။ ဒါက အာရှလမ်းကြီးပင်ဖြစ်တော့သည်။ မိုးတစ်ဖွဲဖွဲ ရွာလိုက်ပြီဆိုလျှင်တော့ ရေများဖြင့် ပိုပြီး သွားလာရခက်တော့သည်ပင်။ မြ၀တီမြို့ပေါ်ရပ်ကွက်များမှလမ်းများသည် ကားမပြောနှင့် မော်တော်ဆိုင်ကယ်ပင် သွားမရ တော့ပေ။ အာရှလမ်း ဘုရင်နောင်ဈေးကြီးမှ မြို့ထွက်ဘက်ကိုဆင်းသောနေရာတွင် ကားပင်မောင်မရလောက်အောင် ဆိုးဝါးနေသော ကားလမ်းကြီးမှာ ကျွန်တော်သိရသလောက်တော့ နှစ်ချီကြာမြင့်နေပေပြီ။ယခုအထိ အကြီးစားပြင်ဆင်မှုများ လုံးဝမလုပ်ပေ။ တစ်လ တစ်ကြိမ် ကျောက်ခဲများလာထည့်သွားသည်မှအပ ဘာမှမလုပ်ပါ။ ထိုင်းဘက် ကမ်းနဖူးမှ မဲဆောက်အထိ အာရှာလမ်းမကြီးဆိုသည်မှ မြင်ဖူးမှသိမည်သာဖြစ်သည် ကားပေါ်မှာတင်ထားသည့် ကော်ဖီခွက်မှာ တစ်စက်ပင် မှောက်ကျဖို့မရှိပေ။

ကျွန်တော် မြ၀တီသား ရှက်မိပါတယ်။ စည်ပင်ကတော့ ထိုင်းက မနေနိုင်ဘဲလာပြင်ပေးတာကို စောင့်နေသည်ဟုတော့ ထင်မိပါသည်။ သို့ သော် ဘယ်အချိန်လာပြင်မည်ကိုတော့ မသိရ။ မြ၀တီစည်ပင်က ကောက်သည့်အခွန်ကတော့ အချိန်တန် ရောက်လာသည်ပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ကြီးနှင့်တကွ အစိုးရ၀န်ကြီးများသိရှိစေရန်နှင့် ကျွန်တော်တို့ မြ၀တီလမ်းတွေကောင်းလာစေဖို့ ကျွန်တော် ဒီစာလေးကို ရေးလိုက်ရပါတယ်။

ကျွန်တော်တို့မြ၀တီက မဲဆောက်နဲ့နီးပေမယ့် အစစအရာရာ အရမ်းကိုကွာနေပါသေးတယ်။ ရေ-မီး-အင်တာနက်ကအစပါ။ လမ်းလေး တွေကောင်းလာရင်တော့ ကျွန်တော်မြ၀တီသား အရမ်းကိုဝမ်းသာပါပြီ။ သေပျော်ပြီလို့တောင်ပြောရပါမည်။

လမ်းများကို ကောင်းစေချင်တဲ့
မြ၀တီသား


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကျနော် မြ၀တီသား ရှက်မိပါတယ် (မိုးမခပေးစာ)
  1. မြ၀တီသားရဲ့ရေးသားချက်ကလိုနေပါသေးတယ်။ကားဆိုင်ကယ်မပြောနဲ့အခုဆိုလူတောင်သွားဘို့ခက်နေပြီ။ဂိတ်တွေကငွေကျတော.အတင်းတောင်းပြီးလမ်းကျတော.——

  2. ထိုင်းလောက်ကို တို့ အစိုးရက မမှန်းဘူးနော်….
ှsingapore လို လုပ်ပစ်မှာ….သီးခံပြီးစောင့် ကြပါ အသင်ချေလောက်….

  3. ကောင်းကောင်း
    မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့လမ်းတွေကို မြေထိုးစက်နဲ့ကော်ပြီး ပြန်ခင်းမှပဲ ကောင်းပါတော့မယ်……….ဆောက်လုပ်ရေးကအင်ဂျင်နီယာတွေက စားလိုက်……စည်ပင်က အင်ဂျင်နီယာတွေက စားလိုက်နဲ့…….သူတို့ဗိုက်ထဲမှာ ….ကျောက်စရစ်တွေ…ကတ္တရာတွေပဲရှိမယ်ထင်တယ်ဗျာ……..

Comments are closed.