ဓာတ်ပုံသတင်း

ဝစ္စကန်ဆင်ပြည်၊ မီဝါကီမြို့၊ ပညာရာမကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲ စည်ကား

ဝစ္စကန်ဆင်ပြည်နယ်၊ မီဝါကီမြို့၊ ပညာရာမကျောင်းတိုက်မှာ သြဂုတ် ၁၉ က ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။

မြန်မာ၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားအပေါင်းတို့ကို ဆရာတော် ဦးဇာဂရ (စာရေးဆရာ ကံထွန်းသစ်) က …

‘သူချည်းသော်လည်း ဘယ်မပြီး။

ငါချည်းသော်လည်း ဘယ်မပြီး။

မင်းချည်းသော်လည်း ဘယ်မပြီး။

မင်း သူ ငါ  အကုန်ပါမှ

အရာ ရာ ပြီး …’

ဆိုတဲ့ ပေါင်းစည်းခြင်းအလှဓမ္မများကို ဟောကြားခဲ့ပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts