ဟင်္သာတပြည်သူတဦး၊ သြဂုတ် ၂၄၊ ၂၀၁၂
ဧရာဝတီတိုင်း ဟင်္သာတမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဘုရားကြီး(၂)လမ်းနေ ဦးစီတုံး(ခ) ဦးလှမိုး(ပဲကုန်သည်) မှ ဟင်္သာတမြို့ပေါ်ရှိ ဒေါ်ကေသီမြ (သိန်းပွဲရုံ) နှင့် ဦးထွန်းလွင် (အောင်ပြည့်ဖြိုးပွဲရုံ) အပါအဝင် လုပ်ငန်းရှင် ၁ဝ ဦးကျော်ထံမှ ၄င်း(ဦးစီတုံး) ပေးရန်ရှိသော မတ်ပဲဖိုးငွေ ကျပ်သိန်းပေါင်း ၂ဝဝဝ ကျော်အား အပြည့်အဝပေးချေခြင်းမပြုဘဲ အချို့(ဦးစီတုံးထံမှပိုက်ဆံရရန်ရှိသူ) အား ပေးရန်ငွေပမာဏ၏ ၃၅% နှင့် အချို့အား ၄ဝ% သာပေးချေပြီး ကျန်ငွေများအား လုံးဝမပေးနိုင်တော့ကြောင်း ပြောဆိုပြီး လိမ်လည်မှုကြီး တစ်ခု ဟင်္သာတမြို့တွင် ဖြစ်ပွားလျှက်ရှိပါသည်။
ထိုအမှုကိစ္စကို ရရန်ရှိသော ကာယကံရှင်များ၏ မကျေနပ်မှုများကို အတင်းအဓ္ဓမ ကျေအေးပေးရန် ဖြေရှင်းနေကြပါသည်။ ထိုကိစ္စကို ကျေအေးပေးရန် အတင်းအဓ္ဓမ ဖြေရှင်းညှိနှိုင်းနေကြသူများမှာ
- ဦးစိုးမြင့် (ဟင်္သာတကုန်စည်ဒိုင် ဥက္ကဌ)
- ဦးဇော်ဝင်း(ဓမ္ဘီပွဲရုံ)
- ဦးလှိုင်တင့်ဇော် (ခ) ဦးအငယ်လေး (ကျားဆီစက်) တို့ဖြစ်ပါသည်။
ထို ၃ ဦးသည် ဦးစီတုံးနှင့်အတူ နောက်ကွယ်မှနေပြီး ယခု ပဲအမှု (ပဲကိစ္စ) တွင် အကျိုးတူ အစုရှယ်ယာပါဝင်ထားသည်ဟု သိရှိရပါသည်။ ယခှအမှုကို ကျူးလွန်သူ ဦးစီတုံး(ခ) ဦးလှမိုး မှာ ယခင်ကလဲ ယခုကဲ့သို့ ပဲဖိုးငွေများကို မရှင်းလင်းပဲ ၂ ကြိမ် တိုင်တိုင်ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးပါသည်။ ယခု တစ်ကြိမ် ဟင်္သာတ ကုန်စည်ဒိုင်သို့ ပြန်လည်ဝင်ရောက်ပြီး ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်သော အခါ ဟင်္သာတကုန်စည်ဒိုင် အသင်းသားများမှ ထွက်ပြေးဖူးသောသူအား အရောင်းအဝယ် မပြုလုပ်ရန် ပြောဆိုခဲ့ကြပါသည်။
သို့သော် ဓမ္ဘီပွဲရုံ ပိုင်ရှင် ဦးဇော်ဝင်းမှ ဦးစီတုံး(ခ) ဦးလှမိုးနှင့် အရောင်းအဝယ် လုပ်သူများအားလုံးအား ၄င်း(ဦးစီတုံး) ပြုလုပ်သည့် အရောင်းအဝယ် ကိစ္စများအားလုံးကို မိမိ(ဦးဇော်ဝင်း) ကိုယ်တိုင် တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်း လွန်ခဲ့သော ၂ နှစ်ခန့် ကတည်းက ဟင်္သာတကုန်စည်ဒိုင် အသင်းသားအားလုံးရှေ့တွင် ရဲရဲဝံ့ဝံ့ အာမခံထားခဲ့ပါသည်။
ယခုအခါ ပြသနာပေါ်ပေါက်လာချိန်တွင် ဦးဇော်ဝင်းနှင့် အပေါင်းအပါ (၃)ဦးမှ တာဝန်ယူဖြေရှင်းခြင်းမပြုဘဲ ယခု ၄င်းတို့ပေးသည့်ငွေပမာဏကို ကြိုက်လျှင်ယူ ၊ မကြိုက်လျှင် ကြိုက်တဲ့နေရာကို တိုင်ပါဟု ဦးဇော်ဝင်း(ဓမ္ဘီပွဲရုံ) ၊ ဦးလှိုင်တင့်ဇော်(ခ) ဦးအငယ်လေး(ကျားဆီစက်) နှင့် ဦးစိုးမြင့်(ဟင်္သာတကုန်စည်ဒိုင် ဥက္ကဌ) တို့မှမတ်ပဲဖိုးငွေ ရရန်ရှိသူများကို ဦးဇော်ဝင်း(ဓမ္ဘီပွဲရုံ) ၏ နေအိမ်တွင် ခေါ်ပြီး ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။
ထို့ကြောင့်ရရန်ရှိသူများမှ ဦးစီတုံး၊ ဦးဇော်ဝင်း၊ ဦးလှိုင်တင့်ဇော် နှင့် ဦးစိုးမြင့် တို့အား လုံးဝမကျေနပ်ကြပါကြောင်း ဟင်္သာတမြို့မှ တာဝန်ရှိသူများမှ ထိုအမှုကို ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်။
ယခုကဲ့သို့ ဧရာဝတီတိုင်း ဟင်္သာတမြို့ပဲအရောင်းအဝယ် လောကတွင် ဖြစ်ပေါ်နေသော လိမ်လည်မှုများကို ထိရောက်စွာ အရေးယူပေးပါရန် ဧရာဝတီတိုင်းသားဖြစ်သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဟင်္သာတခရိုင်သားဖြစ်သော ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် တို့ကို ဟင်္သာတမြို့ ၏ တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ရိုသေလေးစားစွာ တိုင်ကြားအပ်ပါသည်။
ယခုအကြောင်းအရာမှာ အမှန်အကန်ဖြစ်ပါသည်။ အသေးစိတ်အချက် အလက်များကို ဟင်္သာတမြို့ ၏ တာဝန်ရှိသူများထံတွင် စုံစမ်းနိုင်ပါသည်။
ဟင်္သာတမြို့မှ တာဝန်သိပြည်သူတစ်ဦး
ဦးဇော်ဝင်း(ဓမ္ဘီပွဲရုံ) ဆိုသူကလဲဘာထူးလဲ ပဲ တွေဈေးကျရင် ဒီလောက်ဒီလောက်ဘဲယူ ကျန်တာမပေးနိုင်ဘူး ကြိုက်တဲ့ နေ
ရာတိုင် ဆိုပြီးဒါနဲ့ ဘဲတက်လာတာ တိုင်အဆှု့် ကတော့ အိတ်ထဲထည့် ထားတာ သူသမက် အိမ်ဖဲဝိုင်းမိတာတောင် အခုထိ
ဟင်္သာတရဲမင်းအဆင့် ကတောင်အရေးမယူ နိုင်ခြင်းကိုကြည့် ပါလား
စီတုန်း ကနှစ်လုံး သုံးလုံးဒိုင်ချုပ်လေ ခုပဲပွဲစားဖြစ်နေတယ်ပြောတာဒီထဲပါမှ သိရတယ် ခဏခဏလိမ်တယ်ပြေးတယ်ကွာ
သူများပိုက်ဆံနဲ့ ကားဝယ်စီးတာလေ ဒါနဲ့ သူကရန်ကုန်လာတုန်းက သူဟာလို့ ပြောနေတယ်
ဦးစီတုန်းကတော့လိမ်ပေါင်းတွေထပ်နေပါပြီဗျာ။လောင်းကစားဒိုင်လဲလုပ်ပါသေးတယ်။
ဦးဇော်ဝင်း(ဓမ္ဘပွဲရုံ)ကတော့ငွေရှိရင်ဘာမဆိုပြီးတယ်ဆိုတဲ့ဟင်္သာတကနံမည်ကြီးတဦးပေါ့။
လယ်တီကွင်းအနောက်စုဖဲဝိုင်းမိတာအိမ်ရှင်ကသူ့သားမက်ပေါ့။ငွေနဲ့အုပ်ထားလို့အင်တာနက်
မှာတိုင်တော့မှ(၅)လကြာမှအမှုဖွင့်တာလေ။ဖဲဝိုင်းမှာသူ့သားအောင်ပိုင်လဲပါတာအခုထိတော့
အရေးယူတယ်မကြားသေးဘူး။မကြာသေးခင်တုန်းကလဲအောင်ပိုင်နဲ့အပေါင်းပါတွေချောင်းသာ
ဟိုတယ်တခုမှာအရက်မူးပြီးပစ္စည်းတွေဖျက်ဆီးလို့ရဲစခန်းကလာတော့စခန်းမှုးကိုလက်သီးနဲ့
ထိုးတာငွေနဲ့ရှင်းလိုက်တော့လဲပြီးသွားတာပါဘဲ။ဦးလှိုင်တင့်ဇော်(ခေါ်)အငယ်လေးကတော့
ရွှေဝါကုမ္မဏီဗန်းပြပြီးလောင်စာဆီအကြီးအကျယ်မှောင်ခိုရောင်းချနေသူပါ။
မြို့လယ်ခေါင်သူ့ရဲ့အိမ်ထဲမှာဆီလှောင်ကန်ကြီးတွေနဲ့ကိုသိုလှောင်ရောင်းချနေ
တာပါ။မြို့လယ်ခေါင်မှာတခြားအကြီးအကျယ်ရောင်းချနေတဲ့လောင်စာဆီမှောင်ခို
ဆိုင်တွေရှိပါသေးတယ်။တရုတ်ကျောင်းလမ်းထိပ်ကဒေါ်စုဆီဆိုင်,ဆည်မြောင်းဂုံးဆင်း
ကရှမ်ကူးမားဆီဆိုင်,သန်းသန်းစိုးဆီဆိုင်များဟာအတွင်းထဲမှာလှောင်ကန်တွေနဲ့
ကိုသိုလှောင်ရောင်းချနေကြတာပါ။မြို့သူ/သားတွေကတော့တနွေရောက်တိုင်းရင်တထိတ်ထိတ်
နဲ့ဘယ်အချိန်မီးအန္တရယ်ဖြစ်မလဲစိုးရိမ်စိတ်တွေနဲ့ဖြတ်သန်းနေရတာပါ။တာဝန်
ရှိသူတွေအနေနဲ့မိမိရဲ့အိုးအိမ်စည်းစိမ်နဲ့ကိုယ်ချင်းစာပြီးတရားမ၀င်လောင်စာဆီ
ဆိုင်ကြီးများကိုမြို့ပြင်ထုတ်ပေးကြဘို့မေတ္တာရပ်ခံအပ်ပါတယ်။