ကြော်ငြာကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် နှင့် LA ရောက် မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ၀င်ကြေးအခမဲ့ ဖြစ်ကြောင်း ကြေညာခြင်း

ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ၀င်ကြေးအခမဲ့ ဖြစ်ကြောင်း ကြေညာခြင်း
အခမ်းအနားဖြစ်မြောက်ရေးကော်မီတီ (Los Angeles)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်ရာတွင် ဒေသခံ မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။
ထိုပွဲမှာ ၀င်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်များကို ပွဲစီစဉ်သူများထံသော်၎င်း၊ မိမိတို့ နီးစပ်ရာ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် သော်၎င်း ကြိုတင် မှာကြားထားနိုင်ပါသည်။
ပွဲအစ အဆုံး မြန်မာ ဘာသာ ဖြင့်သာ ပြောကြားပါမည်။ အင်္ဂလိပ် ဘာသာ မပြောပါ။ မြန်မာလို နားမလည်သူများ ကြိုတင် သိစေရန် အသိပေးအပ်ပါသည်။
စိတ်ဝင်စားသူ အားလုံးကို ကျေးဇူးတင်ရှိလျက် – 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts