ဓာတ်ပုံသတင်း ရေခြားမြေခြား မြန်မာများ

နယူးဇီလန် ဟယ်မင်တန်ရောက် မြန်မာမိသားစုများ၏ ပထမဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲ

 ခင်လွန်း၊ သြဂုတ် ၁၉ ၊ ၂၀၁၂

နယူးဇီလန်နိုင်ငံ ဟယ်မင်တန်မြို့ရောက် မြန်မာမိသားစုများ စုပေါင်း၍ ၀ါတွင်းကာလ ကောင်းမှုကုသိုလ်ပြုခြင်းနှင့် မိမိတို့၏ ဘာသာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကိုစောင့်ထိန်းသောအားဖြင့် ဘုရားအနေကဇာတင်ပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့ (၁၈.၈.၂၀၁၂) နံနက်ပိုင်းက ဟယ်မင်တန်ုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။

အဆိုပါ ကောင်းမှုကုသိုလ်ပြုပွဲသို့ အော်ကလန်မြို့ နယူးလင်းရပ် ရတနာဒီပ မြန်မာဘုန်းတော်ကြီး ကျောင်းတိုက်မှ ဆရာတော်အရှင် သုမနသိရီ အမှူးပြုသည့် ဆရာတော်အရှင်သူမြတ် (၄)ပါးတို့က ကြွရောက်ချီးမြှင့်ခဲ့ကြကာ အလှူရှင်များ၏ကုသိုလ်ကောင်းမှုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ ဟယ်မင်တန်မြို့ရောက် မြန်မာမိသားစုများ၊ နယူးဇီလန်နိုင်ငံသား ဗုဒ္ဒဘာဝင်များ၊ ဗုဒ္ဓဘာသာနှင့်မြန်မာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို စိတ်ပါဝင်စားကြသူ နယူးဇီလန်နိုင်ငံသားများနှင့် အော်ကလန်မြို့မှ မြန်မာမိသားစုများ စုစုပေါင်း လူဦးရေ ၁၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယခုအခါ နယူးဇီလန် ဟယ်မင်တန်မြို့တွင် မြန်မာဦးရေ ၁၀၀ ကျော်ခန့်ရောက်ရှိနေထိုင်ကြသော်လည်း မြန်မာဘုန်းတော်ကြီးကျောင်းမရှိသေးသည့်အတွက် ဆရာတော်အရှင်သူမြတ်များက ဘာသာနှင့် ယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးအတွက် ဘာသာယဉ်ကျေးမှုသင်တန်းများ စီစဉ်ပေးသွားမည်ဟု မိန့်ကြားသွားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts