ကဗျာ

ဒိုင်နိုဆော (Khin Aung Aye)


ခင်အောင်အေး၊ သြဂုတ် ၁၃၊ ၂၀၁၂

ငါက

ငါ့ကိုယ်ငါ ပြောလိုက်တယ်

သွေးမဆူစမ်းနဲ့ကွာ

ငါက

ငါ့ကိုယ်ငါ ရယ်မောလိုက်တယ်

မင်းကိုယ်ချင်းမစာနာတတ်ဖူးလား

ငါက

ငါ့ကိုယ်ငါ ထပ်ပြောတယ်

မင်းထက်သိလို့ ပြောနေတာကွ

ငါက

ငါ့ကိုယ်ငါ ရွံရှာစိတ်နဲ့

ငါ့ထက်သိနေလို့ကို မင်းပြောတာနားမယောင်ချင်တာ

ငါက င့ါကိုယ်ငါ

အပျော့ဆွဲ ဆွဲကြည့်တယ်

ဒီလို လုပ်ပါလား..

ငါက ငါ့ကိုယ်ငါ (မျက်ခုံးတွန့်ရင်း)

မင်းပါးစပ်ပိတ်ထားရင် ကောင်းလိမ့်မယ်

ငါက ငါ့ကိုယ်ငါ မရှင်းမရှင်းစိတ်နဲ့

မင်း သိစိတ်ကို ငါ သိနေတယ်

ငါက

ငါ့ကိုယ်ငါ မျက်ထောင့်နီနဲ့ကြည့်ပြီး

နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်ထားလိုက်တယ်

ငါက

ငါ့ကိုယ်ငါ စိုက်ကြည့်ပြီး သမ်းဝေ လိုက်တယ်

ငါက

ငါ့ကိုယ်ငါ နံမယ်ပေးလိုက်တယ်

“ဒိုင်နိုဆော..။     ။

၁၁၊ သြဂတ်စ်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၀း၁၅ နာရီ

 [Image Source: The Field Museum]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts