မိုးမခကို ပေးတဲ့စာ

ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် …

ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် ဦးဗိုလ်ထွန်းကဲ့သို့ မူလမြေပိုင်ရှင်ကိုသာ ပေးစေလိုပါတယ်

ခိုင်အောင်ကျော် ( နယူးယောက် ) ၊ သြဂုတ် ၁၃၊ ၂၀၁၂

            ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို ဘင်ဂါလီတွေက မီးရို့ တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့  ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရှို့သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို လိမ်ညာလို့မရတဲ့အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင် ဘယ်လိုလာဘ်စားတဲ့လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ်။

 စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီလ-၅-ရက်နေ့ကလဲပဲ အခုလို ကုလား-ရခိုင် အဓိကရုဏ်းကြောင့် ပထမတကြိမ် မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို – နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။

၂၀၀၁-ခုနှစ် မတ်လ-၂-ရက်နေ့ မှာတော့ မီးလောင်ခံရတဲ့  ရခိုင်လူမျိုးတွေနဲ့  ကုလားလူမျိုး ( မှတ်ချက်- အခုအချိန်လို သမိုင်းလိမ် ရိုဟင်ဂျာ နာမည်တွေနဲ့  ရေဒီယိုတွေ -မီဒီယာတွေ -ပြည်တွင်းပြည်ပတွေက မပြောဆိုခဲ့ ကြပါ ) တွေကို ခေါ်ယူပြီး မြေနေရာချထားပေးပါတယ် ။ လူတဦးကို ပေ -၂၀-၅၀ စီ အကွက်ချ ပေးတော့ တချို့ဘင်္ဂလီတွေက လာဘ်စားတဲ့ တာဝန်ရှိသူတွေနဲ့  ပေါင်းပြီး  အချောင်မြေကွက်တွေ ရသွားကြပြန်ပါတယ် ။  

ယခုအရေးအခင်း လှုံ့ ဆော် အဓိကဖန်တီးသူအဖြစ် (စွပ်စွဲခံထားရတဲ့) နွားသတ်သမား ဦးခင်မောင်လှရဲ့  ဖခင်ဖြစ်သူ ဦးလှကျော်ဟာလဲဘဲ မြေကွက်တွေကို ရရှိသွားပါသေးတယ် ။ ဦးဗိုလ်ထွန်းရဲ့  ( ဒသမ ရ၆ ) ဧက ဘိုးဘွားပိုင်မြေဂရမ်နဲ့  မြေပိုင်ရှင်အဖြစ် မြေစာရင်းဦးစီးဋ္ဌာနမှာ အမည်ပေါက်သူအဖြစ် ရှိနေတော့ အခုလို မီးလောင်မြေပြင်အတွက် ( ၂၀ – ၅၀ ) အကွက်ချပေးမယ်ဆိုပြီး အကွက်ရိုက်တဲ့ အခါ  မြေအကွက်ပေါင်း ( ၃၀ ) အကွက်ပေးကြရမှာဖြစ်ပါတယ် ။

 ဒါပေမဲ့  အံ့သြစရာအကောင်းဆုံး မြေနေရာအကွက်ချပေးသူတွေက ဦးဗိုလ်ထွန်းကို မြေ ( ၂၀-၅၀ ) ကို ( ၃ ) ကွက်သာ ပေးပြီး ဦးဗိုလ်ထွန်းရဲ့ အလုပ်သမား၊ ဘင်္ဂလီလူမျိုး အမျိုးသမီး ဒေါ်မလှစိန်ကိုတော့ မြေကွက် ( ၂၀-၅၀ ) နဲ့  အကွက် ( ၄ ) ကွက် ချပေးလိုက်တာပါဘဲ ။ ဒိပြင် တခြားလူမျိုးတွေကိုလဲ ဦးဗိုလ်ထွန်းရဲ့  မြေကွက်တွေနဲ့  အခြားရခိုင်လူမျိုးတွေရဲ့  မြေကွက်တွေကို ချပေးလိုက်ကြပါတော့တယ်။

ဒီလိုမြေကွက်ရိုက်ချပေးတာကို လက်မခံလို့ ဆိုပြီး တရားစွဲဖို့  ပြုလုပ်ခဲ့ ပေမဲ့ ဗိုလ်ခင်ညွန့် တို့  လက်စောင်းထက်တဲ့ ထောက်လှမ်းရေး  စစ်အစိုးရလက်ထက်မှာမို့  လက်မှိုင်ချ နေခဲ့ ရပါတယ် ။ စစ်တွေမြို့ မှာ ထောက်လှန်းရေး သိန်းထွန်းကို နေအိမ်တလုံးဝယ်ပေးထားပြီး မိန်းမပေးစားကာ နွားသတ်လိုင်စင် ဦးခင်မောင်လှတို့က ထောက်လှမ်းရေးတွေကို အိတ်ထဲ ထည့်ထားကြတဲ့ အချိန်ဖြစ်နေတဲ့ တွက် အခုလို ရခိုင်လူမျိုးတွေပိုင်တဲ့  မြေကွက်တွေဟာ လူမျိုးခြားတွေရဲ့ နာမည်နဲ့  မြေကွက်တွေကို ချပေးခံလိုက်ရပါတယ် ။

၂၀၀၂-ခုနှစ် ဧပြီလ-၁၂-ရက်နေ့ မှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးနဲ့  တည်ဆောက်ရေးရုံးခမ်းမမှာ ၉/၂၀၀၂ -အဆုံးအဖြတ်ချက်အရ မီးမလောင်ခင်မြေပုံနဲ့  မီးလောင်ပြီး အကွက်ချမြေပုံတွေကို စိစစ်ပြီး မူလမြေပိုင်ရှင်ကို မြေပိုင်ရှင်အဖြစ် သတ်မှတ်ပြီး မြေကွက်ကို ပြန်လည်ပေးရမည် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့ ကြပါတယ် ။  အဲဒီနေ့ က ဗိုလ်မှူးချုပ် ဘုန်းဆွေ က ( ဒကစမှူး ကိုယ်စား ) ပယက အနေနဲ့  ဆောင်ရွက်တာဖြစ်ပါတယ် ။ ဗိုလ်မှူးကြီးသိန်းကြိုင် ၊ ပြည်နယ်တရားသူကြီး ဦးမြတ်မင်း ၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲအောင်မြင့် ၊ ဒုဗိုလ်မှူးကြီး မျိုးတင့် ( ဥက္ကဋ္ဌ ) ခယက ၊ ဦးမောင်ကြည် -လက်ထေက်ညွှန်ကြားရေးမှူး မြေစာရင်းဦးစီးဋ္ဌါန တို့ က အစည်းအဝေး ဆုံးဖြတ်ချက်ချတဲ့ နေ့ မှာ တာဝန်ရှိပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးကြတာဖြစ်ပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ဘိုးဘွားပိုင်မြေပိုင်ရှင်ဖြစ်သူ စက္ကူစက်ပိုင်ရှင် ဦးဗိုလ်ထွန်းဟာ သူ့ ရဲ့  အလုပ်သမားလောက် မြေကွက်တောင် မရရှိခဲ့ရပါဘူး ။ ဒီတော့ ဒါတွေဟာ စစ်အစိုးရရဲ့  လက်အောက်မှာ ပြည်သူတွေ ခါးစည်းခံခဲ့ ရတဲ့ သဘောဖြစ်တယ်လို့  မှတ်ယူပြီး မိသားစု ဘ၀ပျက်လောက်အောင်အထိ စီးပွါးရေးပျက်စီးကာ ရန်ကုန်ကို ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရပါတော့တယ် ။

အဲဒီ ကုလား-ရခိုင် အဓိကရုဏ်းကြောင့်ဘဲ ဦးဗိုလ်ထွန်းဟာ ၅-ည နဲ့  အဖမ်းဆီးခံခဲ့ ရပြီး ထောင်-၆-လ ကျခံခဲ့ ရပါတယ် ။ မီးလောင်လို့  မိမိတို့  စီးပွါးရေး အဆောက်အဦတခုလုံး ပြာကျသွားတဲ့ အခါ မီးမငြိမ်းသတ်နိုင်ဘဲ ထောင်ထဲကို ဖမ်းဆီးပို့ ပေးပြီး အပြစ်မဲ့ခံခဲ့ ရတာကို ဗုဒ္ဒဘာသာတရားတော်အလိုအရ ကြည့်ရင် ကုသိုလ်ကံနည်းလို့ သာ မှတ် ယူခဲ့ ပါတယ် ။

ဟိုယခင် ၁၉၈၈-ခုနှစ်  ၈ လေးလုံးအရေးအခင်းကာလ စစ်တွေမြို့  ထောင်ခါတဲ့ အခါမှာလဲပဲ ဦးဗိုလ်ထွန်းဟာ ထောင်ထဲမှာ ၅-ညနဲ့  အဖမ်းဆီးခံနေရလို့  အကျဉ်းသားများကို  ဘေးမသီရန်ခရအောင် ထောင်တွင်းမှ ဆောင်ရွက်ပေးခဲ့တဲ့  ပုဂ္ဂိုလ်တဦးဖြစ်ပါတယ် ။

အခုတော့ မြန်မာနိုင်ငံတော်က ပြောင်းလဲ လာနေပြီ ဖြစ်တဲ့ အတွက် အခုအချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒုတိယအကြိမ် မီးလောင်မြေ ဖြစ်နေတဲ့  စက်ရုံစုရပ်ကွက် ( ယခင်နာဇီရပ်ကွက် ဈေး ) ကို သမ္မတဦးသိန်းစိန်က နစ်နာသူများကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ သတင်းကြားရပါတယ်။

ဒီသတင်းကြောင့် ဦးဗိုလ်ထွန်းက တကယ်မူလဘိုးဘွားပိုင် မြေပိုင်ရှင်ဖြစ်တဲ့ အတွက် စစ်အစိုးရရဲ့  လက်ထက်က ဆုံးရှုံးနစ်နာသွားခြင်းကို တရားဥပဒေစိုးမိုးရေးအရ တရားဥပဒေနဲ့ အညီ ပြန်လည်စစ်ဆေးပြီး မူလမြေပိုင်ရှင်ဖြစ်တဲ့အတွက်  အသနားခံစာတစောင်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တင်ပို့ လိုက်ပြီလို့  သိရပါတယ် ။

 စစ်အစိုးရလက်ထက်က လုပ်ချင်ရာလုပ်နေခဲ့ ကြတဲ့ အခုလို ပြသနာမျိုးစုံကို တရားဥပဒေအရ နစ်နာသူများကို မနစ်နာရတော့အောင် “ပြည်သူချစ်သော သမ္မတကြီး” တဦးအနေနဲ့  သက်ညှာစွာ ဆောင်ရွက်ပေးစေလိမ့်လို့  ဦးဗိုလ်ထွန်းက ခံယူနေပါတယ်။

 ဦးဗိုလ်ထွန်းရဲ့ လိပ်စာက အမှတ် ( ၆ ) -၅-လွှာ- သုဓမ္မာလမ်း-အထက်ကျောက်မြောင်းကြီးရပ်ကွက် -တာမွေမြို့ နယ်-ရန်ကုန်တိုင်းဒေသကြီး လက်ကိုင်ဖုံး- ၀၉၈၅၂၂၃၅၀ -ဖြစ်ပါတယ် ။  ဦးဗိုလ်ထွန်းက မိအေးနှစ်ခါ နာသလို ပထမတကြိမ် မူလမြေပိုင်ရှင်ဘ၀ကနေပြီး ဘ၀ပျက်သွားရသလို အခုတခါလဲပဲ ဒီမိုကရေစီအစိုးရ လက်ထက်မှာ မြေကွက်တွေကို လူမျိုးခြားတွေလက်ထဲ ပေးခဲ့ ကြရင် ဒုတိယအကြိမ်အဖြစ် နာကြရပြီမို့လို့ ပြောလာတဲ့အတွက်ကြောင့်မို့  အချိန်မီသတိပေးလိုက်ရပါတယ် ။

ဒါကြောင့် -၂၀၀၂- ခုနှစ်က ဒုတိယဗိုလ်မှူးကြီး ဘုန်းဆွေတို့  ဆုံးဖြတ်ချက်ကို ပြန်လည်ပြုပြင်ပြီး မူလဘိုးဘွားပိုင် မြေပိုင်ရှင်သူဖြစ်သူတွေကိုသာ အမြန်ဆုံး မနစ်နာရအောင် စိစစ်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း တင်ပြလိုက်ရပါတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts