မျက်မှောက်ရေးရာ သတင်းပဒေသာ

သြဂုတ်လမှာ ဖတ်ကြဖို့ သူတို့အရေး – pop news for Aug


အောင်သန်းထွန်း
သြဂုတ် ၁၂၊ ၂၀၁၂

http://shweamyutay.com/images/photos/aug_12/rzarni-01.jpg http://2.bp.blogspot.com/-_-MIYajx3x0/T-TSBnzVF8I/AAAAAAAABrc/dAE_Ne5FBmE/s400/8d_4_10_11.jpg http://moemaka.biz/OldMMK/images/stories/events/zm03.gif
http://shweamyutay.com/images/nov10/patamyar.jpghttp://1.bp.blogspot.com/-FfeoyLMRp6A/TbgsAPRag1I/AAAAAAAAAPI/J3TCvhkgkwE/s1600/1099031688tun-aindra-bo-01.jpghttp://a8.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/536851_379635122102399_46612140_n.jpg http://4.bp.blogspot.com/-uZnVtMI9UxM/T9pArHRfe5I/AAAAAAAAAQ0/M65Gj9_eg8o/s1600/yhst-19335205787319_2091_92172594.jpg

ဟိုက်ရှားပါးနဲ့ စိုင်းစိုင်းခမ်းလှိုင်
အဲဗားဂေါ်လီ ဆိုတဲ့ တစ်ကိုယ်တော် စီးရီး ထွက်ရှိပြီး နောက်ပိုင်းမှာ စီးရီးသစ် မထွက်တာ ကြာပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒိတ်ဒိတ်ကြဲ စီးရီးထွက်ဖို့ ပြင်ဆင် နေပါပြီ။

ဇူလိုင်လနဲ့ သြဂုတ်လ နှစ်လစလုံး ဇာတ်ကား ရိုက်ကူးမှုတွေ မလုပ်ဘဲ ဒိတ်ဒိတ်ကြဲ စီးရီးအတွက် အချိန်ယူ ပြင်ဆင်နေတာလို့ သိရပါတယ်။ စီးရီးသစ် မထွက်ဘဲ အချိန် ကြာနေတာက ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု ဘက်ကို အာရုံ စိုက်နေတာကြောင့် စီးရီးသစ် အတွက် လစ်ဟင်းခဲ့တာ ဖြစ်ပြီး အခု စီးရီးကို အာရုံ စိုက်နေပါတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်က သြဂုတ် ၈ ရက်နေ့ ဖျော်ဖြေပွဲမှာ ဟိုက်ရှားပါး ဆိုတဲ့ သီချင်းသစ်ကို ဖျော်ဖြေ ပေးခဲ့ပါတယ်။ ဒီသီချင်းကို စိုင်းစိုင်းခမ်းလှိုင်က ဘန်နီဖြိုး၊ စိုးကြီးတို့နဲ့ ဆိုတာဖြစ်ပြီး ဒိတ်ဒိတ်ကြဲ စီးရီးမှာ ထည့်မဲ့ သီချင်း ဖြစ်ပါတယ်။

“ကျွန်တော် သီချင်းအဟောင်းတွေချည်း ဆိုနေရတာ များနေပြီဆိုတော့ ဘောလုံးလို ပြောရင် ကျွန်တော်တို့ရဲ့ဂီတရာသီ အသစ်မှာ သီချင်း အသစ်ကို ဆိုချင်လို့ပါ”လို့ စိုင်းစိုင်းခမ်းလှိုင်က ဟိုက်ရှားပါး သီချင်းသစ်ကို ဖျော်ဖြေတာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လောလောဆယ်မှာ သြဂုတ်လ အထိ ဖျော်ဖြေပွဲ လက်ခံ ထားတာပါ။ စိုင်းစိုင်းခမ်းလှိုင်က ဒိတ်ဒိတ်ကြဲ စီးရီးထွက်ဖို့ အမြန်ဆုံး ကြိုးစားနေပြီး လုပ်ပြီးသား သီချင်းတွေထဲက အကြိုက်ဆုံး ဖြစ်တဲ့ သီချင်းတွေ ထည့်ဖို့ စီစဉ် ထားသလို အသစ်တွေကို ထည့်ဖို့လည်း စီစဉ် ထားပါတယ်။ ဒိတ်ဒိတ်ကြဲ စီးရီးမှာ ပါဝင်မဲ့ သီချင်းတွေက စိုင်းစိုင်းခမ်းလှိုင်ရဲ့ပုံစံတွေ အတိုင်းပဲ ဖြစ်မှာပါလို့ စိုင်းစိုင်းက ဆိုပါသေးတယ်။

သရုပ်ဆောင် ပြေဇင်နဲ့ ဇူးဇင်ထက်တို့ စေ့စပ်ကြောင်းလမ်း

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ ညနေ့ ၅ နာရီခွဲ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ (စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ၊ ပန်းဝေေ၀ ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင်၊ ဒေါ်ချိုချိုရီ) တို့ရဲ့သား သရုပ်ဆောင် ပြေဇင်နဲ့ သူ့ချစ်သူ ဇူးဇင်ထက်တို့ စေ့စပ်ကြောင်းလမ်း မင်္ဂလာ ညစားပွဲကို ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ လွတ်လပ် ပေါ့ပါးစွာ ကျင်းပခြင်း ဖြစ်တဲ့ အတွက် အခမ်းအနား အစီအစဉ်တွေ ဘာတွေ မရှိဘဲ သတို့သား သတို့သမီးတို့က ကျေးဇူးတင် စကား ဆိုကြပြီး သူတို့ကို ဆုံးမလို သူများ ရှိပါက ဆုံးမစကားများ ချီးမြှင့်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ပထမဦးစွာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ အကယ်ဒမီ လူမင်း၊ ဦးဝင်းငြိမ်း၊ သရုပ်ဆောင် ဒါရိုက်တာ ဟိန်းစိုးတို့က မင်္ဂလာ စကားများ ပြောကြား ကြပြီးတဲ့နောက် ပြေဇင်ရဲ့ ဦးလေးတော်သူ သရုပ်ဆောင် မောင်ရူပ၊ စာရေးဆရာ မင်းလူတို့ကလည်း တူနဲ့တူမအတွက် ဆုံးမစကားများ ပြောကြားပေးခဲ့ကြပါတယ်။ ပြေဇင်နဲ့ ဇူးဇင်ထက်တို့က လက်ထပ်မင်္ဂလာ ပွဲကိုတော့ ၂၀၁၃ ခုနှစ် နှစ်ဆန်းချိန်မှ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်သူမှ အသက် အန္တရာယ် မရှိခဲ့လို့ ဘုရားကို ကျေးဇူးတင်တယ်

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ကို ထွက်ခွာ သွားကြတဲ့ အနုပညာရှင် အဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ဖြူဖြူ ကျော်သိန်းရဲ့ကားကို နောက်က ကားတစ်စီးက ၀င်တိုက်တာ ကြောင့် ကားပေါ်မှာ ပါလာတဲ့ တေးရေးမြင့်မိုးအောင်၊ KGK နဲ့ ဖြူဖြူကျော်သိန်းတို့ ထိခိုက်ဒဏ်ရာ ကိုယ်စီ ရခဲ့ကြတယ်လို့ သိရပါတယ်။မတော်တဆမှု ဖြစ်ပြီး နောက်နေ့မှာ ရန်ကုန်ကို ပြန်လာတဲ့ ဖြူဖြူကျော်သိန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး“အဲဒီနေ့က လွှတ်တော် ကော်မတီက ခေါ်တွေ့လို့ ဖြူဖြူတို့ သွားကြပြီး အကြောင်းအရာတွေ ပြောပြတယ်။ လူကြီး တွေကလည်း ဖြေရှင်း ပေးမယ်လို့ ပြောတယ်။ ခုနစ်နာရီ လောက်မှာ စကားပြောလို့ ပြီးသွားတာနဲ့ ပြန်အလာမှာ ဖြူဖြူ့ ကားက အရှိန်လည်း လျှော့ထားတဲ့ အပြင် အချက်လည်း ပြထား သားနဲ့ နောက်က ကားတစ်စီးက ၀င်ဆောင့်တာလေ။

ကားက ယမ်းပြီးတော့ လည်ထွက်သွားတယ်။ ကိုမြင့်မိုးအောင်လည်း ခေါင်းပေါက်သွားတယ်။ ကိုကြီးကျော်(KGK) လည်း ထိသွား တယ်။ ဖြူဖြူလည်း ခါးနာသွားတယ်။ ဖြူဖြူ့ကားဆရာလည်း အထိအခိုက် အပွန်းအပဲ့ ရှိတယ်။ ဘယ်သူမှ အသက် အန္တရာယ် မရှိတာတော့ ဘုရားကို ကျေးဇူးတင်ရမယ်။ ဒါပေမဲ့ ကိုယ့်ဂီတလောက သမိုင်းအတွက် အရေးကြီးတာလေး တစ်ခု သွားလုပ်တာ အောင်မြင်လာပြီ ဆိုပြီးတော့ ပျော်နေတဲ့ အချိန်မှာ အဲဒီလိုမျိုး ဖြစ်တာ ဆိုတော့ စိတ်မကောင်းဘူးပေါ့။ ဘယ်သူမှ အသက် အန္တရာယ် မရှိတာပဲ အဆိုးထဲက အကောင်းလို့ ပြောရ မလိုဖြစ်နေပြီ”လို့ ပြောပါတယ်။

သမီးနဲ့ အတူ ပြန်လာဦးမယ် ဆိုတဲ့ မြန်မာပြည် သိန်းတန်

မြန်မာနိုင်ငံကို မြန်မာနှစ်ဆန်း သင်္ကြန်ကာလ အတွင်း သီချင်းများ သီဆို ဖျော်ဖြေဖို့ ရောက်ရှိ လာခဲ့တဲ့ မြန်မာပြည် သိန်းတန်က သင်္ကြန်ကစပြီး ဂီတပွဲများစွာ တင်ဆက်ဖြစ်ခဲ့ သလို တီဗွီကြော်ငြာ ၂ ခုဖြစ်တဲ့ ထွန်းရွှေဝါနဲ့ ပရိုဗီမင်ကြော် ငြာများ ပထမဦးဆုံး အကြိမ် ရိုက်ဖြစ်ခဲ့တဲ့ မြန်မာပြည် သိန်းတန်က ဇူလိုင်လ ၂၄ ရက်နေ့မှာ အမေရိကားကို ပြန်လည် ထွက်ခွာသွားတော့မယ်လို့ ပြောပြခဲ့ပါတယ်။

မြန်မာ ပြည်က ဂီတ ချစ်သူတွေ တစ်ခဲနက် အားပေးမှုကြောင့် ဒုတိယ အကြိမ် ပြန်လည် ရောက်ရှိလာတာ ဖြစ်တယ်။ တတိယ တစ်ခေါက် အဖြစ်လည်း ဒီဇင်ဘာလမှာ မြန်မာပြည်ကို ပြန်လာပြီး အဲဒီအခါမှာတော့ သမီးဖြစ်တဲ့ အဆိုတော် ပိုးဒါလီသိန်းတန်ကို ပါ မြန်မာပြည်က ပရိသတ်နဲ့ ပြန်လည် မိတ်ဆက်ပေးသွား မယ်လို့ ပြောပြခဲ့ပါတယ်။ ပိုးဒါလီ သိန်းတန်က ပြည်ပကို ထွက်ခွာသွားတာ ၁၆ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ပိုးဒါလီသိန်းတန်နဲ့ ပြန်လာတဲ့ အချိန်မှာတော့ မြန်မာပြည်က ပရိသတ်တွေ တောင်းဆို နေကြတဲ့ ပိုးဒါလီသိန်းတန်နဲ့ အတူ ဖခင်ဖြစ်သူ မြန်မာ ပြည်သိန်းတန်က သီချင်းများ အားရပါးရ ဖျော်ဖြေ ပေးသွားပါ မယ်လို့ ပြောပြခဲ့ပါတယ်။ အဲဒီအခါမှာ အရင်တုန်းက ပိုးဒါလီ သိန်းတန်ဆိုခဲ့တဲ့ မြန်မာပြည်သိန်းတန်ရဲ့သီချင်းများကို သားအဖနှစ်ယောက် တွဲဖက် သီဆိုမဲ့ ဖျော်ဖြေမှု အပြင် ပိုးဒါလီ သိန်းတန်ကို သူ့ရဲ့ကိုယ်ပိုင် သီချင်းများနဲ့လည်း ဖျော်ဖြေတင် ဆက်ပေး သွားစေမယ်လို့ မြန်မာပြည်သိန်းတန်က ဇူလိုင်လ ၁၃ ရက်နေ့ညက Orhcester Concert Myanmar ပွဲကို တက်ရောက် အားပေးရင်း ပြောကြားခဲ့ပါတယ်။

သူငယ်ချင်းနဲ့ ပြည်ပ ခရီးသွားချင်တဲ့ သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗို

သားဖြစ်သူ အောင်ဗိုကောင်းသန့် ကျောင်းအားရက် အတွင်း သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဇွန်လ ၉ ရက်ကနေ ၁၈ ရက်အထိ စင်ကာပူနဲ့ ဘန်ကောက်ကို အလည်အပတ် ခရီး ပို့ပေးခဲ့တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ဇူလိုင် လ ၁၃ ရက်ကနေ ၁၈ ရက်အထိ နောက်တစ်ကြိမ် ပို့ပေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရက်ပိုင်းသာ ခြားပြီး ဘန်ကောက်ကို အလည်အပတ်ခရီး ပို့ပေးဖြစ်တာနဲ့ ပတ်သက်လို့တော့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက “သားသား ကျောင်းအားရက် ရတာနဲ့ အစ်မ ရိုက်ကူးရေး နားတာနဲ့ တိုက်ဆိုင်ဖို့က သိပ်မလွယ်ဘူးလေ။ အဲဒီလို တိုက်ဆိုင်မှုလေး ရှိတဲ့ အချိန်မှာ သားသားဆန္ဒကို ဖြည့်ပေးတဲ့ သဘောပါ။ သားသားရဲ့သူငယ်ချင်းက ဒီရက်ပိုင်းမှာ ဘန်ကောက်ကို သွားမှာဆိုတော့ သားသားက သူငယ်ချင်းနဲ့ အတူ သွားချင်တယ်လို့ ပူဆာတယ်လေ။ ဘန်ကောက်က ပြန်လာတာ သိပ်မကြာသေးဘူးလို့ ပြောပြပေမဲ့ သူငယ်ချင်းနဲ့ အတူ ထပ်သွားချင်တယ်လို့ ပူဆာ နေတာနဲ့ သားသား စိတ်ချမ်းသာအောင် လိုက်ပို့ပေးဖြစ်တာပါ” လို့ပြောပြီး တစ်ဦးတည်းသော သားဖြစ်သူ အောင်ဗိုကောင်းသန့်ကို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ရင်းနှီး နွေးထွေးစွာ ရှိစေချင်တဲ့ အကြောင်းကိုတော့ “သားသားက အပေါင်းအသင်းတွေကိုတော့ အရမ်းခင်တယ်။ အမြဲတမ်းလည်း အနစ်နာခံတယ်။ အစ်မတို့ အနေနဲ့လည်း သားကို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူစား၊ အတူသွား၊ အတူ ကစားပြီး ခံစားချက်တွေ မျှဝေတာမျိုး လေးဖြစ်စေချင်တယ်။ အဲဒီ အလေ့အကျင့်လေးကို ပျိုးထောင် ပေးချင်လို့ သူငယ်ချင်းနဲ့ ပြည်ပခရီး အတူသွားချင်တဲ့ သားရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးတာပါ”လို့ ပြောပါတယ်။

J & F နဲ့Star International က စင်တင်မယ့် အလင်းရောင်

J & F Entertainment နဲ့ Star International တို့ ပူးပေါင်း ပြီး သရုပ်ဆောင်၊ အဆိုတော် အလင်းရောင်ကို စင်တင်ဖို့ စီစဉ် ထားပါတယ်။ J & F က စီးရီးအတွက် စီစဉ်တာ ဖြစ်သလို မဟော်ဂနီ ထုတ်လုပ်ရေးက ဇာတ်ကား ရိုက်ကူးရေး အတွက် စီစဉ်တာ ဖြစ်ပြီး ဂျမန်းနဲ့ နှင်းဝေေ၀တို့ မောင်နှမက ဆောင်ရွက် တာဖြစ်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင် လုပ်ဖို့ အလင်းရောင်ကို ရွေးချယ်တာက ပြီးပြည့်စုံတဲ့ အရည်အချင်းတွေ ရှိတာ ကြောင့်လို့ သိရပါတယ်။

“လူတစ်ယောက်နဲ့ စကားပြောကြည့်၊ ခိုင်းကြည့်တာနဲ့ သိတယ်။ ကိုယ်ပြောတာကို နားလည်လွယ်တဲ့ သူမှ ဖြစ်မှာလေ။ တချို့က ၀ါသနာ ပါတယ်။ ၀ါသနာ ဆိုတာ အသွေးထဲ အသားထဲက ပါမှဖြစ်မှာလေ။ ပေါ်ပြူလာ ဖြစ်ချင်လို့၊ ကျော်ကြားချင်လို့ ဆိုတဲ့ ၀ါသနာမျိုးက အသွေးထဲ အသားထဲ က မဟုတ်ရင် အလကားပဲ”လို့ ဂျမန်းက အလင်းရောင်ကို ရွေးချယ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ အလင်းရောင် ဆိုတဲ့ အမည်ကို ဂျမန်းက ရွေးချယ် ပေးခဲ့တာ ဖြစ်ပြီး အမည်ရင်းက ဝေယံမြင့် ဖြစ်ပါတယ်။ အလင်းရောင်ကို ဇာတ်ကားတွေ မရိုက်သေးဘဲ စီးရီးစတင် စီစဉ်ပေးထားတာပါ။

စာရေး ဆရာမကြီး ဒေါ်ပတ္တမြားခင် ကျန်းမာရေး အခြေအနေ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဖို့ဒ် လော် ဒါ ဒေးလ်မြို့မှာ နေထိုင်တဲ့ စာရေးဆရာမကြီး ဒေါ်ပတ္တမြားခင် အသက် ၈၈ နှစ်ပြည့်ခါနီး ၂၀၁၂ ခုနှစ် မေလအတွင်းက ကျန်းမာရေး ချို့ယွင်းလို့ ဆေးရုံတက်ရောက် ကုသခဲ့ရပေမဲ့ ဇူလိုင်လ အတွင်းမှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရပါတယ်။

http://shweamyutay.com/images/nov10/patamyar.jpg

မကြာသေးမီက ဆရာမကြီးရဲ့သမီး ကေသီခန့် ပေးပို့ လိုက်တဲ့ ဓာတ်ပုံများ အရ ဆရာမကြီးဟာ အသက် ၈၉ နှစ် အတွင်းမှာ ကျန်းမာရေး ဆက်လက်ကောင်းမွန် လာလိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။ ဆရာမကြီးရဲ့ ကျန်းမာရေးကို မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ဒေါက်တာကျင်ဟိုးက အနီးကပ်စောင့် ရှောက်ပေးနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဆရာမကြီးက ကျန်းမာရေး ကောင်းမွန်လာချိန်မှာ မြန်မာ နိုင်ငံက စာဖတ် ပရိသတ်များ အတွက် စာရေးနိုင်အောင် ကြိုးပမ်းမှာ ဖြစ်ကြောင်း အလင်းတန်း ဂျာနယ်သို့ ပြောကြားပါ တယ်။

ဒါဂျီလင်မှာ လတ်တလော ဖြစ်ပေါ်လာတဲ့ ခံစားမှုနဲ့ အနုပညာတွေ ဖန်တီးခဲ့တဲ့ ပန်းချီဇော်မောင်

ပန်းချီဇော်မောင်က ကာတွန်းဆရာ ဘ၀နဲ့ ကိုရီးယား ခရီးစဉ်က ပြန်လာပြီး ၂ ရက်အကြာမှာ အိန္ဒိယ နိုင်ငံကို ပန်းချီဆရာ အဖြစ်နဲ့ ဆက်လက် သွားရောက်ခဲ့ရပါတယ်။ “အိန္ဒိယ သံရုံးက တစ်ဆင့် ခေါ်တာပေါ့နော်။ မြန်မာပန်းချီ ဆရာတွေ ခေတ္တခဏ အိန္ဒိယကိုလာပြီး တည်းခိုပြီး ပျော်ပျော်ပါးပါး လာရောက် လည်ပတ်ကြဖို့၊ ပန်းချီတွေ ဆွဲကြဖို့၊ ပန်းချီဆရာ အချင်းချင်း ရိုင်းပင်းကြဖို့၊ တစ်ဦးနဲ့ တစ်ဦး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် နားလည်မှုတွေ ဖလှယ်ကြဖို့ တွေ့ဆုံပေးတဲ့ အစီအစဉ်မျိုးပါ။ အိန္ဒိယ ယဉ်ကျေးမှု ဌာနက နေပြီး ဦးစီးပြီး ကျင်းပတဲ့ အရာပေါ့။ အာဆီယံ နိုင်ငံ အားလုံးပေါ့” လို့ ပန်းချီဇော်မောင်က ရှင်းပြပါတယ်။

ဒီခရီးစဉ်မှာ ထိုင်း၊ လာအို၊ ဘရူနိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဌာနေ နိုင်ငံက အိန္ဒိယ ပန်းချီဆရာတွေ ပါဝင်ခဲ့ကြပါ တယ်။ အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသာ မပါဝင်ခဲ့တာပါ။ “အိန္ဒိယ နိုင်ငံမှာ အမျိုးသမီး ပန်းချီဆရာမတွေ အများကြီး တွေ့တယ်။ သူတို့ အောင်လည်း အောင်မြင်ကြတယ်။ ကျွန်တော်တို့ အားလုံး စုပေါင်းပြီး အဲဒီမှာ ပန်းချီတွေ ဆွဲကြတယ်။ ပန်းချီအပေါ် မှာထားတဲ့ ဖီလော်ဆိုဖီတွေကို ပြောပြကြရတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကိုလည်း Power Point တွေနဲ့ သေချာပြသ ရှင်းလင်းကြ တယ်။ မေးခွန်းတွေနဲ့ အပြန်အလှန် အမေးအဖြေတွေ လုပ်ကြရတယ်” လို့ ဆိုပါတယ်။ မြန်မာပန်းချီ ဆရာတစ်ယောက် အနေနဲ့ ဘယ်လို မေးခွန်းတွေ ၀ိုင်းမေးခဲ့ကြတာလဲလို့ ဆိုတော့ ပန်းချီဇော်မောင်က “မြန်မာပန်းချီဆရာ တစ်ယောက် ဆိုတာကို တစ်ခါတလေ ကျရင် အာဆီယံ နိုင်ငံတွေထဲမှာ မြန်မာလို့ ပြောရတာတောင် တစ်ခါတလေကျရင် မသိတာတွေ ရှိကောင်း ရှိနိုင်တာတောင် ရှိတယ်။ ကြုံခဲ့ရတာတွေ ရှိတယ်။ အခုလို မြန်မာနိုင်ငံ တိုးတက်လာတယ် ဆိုတဲ့ဟာနဲ့ လတ်တလော ဒီမှာ ဖြစ်လာတဲ့ အရာတွေ အားလုံး အပေါ်မှာ လူအားလုံး ဂရုစိုက်လာပြီးတော့ ဒီဘက်ပိုင်းတွေမှာ မြန်မာကို ပိုသိလာတာတွေ ရှိတယ်။ မေးကြတာကတော့ ပန်းချီဆွဲကြတဲ့ အကြောင်းအရာတွေပဲ များပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ရေမြေ ဒေသချင်းလည်း မတူ။ အာဆီယံ နိုင်ငံ အချင်းချင်း ဆိုပေမဲ့လို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူကြဘူး ဆိုပေမဲ့ ပန်းချီဆရာ အချင်းချင်းဆိုတော့ သဘောတရားတွေ နားလည်ကြ ပါတယ်” လို့ ပြောပါတယ်။

(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts