မျက်မှောက်ရေးရာ သတင်းပဒေသာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် ၃ ကြိမ်မြောက် တွေ့ကြပြီ – Opposition leader meets the president


မိုးမခအထောက်တော် အမှတ် ၀၀၁
သြဂုတ် ၁၂၊ ၂၀၁၂


ပထမအကြိမ် ထိပ်သီး၂ဦးတွေ့ဆုံစဉ်က ဓာတ်ပုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် ယနေ့တွေ့ဆုံခဲ့သည်။

တနှစ်တာအတွင်း ၃ ကြိမ်မြောက် တွေ့ဆုံ စကားပြောကြခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်နေသူ မီးရထားဝန်ကြီးဦးအောင်မင်းလည်း ယနေ့ တွေ့ဆုံမှုတွင် ပါဝင်သည်ဟု AFP သတင်းတပုဒ်တွင် ရေးထားသည်။ သမ္မတရုံးအရာရှိ ဦးဇော်ဌေးကို ကိုးကားပြီး ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။

နှစ်ဘက်စလုံးက တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိကြသေးပေ။

သမ္မတရုံးစိုက်ရာ နေပြည်တော်တွင် ပေါ်ပေါက်ခဲ့သည့် တွေ့ဆုံမှုများ

ပအကြိမ် – သြဂုတ် ၁၉၊ ၂၀၁၁
ဒုအကြိမ် – ဧပြီ ၁၁၊ ၂၀၁၂
တအကြိမ် – သြဂုတ် ၁၂၊ ၂၀၁၂

ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိပ်သီးပုဂ္ဂိုလ်နှစ်ဦး ပထမအကြိမ်တွေ့ဆုံပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ခဲ့ရာ NLD က နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင်နှင့်တွေ့ဆုံစကားပြောခြင်း၊ နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လွှတ်ပေးခြင်း စသည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်တနှစ်တာအတွင်း လူထုထောက်ခံမှု နှင့် နိုင်ငံတကာ ထောက်ခံမှု အကြီးအကျယ် ရရှိထားသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် ၃ ကြိမ်မြောက် တွေ့ကြပြီ – Opposition leader meets the president
  1. Pray and wish to UTS and DASSK, to be friend after they retire from politic. Sincerely. I don’t want to see them in politics top position in USDP & NLD after 10 years. Hope, Burmese people – not to goback to dictatorship again. (ခေါင်းဆောင်ကောင်းများကို မဖားစေချင်သလို၊ မကန်ကြောက်စေချင်လိုပါ)။

    In USA, president is ၈ years only. Hope, in 10 years, UTS & DASSK can achieve to lay a good foundation as American 1st President George Washington.

Comments are closed.