ဓာတ်ပုံသတင်း

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေကြီး

မဲဆောက်သား၊ သြဂုတ် ၁၂၊ ၂၀၁၂

ထိုင်း-မြန်မာ နယ်စပ်ကသောင်ရင်းမြစ်ရေဟာ ၈ လပိုင်း လဆန်းကတိုင်းက အဆက်မပြတ်ရွာလိုက်သော မိုးကြောင့် သောင်ရင်းမြစ်ရေဟာ သြဂုတ် ၁၀၊ ၂၀၁၂ မှာတော့ ထိုင်းဘက်က မဲဆောက်မြို့နယ်ပိုင် မယ့်တော် (ကမ်းနဖူး) နှင့် မြ၀တီဘက်ခြမ်းက ကမ်းနဲ့နီးတဲ့ ရပ်ကွက်အာလုံး ရေ၀င်ရောက်လာပါတယ်။ မြ၀တီဘက်က ပိုပြီ အထိနာခဲ့ရပါတယ်။ သြဂုတ် ၁၁၊ ၂၀၁၂ နေလည်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျနေပေမယ့် မိုးပြန်ရွာလာတာကြောင့် ရေဆက်တက်လာနိုင်တယ်လို့ သိရပါတယ်။

 မဲဆောက်ရေကာတာ ကလည်း ရေပိုဆက်လက်မထိန်းနိုင်တဲ့အတွက် ရေပိုဖောက်ချခဲ့တာကြောင့်လည်း မြစ်ရေ ပိုတက်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁၀ ရက်နေညနေပိုင်းက မိုးကုတ်ဂိတ်၊ ဇီးတောဂိတ် စသည် နာမည်ကြီး လှေဂိတ်များပိတ်ခဲ့ရပြီး ၁၁ ရက်နေ့ နေ့လည်ပိုင်းမှတော့ ပြန်ပြီး ဖွင့်ခဲ့ပါတယ်။

မြစ်ရေတက်နေတဲ့အတွက် ကုန်သည်များနစ်နာကြရတယ်လို့ သိရပြီး ရေနစ်နေတဲ့ မိသားစုတွေအတွက် မြ၀တီမြို့ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ကူညီနေကြပါတယ်။ မဲဆောက်ဘက်ခြမ်း ၁၂ ဂိတ်ကဲ့သို့ ကားများထားရှိသည့် ဂိတ်များလည်း ရေ၀င်နေပြီဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts