မိုးမခရုပ်သံ

ချောက်မြို့နယ်တွင်းမှဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံတွင်မီးလောင်ပေါက်ကွဲ

ရုပ်သံ မှတ်တမ်းပေးပို့ချက်၊ သြဂုတ် ၁၀၊ ၂၀၁၂ (ဘကျော်(မကွေး))

ချောက်မြို့နှင့်စလေမြို့ကြားရှိဧရာဝတီမြစ်၏အရှေ့ဘက်တွင်တည်ထားသောဟိုက်ဒရိဂျင်ပါအောက်ဆိုဒ်စက်ရုံအားသြဂုတ်ရက်မှာမွန်းလွဲနာရီခန့်ကမီးလောင်ပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။

Main Unit ရှိ Oxidation Tower ဟိုက်ဒရိုင်ဂျင်ဓါတုရည်များ ယိုထွက်လာပြီးဒိုင်းကနဲဝုန်းကနဲတုန်ခါသွားပြီးအသံကျယ်လောင်စွာဖြင့်ပေါက်ကွဲမှုကြီးသုံးခါဖြစ်၍မီးလောင်မှုဖြစ်သည်ဟုပြောဆိုကြသည်။  မီးလောင်သောနေရာသည် ချောက်မြို့နှင့် စလေမြို့အကြားတွင်ဖြစ်၍ လူနေအိမ်ခြေရပ်ကွက်များနှင့်ဝေးသည်။ အနီးဆုံးတွင် ကျေးရွာများရှိကြသည်။ စလေမြို့မှ ငါးမိုင် ခန့်နှင့်ချောက်မြို့မှငါးမိုင်ခန့်ဝေးသည်။ ယင်းမီးလောင်ရာသို့ ချောက်မြို့၊ စလေမြို့၊ ကျောက်ပန်းတောင်းမြို့နှင့်ညောင်ဦးမြို့များမှ မီးသတ်ကားများရောက်ရှိ၍ မီးငြှိမ်းသတ်ပေးကြသည်။ ညနေပိုင်း နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ကြောင်းသိရသည်။

ချောက်ပြည်သူ့ဆေးရုံကြီးတွင်မီးလောင်ခံရသူခုနစ်ဦးခန့်တက်ရောက်နေကြောင်း၊ငွေကျပ်သိန်းပေါင်းသောင်းဂဏန်းခန့်ဆုံးရှုံးမည်ဖြစ်ကြောင်းကြားသိရပါသည်။

(သတင်းကောက်နုတ် TheMyanmarPost ဂျာနယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts