ညီညွတ်ရေးတေးသံ (Maung Maung Thein)

မောင်မောင်သိန်း၊ သြဂုတ် ၉ ၊ ၂၀၁၂
ဟေ့ …
ငါတို့နောင်တော်တွေက စလို့
ငါတို့ ဘဝ
ငါတို့ သွေး
ငါတို့ ချွေးတွေနဲ့
ရေးခဲ့တဲ့ သမိုင်းကြောင်း …
မပြီးသေးတဲ့
ဒီမိုကရေစီရေး
အတွင်း အပြင် မခွဲ
ဒို့ လက်တွဲ
ပူးပေါင်း ဆင်နွှဲ အောင်ပွဲဆင်ကြရအောင်။            ။