ကဗျာ အောင်ဝေး

တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး (Aung Way)

အောင်ဝေး၊ သြဂုတ် ၉ ၊ ၂၀၁၂
အာရပ်နွေဦးကို
ငါတို့ထောက်ခံခဲ့တာ
မှားပြီလား။ငါတို့နွေဦးကို
သူတို့နားမလည်ပါလား။

လူ့ အခွင့်အရေးလား
ဂျေဟတ်လား။

ငါ့ သဘောထား
(ကဗျာဆရာအောင်ဝေး သဘောထား)
ဘယ်ခြိမ်းခြောက်မှုမျိုးမဆို
တစ်အချက် – ဆန့်ကျင်တယ်
နှစ်အချက် – မကြောက်ဘူး။

အခု …
(ပြည်တွင်းမှာ)
မူဆလင်စစ်စစ်ကြီး
အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာဖြစ်နေတယ်။

ငါ …
ဒါကိုပဲ စိတ်ဝင်စားတယ်။

ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲဒီ မူဆလင်ကြီး
ကျန်းမာပြီး အသက်ရှည်ပါစေ
ငါ ဆုတောင်းတယ်။

မပြီးဆုံးသေးတဲ့
ဗမာ့ဒီမိုကရေစီခရီး
ဆုံးခန်းတိုင်
အဘ လျှောက်လှမ်းနိုင်ပါစေ
ငါ ဆုတောင်းတယ်။

အောင်ဝေးဟာ
ဗမာနိုင်ငံသား
မြန်မာတိုင်းရင်းသား
အားလုံးက
နားလည်နိုင်ကြပါစေသား။        ။

၈-၈-၁၂။

Photo, Facebook – ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ သို့ တက်ရောက်သော စာရေးဆရာ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (ဘီဒီအေ လေယာဉ်ပစ်တပ်သားဟောင်း) 2012, January

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts