မျက်မှောက်ရေးရာ သတင်းပဒေသာ

ပြည်ထောင်စု ၀န်ကြီး ၂ ဦးက ၈ လေးလုံး အခမ်းအနားအတွက် ပထမဆုံး အကြိမ် ငွေလှူ – ministers donated for 8888 anniversary

မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၇၊ ၂၀၁၂


http://4.bp.blogspot.com/-6Ve7cxHAH_E/UCE5bLLNtWI/AAAAAAAAJYo/TqejSaSnW6I/s1600/621785_274839592621635_1539071140_o.jpg
၈၈ မျိုးဆက်ကျောင်းသားများနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်း(ဓါတ်ပုံ-၈၈မျိုးဆက်)


ယနေ့ ညနေပိုင်းwGif အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး ၂ ဦးက ၈၈ မျိုးဆက်ကျောင်းသားများဦးစီးကာ ၈ လေးလုံး နှစ်ပတ်လည် နှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား ကျင်းပမည့် မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီး အလယ်ကျောင်းတိုက်သို့ လာရောက်ကာ ပထမဆုံးအကြိမ် အလှူငွေ ပေးအပ်ခဲ့ကြသည်။

စက်မှု ၀န်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတိုက ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ကျင်းပသည့် ၂၄ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် ၀ါဆိုသင်္ကန်းကပ်လှူသည့်အခမ်းအနားအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ယင်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များန၀ကမ္မအဖြစ် အလှူငွေ ၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

http://2.bp.blogspot.com/-SM75uAOlP6k/UCE5dmMEHaI/AAAAAAAAJYw/1tBWrSqgCaI/s1600/335094_274841039288157_829307580_o.jpg
ဘုန်းတော်ကြီးကျောင်းမှ ပြန်အဆင်း(ဓါတ်ပုံ-၈၈မျိုးဆက်)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုပြုံးချိုက ယနေ့ အဖြစ်အပျက်ကိုရည်ညွှန်း၍ ရှေ့နိုင်ငံရေးအလားအလာနှင့် ပတ်သက်ကာ “ဒီကနေ့ ပူးပေါင်းဆောင်ရွက်မှုကနေ ဆက်လက်ပြီး ဆောင်ရွက် ဖို့ အခွင့်အလမ်းတွေ ရရှိလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဆယ်စုနှစ်၂ ခုကျော်ကြာ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားများကို တရားဝင်ကျင်းပခွင့်မရခဲ့ပဲ လက်ခံကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများအား အာဏာပိုင်များက ဖိအားပေးခြင်း ၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ရာမှ ဦးသိန်းစိန် အစိုးရတာဝန်ယူပြီး ၁ နှစ်ခွဲ အကြာတွင် ယခုကဲ့သို့ ပြည်ထောင်စုအစိုးရအဆင့်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဦးစိုးသိန်းနှင့်ဦးအောင်မင်းတို့ ၂ ဦးသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုကြရာတွင် ပြောင်းလဲမှုတွေ ရှေ့သို့ သွားနေပြီဖြစ်ကြောင်း၊ မလိုက်ပါနိုင်သူတွေကိုထားရစ်ခဲ့ရမှာဖြစ်ကြောင်း၊ ယနေ့ဒီနေရာသို့လာဖို့ ၎င်းတို့နှစ်ဦး နိုင်ငံတော် သမ္မတကြီးထံ ခွင့်တောင်းခဲ့ကြောင်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယခုပွဲကို ကျင်းပမည့်အကြောင်း မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံ ပြောဆို အသိပေးထားပြီးဖြစ်၍ အေးအေးချမ်းချမ်း ကျင်းပနိုင်ကြောင်းတို့ကို ပြောဆိုကာ မနက်ဖြန်တွင် အခြား အစီအစဉ်များရှိနေ၍ ၎င်းတို့အနေဖြင့် မတက်ရောက်နိုင်ကြောင်းလည်း ပြောဆိုသွားသည်ဟု ကိုပြုံးချိုက ပြောသည်။

ယခုကဲ့သို့အစိုးရအဖွဲ့ဝင် ၀န်ကြီး ၂ဦးက ၈လေးလုံး နှစ်ပတ်လည် အခမ်းအနားသို့ ငွေလှူခြင်းနှင့် အေးအေးချမ်းချမ်း ကျင်းပခွင့်ပြုခြင်းမှာ ၈ လေးလုံး အဖြစ်အပျက်ကို ထိုစဉ်က စစ်တပ်ထဲတွင် ရှိနေခဲ့ကြသည့် လက်ရှိ အစိုးရအဖွဲ့ဝင်များက ၎င်းတို့နှင့် မသက်ဆိုင်သည့် သဘော အဓိပ္ပါယ်ဖွင့်ဆိုပါသလားဟု ကိုပြုံးချိုအား မေးမြန်းရာတွင် “ အခုအခမ်းအနားကို သူတို့ ကျင်းပခွင့်ပြုတာ၊ ငွေလှူတာတွေဟာ ၈ လေးလုံး အဖြစ်အပျက် မှန်တယ်မှားတယ် ဆိုတဲ့အဓိပ္ပါယ်တော့ မဟုတ်ဘူး၊ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အတွက် အားလုံး ပါဝင်ရေး ဆိုတဲ့ ဦးတည်ချက် လမ်းကြောင်းကို သွားနေတယ် လို့တော့ ပြောနိုင်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ကျော် အကျဉ်းကျခဲ့ခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် လွတ်မြောက်လာပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယခင်လက ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကာ မကြာမီ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရန် ရှိသည်ဟုလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ထုတ်ဖေါ် ပြောဆိုထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပြည်ထောင်စု ၀န်ကြီး ၂ ဦးက ၈ လေးလုံး အခမ်းအနားအတွက် ပထမဆုံး အကြိမ် ငွေလှူ – ministers donated for 8888 anniversary
  1. ဝန်ကြီးများကိုကျေးဇူးတင်ပါသည်။ ဦးစိုးသိန်း၊၊ဦးအောင်မင်း တို. ကို သမတ ကြီး ဦးသိန်းစိန် ၏ ပြုပြင်ရေး အဖွဲ့ဝင် များ ဟု မှတ်တမ်းတင်သင့်ပါသည်။

Comments are closed.