သတင်းဆောင်းပါး

၈လေးလုံး ရက်သတ္တပတ် ၈၈မျိုးဆက်ကျောင်းသားများ၏ လှုပ်ရှားမှုများ

သတင်းကောက်နုတ်ချက်၊ ၈၈ မျိုးဆက်ကျောင်းသားများ ဖေ့စ်ဘွတ်
သြဂုတ် ၇၊ ၂၀၁၂

“၈.၈.၈၈”အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် / ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

 
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့မှ ယနေ့ နံနက် ၉း၃၀ နာရီတွင် ထွက်ခွာလာကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ည ၇း၁၀ နာရီတွင် မန္တလေးမြို့သို့ ရောက်ရှိလာကြသည်။ ၈၈မျိုးဆက်ကျောင်းသားများနှင့်အတူ ကျောင်းသားလူငယ်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များလည်း လိုက်ပါလာကြသည်။
 
၈၈မျိုးဆက်ကျောင်းသားများ၏ “ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ” တွင် News Watch ဂျာနယ်မှ မေးမြန်းရာ “ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား”ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ “၄င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း” ပြောကြားသည်။ ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်များ ဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ 

( နေအိမ်မီးရှို့ ဖျက်စီးခံခဲ့ရသည့် ကျောက်ဖြူမြို့ရှိ ကမန်အမျိုးသမီးတစ်ဦးနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ တွေ့ဆုံနေပုံ။)
 ၈၈မျိုးဆက်ကျောင်းသားများ၏ “ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ” ကို ယနေ့ညနေ ၃း၀၀နာရီက ကျင်းပရာ “မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း”ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က ” နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ပြဌာန်းသင့်သည် ” ဟု ဖြေကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများ၏ “ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ” တွင် News Watch ဂျာနယ်မှ မေးမြန်းရာ “ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား”ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ “၄င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း” ပြောကြားသည်။
ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်များဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ ၏ “ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ” တွင် ဗီးနပ်စ် ဂျာနယ်မှ ” ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေးကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း” ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် ” ကျွန်တော်တို့ကိုယ်တိုင်လည်း လူ့အခွင့်အေ၇းအတွက် အမြဲတိုက်ပွဲဝင်နေရဆဲဖြစ်ကြောင်း၊ ရခိုင်ဒေသကိစ္စမှာ လူ့အခွင့်အရေးရှုထောင့်တခုတ
ည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့်ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများအပါအ၀င် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများလည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ၊နိင်ငံသားအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးများနှင့် အခြား ရှုထောင့်များကလည်း ကြည့်ကြရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် လူသားချင်းစာနာသည့်ရှုထောင့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာရှုထောင့် တို့မှလည်းကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။

 
၈၈မျိုးဆက်ကျောင်းသားများ ၏ “ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ” ကို ယနေ့ (သြဂုတ်လ၊ ၅ ရက်) ညနေ ၃း၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်း၌ ကျင်းပရာ မမီးမီးမှ ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောပြစဉ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts