ဓာတ်ပုံသတင်း

ဥက္ကလံမြန်မာကွန်မြူနီတီက ၈လေးလုံး ၂၄နှစ် ဆွမ်းကပ်၊ တရားနာ ကျင်းပ

မိုးမခဓာတ်ပုံသတင်း

သြဂုတ်လ ၄ရက် စနေနေ့က မြန်မာပြည်က ပြောင်းရွှေ့နေထိုင်သူ မြန်မာတိုင်းရင်းသားများ စုဝေးနေထိုင်ရာ ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့တော်က မြန်မာကွန်မြူုနီတီက ၎င်းတို့ရဲ့ ဓမ္မအေးရိပ် ဘုန်းတော်ကြီးကျောင်းမှာ စုဝေးပြီး မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံ ၈လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတရပ်ကို ဆွမ်းကျွေး တရားနာအစီအစဉ်ဖြင့် ကျင်းပခဲ့ကြပါတယ်။ မြန်မာ့အရေး နိုးကြားလှုပ်ရှားသူ မြန်မာတိုင်းရင်းသားနှင့် မိသားစုဝင် ဦးရေ ၅၀ခန့် တက်ရောက်ကြတာကို တွေ့ရပါတယ်။ မြန်မာပြည်က အာဂန္ဓုကြွရောက်နေသော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မြန်မာပြည်သားများ စုစည်း ညီညာကြဖို့၊ အများအကျိုးကို ရွက်ဆောင်ရာမှာ အများအရေးကို အမှန်တကယ်ဦးစားပေး အာရုံပြုကြဖို့ကို ဟောပြောသွားပါတယ်။

(ဆရာတော်ကြီးရဲ့ တရားဟောပြောချက်ကို ရုပ်သံမှတ်တမ်းအဖြစ် ကိုကျော်နိုင်က ရိုက်ကူးထားတဲ့အတွက် အပြည့်အစုံကို မကြာမီမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။)


 လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာတော့ ဘာကလေမြို့တော်ခန်းမရှေ့မှာ BADA အဖွဲ့နဲ့ အမေရိကန်မိတ်ဆွေများ၊ မြန်မာ့အရေးလှုပ်ရှားသူ မဟာမိတ်များ စုဝေးပြီး ဘားမားဒေးအထိမ်းအမှတ် အလံတင်ခြင်း အခမ်းအနားကျင်းပမှာ ဖြစ်ပါတယ်။ အဲသည်နေ့မှာပဲ ၈လေးလုံး အခမ်းအနားတခု ထပ်မံကျင်းပဦးမယ်လို့ ကြားသိရပါတယ်။

(ဓာတ်ပုံ အခမ်းအနားမြင်ကွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts