သတင်းပဒေသာ

လယ်သမားအရေး ဆောင်ရွက်သူများအား အုပ်ချုပ်ရေးအာဏာပိုင် ဖိအားပေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခ အထောက်တော်၊ ရန်ကုန်။ သြဂုတ် ၅၊ ၂၀၁၂၊
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှ ကပစ (၈) မှသိမ်းယူထားသည့် လယ်မြေဧက သောင်းကျော် ပြန်လည်ရရှိရေး သမ္မတထံ စာတင်ရန်ကူညီသူများအား နယ်မြေခံ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးများက လာရောက်မေးမြန်းခြင်းဖြင့် ဖိအားပေးနေကြောင်း ကူညီသူတဦးဖြစ်သည့် မသန္တာကပြောသည်။
၁၉၉၆၊ ၉၇ ခုနှစ်ဝန်းကျင်ကတည်းက ကပစ(၈) က သိမ်းယူထားသည့် လယ်မြေဧက ၁၂၀၀၀ ကျော်အနက် လစ်လပ်လယ်မြေများကို သီးစားခပေးကာ လုပ်ကိုင်နေရာမှ ယခုနှစ်တွင် လုပ်ခွင့်မပေးတော့သဖြင့် လယ်သမားများက ယင်း လယ်မြေများ  ပြန်လည်ရရှိစေရန် ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း အချို့က ကူညီရန် သွားရောက်ခဲ့ကြသည်။
ယင်းကျေးရွာများသို့ သွားရောက်သူများမှာ မသန္တာ၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ခင်ဝင်းကြည်နှင့် ကိုအောင်ကိုတို့ဖြစ်၍ ရန်ကုန်မြို့မှ သွားရောက်တည်းခိုနေစဉ် မည်သည့်ကိစ္စနှင့် လာရောက်သည်၊ မည်သည့်အချိန်ပြန်မည် အစရှိသည့် မေးခွန်းများ လာရောက်မေးမြန်းလျှက်ရှိသည်ဟု ၎င်းကပြောသည်။
“ကျွန်မတို့က အသိမ်းခံ လယ်တွေပြန်ရဖို့ သမ္မတဦးသိန်းစိန်ထံ စာတင်ဖို့ ကိစ္စကိုကူညီဖို့လာတာပါ၊ ပြီးခဲ့တဲ့ ရက်ပိုင်းရောက်ပြီးတာနဲ့ ကပစ (၈) က တပ်ကြပ်ကြီးနဲ့ အရာခံဗိုလ်က လာမေးတယ်၊ နောက်တရက် ရဲတွေလာမေးတယ်။ ဒီနေ့တော့ ဆင်ပေါင်ဝဲ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဒုဦးစီးမှူးက လာမေးတယ်” ဟု မသန္တာက မိုးမခ သို့ပြောသည်။
၎င်းတို့တည်းခိုနေသည့်  မကျဉ်းပင်ပုကျေးရွာတွင် တိုင်ကြားထားသည့် ဧည့်စာရင်းစာရွက်များ ကူးယူခြင်း၊ ရွာထဲတွင် ရဲနှင့် ကျေးရွာမှ အုပ်ချုပ်ရေး အဖွဲ့တို့မှ စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု ၎င်းက ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts