တောင်သူလယ်သမားများက တိုက်နယ်အုပ်ချုပ်ရေးမှူး နှုတ်ထွက်ရေး ဆန္ဒပြချီတက်
နှင်းမောင်၊ ဟင်္သာတ၊ သြဂုတ် ၄၊ ၂၀၁၂
သြဂုတ်လ ၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ နယ်၊ ရှာခဲတိုက်နယ်က အုပ်ချုပ်ရေးမှူး ဦထွန်းဝေရဲ့ အုပ်ချုပ်စီမံမှုတွေဟာ တရားမျှတမှုမရှိတဲ့အတွက် မြို့နယ်တွင်းရှိ ရွာသူ ရွာသားတွေဟာ အဆိုပါဝန်ထမ်း ရာထူးက နှုတ်ထွက်ပေးရန် တောင်းဆိုပြီး စီတန်းလမ်းလျောက် ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတို့ ဆန္ဒပြလှည့်လည်နေစဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ဆက်လက် ဆန္ဒပြထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ဒါမှရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေလူပါးမ၀နိုင်မှာ။ထင်သလိုစိုင်းသူတွေသတိ————
တိုင်းပြည်အုပ်ချုပ်နေတဲ့သမ္မတနဲ့အဖွဲ့တွေအားလုံးကပြက်စားကြတာနဲ့တူတယ်လယ်ယာတွေပြသနာကိုဂရုမစိုက်ကြဘူးအားလုံးပုလင်းတူဗူးဆို့တွေပါဘဲ
မြက်စားတာဆိုတော့