မိုးမခရုပ်သံ

မကွေးမြို့မှာ NLD အဖွဲ့ချုပ်လူငယ်များ ဝါဆိုသင်္ကန်းကပ်လှူ ၊

တိုင်းဒေသကြိး ဝန်ကြိးချုပ် နှင့်အဖွဲ့ သံဃာ့နာယကဆရာတော်များ ပင့်ဖိတ်လျှက် မဟာဝိဇယ တန်ဆောင်းတော် အသစ်အား ဖွင့်လှစ်
ဘကျော်(မကွေး)၊ မိုးမခရုပ်သံ။ သြဂုတ် ၄၊ ၂၀၁၂

မကွေးမြို့၊ ပြည်တော်သာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ နံကပ်ကျွန်းအုပ်စု၊ အတုလ၀ံသကျောင်းတိုက် ဆရာတော် ဦးပညာဝံသထံ သွားရောက်၍ ဒုတိယဝါဆိုလပြည့်နေ့ နံနက်တွင် ပုရိမ ၀ါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်တို့အား ၀ါဆိုသင်္ကန်းများ ကပ်လှူပူဇော်ခဲ့သည်။

ဤအလှူပွဲ ဖြစ်မြောက်ရန် မြို့နယ်တာဝန်ခံ ဦးအောင်စိုး ဦးစီးမှုဖြင့် ဦးဖုဏ်းမော် (ပွင့်ထွန်း)၊ ဦးစိန်မောင်၊ ဦးသောင်းစိန်၊ ကိုမင်းမင်းဦးတို့ ဦးဆောင်ကာ ပြည်တော်သာအုပ်စု NLDအဖွဲ့ဝင် (၁၀၀) ကျော်တို့၏ စုပေါင်းထည့်ဝင်မှုဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ၀ါကပ်ဒါန လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြိး၊ မကွေးမြို့စွန်တွင်ရှိသော သမိုင်းဝင် မြသလွန်စေတီတော်ရင်ပြင်အား ကျယ်ဝန်းစေရေးအတွက် တန်ဆောင်းအဟောင်းများ ဖျက်သိမ်း၍ အသစ်ဆောက်လုပ် ပြိးစီးသွားသော မဟာဝိဇယတန်ဆောင်းတော်ဖွင့် လှစ်ခြင်း အခမ်းအနားကို သြဂတ်လ (၂) ဝါဆိုလပြည့်နေ့ နံနက် (၉း၀၀) နာရီတွင် မှတ်တမ်းတော်ကြေးပြား မှတ်တိုင်အား ရာဇမုနိတောင်ပေါ်ကျောင်း ဦးစိးပဓာန နာယက နိုင်ငံတော်သြဝါဒစရိယ မြသလွန်စေတီတော် ဂေါပကအဖွဲ့ သြဝါဒစရိယဆရာတော်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြိး၊ တိုင်းဒေသကြီး သံဃာ့နာယကဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိစ္စသာရ (အောင်မြေရတနာ ကျောင်းဆရာတော်) မှစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြိး ဝန်ကြိးချုပ်နှင့်တကွ၊ အစိုးရအဖွဲ့ဝင် ဝန်ကြိးများ၊ ဌာနဆိုင်ရာအကြိးအကဲများ စုံညီစွာတက်ရောက်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts