ကဗျာ ကမာပုလဲ

အဖွင့်တီးလုံး (ကမာပုလဲ)

 Ko Oo + Ma Thandar Design

မုဆိုးတို့ ဆူးကြောက်တဲ့အခါ
သားကောင် ဝေဒနာကင်းတယ် …။

ငါးမျှားသူ
စိတ်ကစဥ့်ကလျား ဖြစ်တဲ့အခါ
ငါးကလေးတွေ …
သူတို့အန္တရာယ် သူတို့ မြင်နိုင်တယ် …။

ငှက်ခတ်သမား
စိတ်လက်မရှည်တဲ့အခါ
ငှက်ကလေးတွေ ငြိမ်းချမ်းတေးကို ဆိုနိုင်တယ် …။

ထောင်ချောက်ကိုမှ တိုးချင်လှတဲ့ သားကောင်

မာယာကမ်းခြေပေါ်မှာ ပျော်ချင်ရှာတဲ့ ငါး
ဘဝရဲ့ တောင်ပံတစုံကိုမှ ရွှေချချင်တဲ့ ငှက်ကလေး …။

အဲဒီ ဆင်ဖိုနီတေးသွား
ခြောက်ခြားစရာ သိပ်ကောင်းတယ် …။ ။

ကမာပုလဲ

ဇူလိုင် ၃၁၊ ၂၀၁၂။
၂၃း၂၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts