ဝေဖန်ရေးရာ
သမတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ (Shwe Pyi Soe)
သမတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ။
ရွှေပြည်စိုး၊ သြဂုတ် ၁၊ ၂၀၁၂
ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇ -၂၁ ရက်နေ့ပါ ပြည်တွင်းဂျာနယ်အချို့၊ လူမှုကွန်ယက်၊ Facebook ၊ များနဲ့ ပြည်ပရှိ မိုးမခ၊ ဧရာဝတီ …..စတဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်သူ့လွှတ်တော်အမတ်၊ ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်ပြည်က Southern Weekend သတင်းစာနဲ့မေးမြန်းခန်း ( Interview ) မှာ သူက –
” သမတကြီးဦးသိန်စိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားတာဟာ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ဒါကိုဆန့်ကျင်တယ်၊ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင်လုပ်တာ “
ဆိုပြီးပြစ်တင်ဝေဖန်တယ်၊
” မြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ရမယ် “လို့လည်းပြောသေးတယ်။သမတ က သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ဆုံးဖြတ်တယ်ဆိုတာ သူနားလည်ပုံ မပေါ်ဘူး၊
“ဒီစီမံကိန်းကို ပြန်ဆောက်ရမယ်”
လို့ပြောရအောင် သူ့မှာဘာ ပါဝါ၊ ဘာအာဏာများရှိလို့လဲ။
ဦးသိန်းစိန်ဆိုတာ ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်က တင်မြှောက်ထားတဲ့၊ အများက အသိအမှတ်ပြုထားတဲ့ သမတ။
ဦးအောင်သိန်းလင်းဆိုတာက ဗိုလ်မှူးချုပ်ဟောင်းနဲ့ ရန်ကုန်မြို့တော်ဝန်သာဖြစ်တယ်။ သူ့ထက် အသက်ကြိး၊ ရာထူးကြီးပြီး အတွေ့အကြုံသူ့ထက်များတဲ့ သူကို ဆန့်ကျင်တယ်၊ ဝေဖန်တယ်ဆိုတော့ သူဟာ သူ့ကိုယ်သူ အထင်ကြီးပြီး ” အဖထက်သားတလကြီး “လုပ်နေတယ်ဆိုတော့ ရယ်စရာကောင်းလှပါတယ် မောင်သိန်းလင်းရယ်။
အဲဒီ ၂၀၁၂- ၇ – ၂၁ ရက်နေ့သတင်းမျာပဲ – NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြတဲ့အပေါ်သူက –
” လူတွေရူးနေကြတာပါ။ သူက လူကြိုက်များရတာက ကျနော်တို့ရဲ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ပါ “
လို့လည်း ပြည်သူလူထုကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားတာဖြစ်သလို မနာလို ၀န်တိုစိတ်နဲ့ ထေ့တာ ငေါ့တာ လည်းဖြစ်တယ်။ လမ်းဘေးက အစုတ်ပလုပ်နဲ့ လူလိမ်သူခိုးအကျင့်ဆိုး ရှိတဲ့သူက ကမ္ဘာ့ငြိမ်းချမ်းရေး Nobel ဆုရှင် ကမ္ဘာ့ခေါင်းဆောင်အဆင့်ဝင် ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တယ်ဆိုတော့ သူမှ တကယ့်အရူး၊ ကုသလို့ မရတဲ့အာဏာရူး ပါ။ သူ့ရဲ့အဆင့်အတန်းဟာ လူလိမ်လူညာ၊ တေလေကြမ်းပိုး၊ သူခိုးသူဝှက်ထက်မပိုဘူးဆိုတာ သူ့ကိုယ်သူမရိပ်မိသလို သူ့ကိုယ်သူ နွားခြေရာခွက်ထဲက ဖါးကလေးဖြစ်နေတယ် ဆိုတာလည်း သူမသိရှာ၊ ရွံစရာကေါင်းတဲ့ အောင်သိန်းလင်းပါလား။
သူလို သူခိုးကြမ်းပိုး က
“ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ကိုမယုံဘူး “
လို့ အရူးချီးပန်း ပြောသွားတာကိုကြည့်ရင် သူ့ဦးနှောက်ဟာ ဖြုတ်ဦးနှောက် ထက်တောင် သေးငယ်နေတယ် ဆိုတာထင်ရှားတယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေကို မယုံဘူးဆိုတော့ သူယုံသူတွေကတော့ မြန်မာပြည်ကို ချွတ်ချုံကျအောင်၊မွဲတေ စုတ်ပြတ်သွားအောင် ဂုတ်သွေးစုပ် တဲ့ တရုတ်စုတ် နဲ့ မြန်မာပြည်ကိုရောင်းစား၊ ပြည်တွင်းထွက် သယံဇာတတွေကို ခိုးရောင်းစား တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဖြစ်တယ်။ ဒါကတော့ အကျင့်တူ၊ ဗီဇတူ၊ ဥာဉ်တူတွေချည်းဖြစ်နေတာကိုး ဒီလိုပြောမှာပေါ့။
အောင်သိန်းလင်း ဟာလွှတ်တော်အမတ်တယောက်အနေနဲ့၊ ကြံ့ဖွံ့လူကြီးတယောက်အနေနဲ့ လူကြီးလူကောင်းပီပီ သိက္ခာရှိတဲ့ စကား၊တည်ကြည်ပြီး ဂုဏ်သရေရှိတဲ့စကားတွေ ပြောရမယ့်အစား လမ်းဘေးကတေလေကြမ်းပိုး ဗီဇအတိုင်းပြောတဲ့အတွက် ပြည်သူလူထုက မကျေမနပ်ဖြစ်လာကြတယ်။
(” ဗီဇ ဆိုတာ ဖျောက်လို့မရဘူး “ဆိုတဲ့စကားအတိုင်း မောင်သိန်းလင်းဟာလည်း ” တေလေကြမ်းပိုးသူခိုးမျိုး” ဗီဇကိုဖျောက်မရလို့ ဒီလိုပြောတာပဲလို့ဆိုရင် မှားမယ်မထင်ပါ)။
ဒါကြောင့် သူ့ပြောဆိုချက်တွေကို ရှုတ်ချဖို့ အနေနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့ က ပြည်သူများက- “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီြး ပည်သူတွေကိုစော်ကားတယ်” ဆိုပြီးဆန္ဒပြဖို့ပြင်ဆင် နေကြပါပြီ၊  (မဇ္ဈိမ၊ ၂၆-၇-၂၀၁၂)
အောင်သိန်းလင်းဟာ ပင်ကိုယ်က မကောင်းတဲ့ဗီဇ၊ ယုတ်မာတဲ့ဥာဉ် တွေဟာ လူကြီးဖြစ်လာတဲ့အထိ အဲဒီ ဥာဉ်ဆိုး၊ ဗီဇဆိုးတွေဟာ သူနဲ့အတူပါလာတာတွေ့ရတယ်။သူဟာ တရုတ်သတင်းစာနဲ့ အင်တာဗျူးလုပ်ပြီးနောက် လူအများကဝေဖန်ကဲ့ရဲ့တော့မှ သူရဲ့ ဗီဇဆိုး၊ ဥာဉ်ဆိုးတွေပေါ်လာတော့တယ်။
သူက –
” တရုတ်သတင်းစာအနေဖြင့် သူရဲ့ဖြေဆိုမှု ကို ဘာသာပြန်လွဲမှားယွင်းဖေါ်ပြတာ”
လို့ လိမ်ညာပြီးဆင်ခြေပေးတယ်။ (ဧရာဝတီ ၊ ၂၅-၇-၂၀၁၂)
ဘာသာပြန်တဲ့နေရာမှာ တခါတလေမှားရင်ဖြစ်နိုင်ချေရှိတယ်။ခုလို အင်တာဗျူးတခုလုံး လွဲမှားတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာသာပြန်အလုပ်နဲ့ အသက်မွေးဝမ်းကြာင်းပြုနေသူဟာ ဒီလောက်အထိမှားယွင်းစရာ အကြောင်း မရှိဘူး။ ဒါဟာ သူ့ရဲ့သူများအပေါ်အစဉ်အလာအတိုင်း လိမ်ညာနေပါတယ် ဆိုတဲ့သာဓကပြတာဖြစ်တယ်။ သူဟာကြံ့ဖွံ့ပါတီမှာ၊ လွှတ်တော်မှာဆက်ရှိနေမယ်ဆိုရင် လွှတ်တော်ပါ နာမည်ပျက်၊ သိက္ခာကျ လာပါလိမ့်မယ်။ သမတကြီး / လွှတ်တော်ဥက္ကဌကြီးတို့အနေဖြင့် သူ့ကို ထုတ်ပယ်ပြစ်ဖို့တောင်းဆိုရပါတယ်။
ဦးဌေးဦး လည်း လူလိမ်ပဲ။
၂၀၁၂ – ၇- ၂၅ ရက်နေ့ ဧရာဝတီအင်တာနက်သတင်းမှာပဲ – ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးဌေးဦးကပါ အောင်သိန်းလင်းကို အကါအကွယ်ပေးပြီး လိမ်ညာနေတာတွေ့ရပါတယ်။ သူ့ရဲ့လိမ်ညာမှုများကိုကြည့်ပါ –
၁။”အဲဒီတုန်းက UN မျက်စေ့ခွဲတဲ့အဖွဲ့နဲ့ပါလာတဲ့ သတင်းထောက်တွေနဲ့ အလွတ်သဘော ပြောလိုက်တာပါ” တဲ့ ။ ဒါပေမယ့် ၂၀၁၂-၇-၂၁ ရက်နေ့ သတင်းတွေအားလုံးမှာ အင်တာဗျူးလုပ်တာလို့ ဖေါ်ပြထားတာကို အများက ဝေဖန်တော့မှ သူက အောင်သိန်းလင်းကို ကါကွယ်ပေးဖို့ အလွတ်သဘောနဲ့ ပြောတာပါ လို့ ဗြောင်လိမ်တယ်။
၂ ။ ” သူက ဗမာလို ပြန်ဖြေတာကို ဘာသာပြန်လွဲမှားတာ”တဲ့။ ဘာသာပြန်အလုပ်နဲ့ လုပ်စားနေသူက အောင်သိန်းလင်းကျမှ ဘာသာပြန်လွဲမှားမယ်တဲ့လား၊ တခွန်းတလေမှားတယ်ဆိုရင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အခွန်း ၂၀ကျော်လောက် ဖြေတာ၊ အကုန်လုံး ဘာသာပြန်လွဲမှားရောတဲ့လား ဦးဌေးဦးရယ် စဉ်းစားပြီး ယုတ္တိရှိအောင် လိမ်ပါ၊ ခင်ဗျားကိုယ်စားရှက်မိပါတယ်။
၃ ။ ” တချို့ဥစ္စာတွေမှာ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့ “တဲ့ ဒါဟာ သူများက်ုစော်ကားတာပဲ။ ဒီလိုသူများကို အကြောင်းမဲ့စော်ကားတာဟာ ပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်ရဲ့အင်္ဂါရပ်နဲ့မညီ။ ဒါဟာ အခြေအနေမဲ့ အောက်တန်းစားတွေရဲ့လက်သုံးစကား သာဖြစ်တယ်။
၎ ။ ” သူ ဘာတွေပြောလိုက်မှန်းသေချာမသိဘူး ” တဲ့။ သူ ပြောတာသူမသိဘူးဆိုတော့ သူ့ရဲ့ဦးနှောက်မကောင်းလို့ပေါ့။ ဒါလောက်လေးမှ မသိတော့ဘူးဆိုရင် သူယူထားတဲ့ ရာထူးတွေနဲ့မထိုက်တန်တော့ဘူး။
၅ ။ ” ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA       တို့ြ မန်မာပြည်တွင်းရေး ၀င်ရောက်နှောက်ယှက်သူများဖြစ်လို့ မယုံကြည်ဘူးလို့ပြောတာဟာ သူ့ရဲ့အမြင်ကိုပြောတာပါ ” တဲ့။ သူ့အ မြင်ပဲပြောပြော၊ မေးလို့ပဲဖြေဖြေ၊ ဒီလိုပြောတာဟာ သူတပါးကို သက်သက်စော်ကားတာပဲဖြစ်တယ်။
သမ္မတ တို့၊ လွှတ်တော်ဥက္ကဌတို့၊ လွှတ်တော်အမတ်တို့ထဲက တယောက်မှမယုံဘူး လို့ မပြောဘဲ၊ အောင်သိန်းလင်းတယောက်တည်း ပြောတာတော့ သံသယဖြစ်စရာပါ။
ကြံ့ဖွံ့ပါတီဗဟိုအလုပ်မှုဆောင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ သူ့ထက်အသက်ကြီး ရာထူးကြီးပြီး အလုပ်အတွေ့အကြုံများတဲ့ သမတကြီး ဦးသိန်းစိန်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဝေဖန်တယ်။ သူ့ထက်ဥာဏ်ပညာ အရည်အချင်းရှိတဲ့၊ သူ့ထက် နိုင်ငံတကာအတွေ့အကြုံရှိတဲ့၊ မြန်မာနိုင်ငံဒီမိုကရေစီရေး ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း တိုက်ခိုက်၊စော်ကားတယ်။
            ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ရဲ့ဂုဏ်သရေကို ထိခိုက်အောင် စော်ကါးတာတွေပြုလုပ်တယ်။ ဒါဟာသူ့အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တွေလုပ်ခဲ့တယ်။ သူဟာပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်အနေနဲ့ စောင်ထိန်းရမယ့် ကျင့်ဝတ်၊ဂုဏ်သိက္ခာတွေကို မထိန်းသိမ်းဘဲ၊ တာဝန်မဲ့ လက်လွတ်စပယ်ပြောဆိုခဲ့တယ်။
            ဒါကြောင့် သူတို့ ၂ ယောက်လုံးကို သမတကြိး သို့မဟုတ် လွှတ်တော်အမတ်ကြီးတို့က အမြန်တုံး ရာထူးဌာနတွေက ထုတ်ပယ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
Photo – Lower House MP Aung Thein Lin (USDP), Soe Win (NDF), Htay Oo (USDP), Tun Yi (NUP) at a press conference at USDP headquarters in Rangoon on Wednesday, June 29, 2011. Photo: Mizzima
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
8 thoughts on “သမတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ (Shwe Pyi Soe)
  1. သိက္ခာမရှိတဲ့ စကားပြောသူရော ဖေးမကူညီသူကိုပါ ဖယ်ရှားသင့်ပါတယ်ဗျ သူတို့တာ နိုင်ငံတော်ရဲ့ တာဝန်တွေ ထပ်မံထမ်းဆောင်နေမယ်ဆိုရင် နိုင်ငံတော်အတွက်လဲ ဂုဏ်သိက္ခာ ကျ သလို ပြည်သူအတွက်လဲ ဘာမ အကြိုးမပြုပါဘူး
    1. He is worse than article said…he is big thief…corrupted…..He stole public moneys while he was Mayor…..Of course he share with his superiors to secure his position.
  2. ကျွန်တော်တို့နိုင်ငံက လူကောင်းလူတော်၊မှန်တာပြောရင် အရေးယူတယ်၊လူဆိုးလူညစ်ဆိုရင် အရေးမယူပါဘူးခင်ဗျ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ သယံဇာတတွေပေါများပေမယ့် မွဲနေရတာပါ။
  3. Asking wolves for foxes…………………………………
    Root of all problems is Roof of the country……………………………………….
  4. သူတို့ကမောင်လှယ်နှမလှယ်တွေကွဘယ်လုပ်အရေးယူမှာလဲ
  5. ဦးအောင်သိန်းလင်း……….ခင်ဗျားသိထားစေချင်ပါတယ်…….ခင်ဗျားလူပါး ၀ လှ နောက် ၂၀၁၅ အထိပါဘဲ ၂၀၁၅ နောက်ပိုင်းရောက်ရင်တော. လုံးဝ လုံးဝ မတွေးဝံ. စရာပါဘဲလေ..
    .
  6. ရွှေပြည်စိုး ပြောတာတွေမှန်လွန်းတယ်။ စံပြအနေနဲ့  အဲဒီ့လူနှစ်ယောက်ကို ပြည်သူ့ ခုံရုံးတင်ပြီး စစ်ဆေး အပြစ်ပေးသင့်ပါတယ်။ ဒီပဲရင်း လူသတ်မှုကြီးကအစ၊ ငါးလောင်းပြိုင်သတ်မှုအထိ အားလုံးစစ်ဆေးပြီး အပြစ်ရှိသူကို ဥပဒေ အတိုင်း အပြစ်ပေးသင့်ပါတယ်။ မပေါ်တဲ့အမှုဆိုတာမရှိပါ၊ မပေါ်သေးတဲ့ အမှုသာ ရှိကောင်းရှိပါလိမ့်မယ်။ ကိုယ့်အလှည့်ကျမှ ရူးခြင်ရောင်မဆောင်ကြနဲ့ နော်၊ ဘေးကနေ အရူးကိုမြှောက်ပေးတဲ့ ကြံရာပါတွေလည်း သတိထားပါ။
  7. ထမင်းတောင်နပ်မှန်အောင်မစားရတဲ့အထဲ……အခွန်ကတမျိုး..၊အရစ်ကျဖုန်းဖိုးကတမျိုး….၊ဖုန်းဘေလ်ကတမျိုး…၊စိတ်ညစ်တယ်ကွာ….လူသားအားလုံးကို လေးစားပါတယ်….ပုံ/ကျော်ဟိန်း
Comments are closed.