ဓာတ်ပုံသတင်း သတင်းပဒေသာ

ရွှေတိဂုံ တပေါင်းလဘုရားပွဲတော် နှစ်စဉ်မကျင်းပနိုင်သေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရွှေတိဂုံ တပေါင်းလဘုရားပွဲတော် နှစ်စဉ်မကျင်းပနိုင်သေး
မိုးမခအထောက်တော် (ကမာရွတ်)၊ နိုဝင်ဘာ ၁၅၊ ၂၀၁၃
ရွှေတိဂုံစေတီတော်ကြီး သက်တမ်း နှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ် ဘုရားပွဲတော်ကို ၂၀၁၁ ခုနှစ်က ကျင်းပနိုင်ခဲ့ပြီးနောက်ပိုင်း ရွှေတိဂုံဘုရားပွဲတော်ကို ၂၀၁၂ နဲ့ ၂၀၁၃ မှာလည်း မကျင်းပနိုင်ဘူးလို့ ဆိုပါတယ်။ အဲသည်နှစ်များမတိုင်ခင်ကလည်း စစ်အစို့းရလက်ထက်နဲ့ လက်ရှိကြံ့ဖွှံ့အစိုးရသက်တမ်းအတွင်းမှာလည်း ရန်ကုန်မြို့တော်ရဲ့ အထင်ကရနဲ့ သမိုင်းဝင်ဘုရားကြီးဖြစ်တဲ့ ရွှေတိဂုံဘုရားပွဲတော်ကို နှစ်စဉ်ဆက်တိုက် မကျင်းပနိုင်ခဲ့တာ ကြာပြီလို့ သိရပါတယ်။
 အောင်မေ့
 နိဗ္ဗာန်ဈေးဆိုင်
 ပြင်ဆင်နေတဲ့ စောင်းတန်း
 သောကြာထောင့်
 တနလာင်္ထောင်
 နောင်တော်ကြီးဘုရား
 ဥက္ကလာပမင်းကြီး ရုပ်တု
 ဆံတော်တွင်း
ယခုလာမယ့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးသင်ကန်း ယက်လုပ်ပြီး ဆက်ကပ်ပူဇော်ပွဲကိုတော့ နှစ်စဉ်ဆက်တိုက် လုပ်ဆောင်နေဆဲပဲလို့ ဆိုပါတယ်။ ဘုရားရင်ပြင်တော်မှာတော့ ပြည်တွင်း ပြည်ပက ဘုရားဖူး ဧည့်သည်တွေနဲ့ အမြဲပဲ စည်ကားနေတာကို တွေ့ရပါတယ်။ 
 တောင်ဘက်မုဒ်
 တနင်္ဂနွေထောင့်
 သက်ကန်းများ
 ကြာသာပတးထောင့်
 အ၈င်္ါထောင့်
 ဗုဒ္ဓဟူးထောင်
 ရာဟုထောင့်
လုံခြုံရေးကြောင့် ဘုရားပွဲတော်ကို မကျင်းပနိုင်တာဖြစ်လိမ့်မယ်လို့ အငှားကားမောင်းသူတဦးက မှတ်ချက်ပေးပါတယ်။
(ဓာတ်ပုံ – မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာ မွေးနေ့ဂြိုဟ်တိုင်များတွင် ကောင်းမှုပြုနေကြပုံများနဲ့ ဘုရားရင်ပြင် မြင်ကွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts