ကဗျာ ကမာပုလဲ

အပ်ကြောင်းထပ်နေတဲ့ … ကိစ္စ (Kama Pale)

ကမာပုလဲ 
ဇူလိုင် ၂၈၊ ၂၀၁၂

ဆာလောင်ငတ်မွတ်မှုတွေနဲ့
ရိုးသားစွာ နိုးထလာတဲ့ ပန်းပွင့်ကလေး
အမေ့ နို့ပိန်ပိန်ကို ရှာလို့ မတွေ့တဲ့အခါ …။

ညက
ဟင်းစား ရှာရင်း
ပိုးထိသွားတဲ့လူနာ … ။

မငိုပါနဲ့ သမီးလေးရယ်
သမီး ငိုရင်
ကမ္ဘာကြီး … သူကိုယ်တိုင်… ပြိုကျသွားလိမ့်မယ်။ ။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts