နိုင်ငံတကာရေးရာ

ထိုင်းနှင့် MOU အသစ်ကြောင့် မြ၀တီတွင် ထိုင်းသို့ထွက်မည့်မြန်မာအလုပ်သမားများကို ပိုမိုကြန့်ကြာမည်


မြ၀တီသား၊ ဇူလိုင် ၂၈၊ ၂၀၁၂

ထိုင်း-မြန်မာ သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား မြ၀တီမြို့ရှိ အကျိုးဆောင်(အေးဂျင့်) များမှ တာဝန်ယူပြီး ၂၅ ရက်မှ ၃၅ ရက်အတွင် အမြန်ဆုံးထွက်ခွာ အလုပ်အကိုင်ရစေပြီး အချို့ အကြောင်းအမျိုးမျိုးကြောင့် ရက် (၅၀ – ၆၀)  ကြာမှ သွားရောက်ရသူများရှိကြောင်းသိရပါသည်။

မြ၀တီရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ

” MOU တစ်ကယ် အမှန်အတိုင်းလုပ်ရင် (၃၀) ရက် ကြာပါတယ် နေပြည်တော်ခွင့်ပြုမိန့် ၊ စာချုပ်၊ ပတ်စပို့ နဲ့ ထိုင်းပြည်ဝင်ခွင့် နောက်ပြီး ဆေးစစ်ချက် တို့က မှန်မှန်ကန်ကန်လိုအပ်ပါတယ်။ ယခုအခါ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား စီစစ်ရေးလုပ်ငန်းစဉ်များအပါအ၀င် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မြန်ဆန်အောင် ဆောင် ရွက်ကြရာတွင် အမှန်တစ်ကယ် စီစစ်ရမည့် ကိစ္စရပ်တော်တော်များများတွင် အားနည်းချက်များတွေ ရှိရကြောင်းလည်း ပြောပြပါသည်။

ယခုအခါ ထို့ကဲ့သို့ မှားယွင်းမှု့များနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အမှန်တကယ် တရားဝင်စေရန်အတွက် နေပြည်တော်ညွှန်ကြားချက်များရှိထားပြီး ဖြစ်သဖြင့် စနစ်တကျ ပြန်လည်စီစစ်နေပြီး ဆက်လက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်လိမ့်မည်ဖြစ် ကြောင်းရှင်းပြပါသည်။ ထိုကဲ့သို စနစ်တကျ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စီစစ်ဆောင်ရွက်မည်ဖြစ်သဖြင့် အလုပ်သမားလက် မှတ်ရရှိသည့်နေမှ (၃၀ မှ ၃၅) ရက်အထိ လုပ်ငန်းဆောင်ရွက်ချိန်ကြာမြင့် နိုင်ကြောင်းသိရပါသည်။

အေးဂျင့်ကုမ္ပဏီ လိုင်စင်မရှိသောသူများနှင့် အာမခံ မတင်ထားသော ကုမ္ပဏီများလည်း MOU လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် မလွယ်ကူတော့ ကြောင်းလည်း ပြောပြပါသည်။  ရက်(၃၀) ကျော်ကြာမြင့်မည်ဆိုသည့်အတွက် မြ၀တီမြို့မှ တာဝန်ခံအေးဂျင်များ မှာ ထမင်းစရိတ်များကြောင့် စိတ်သောက ရောက်လျှက်ရှိကြောင့်လည်း သိရပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts