Cartoon Box ဓာတ်ပုံသတင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ ကာတွန်းကွန်ရက်ပြပွဲကျင်းပ

ဘားမားဗီဂျေ၊ ဓာတ်ပုံသတင်း၊ ဇူလိုင် ၂၇၊ ၂၀၁၂

ကာတွန်းကွန်ရက် (မြန်မာနိုင်ငံ) ကာတွန်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ လောကနတ် ပန်းချီပြခန်းတွင် ဇူလိုင်လ ၂၆ရက်နေ့ နံနက် ၁၁း၀၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဆရာဦးမိုးသူ ၊ ကာတွန်းဆရာများ၊ မီဒီယာများနှင့် ပရိတ်သတ် ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်။

 ကာတွန်းရောင်းချ ရရှိသည့် ငွေများကို မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါသည်။ ကာတွန်းကွန်ရက် (မြန်မာနိုင်ငံ) ကာတွန်းပြပွဲကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ နေ့စဉ် နံနက်(၉) နာရီမှ ညနေ(၅)နာရီအထိ ကာတွန်းကွန်ယက် (မြန်မာနိုင်ငံ)၏ ကာတွန်းဆရာ (၆၀) ကျော်တို့၏ လက်ရာ (၁၆၆)ကားကို ပြသသွားမည်ဟု သိရပါသည်။

Photo Credit – http://www.facebook.com/media/set/?set=a.449276901761083.100456.267614753260633&type=3


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts