ကဗျာ ကမာပုလဲ

အမည်ပေးဖို့ စကားလုံးတွေ ကြေကွဲနေတဲ့ … ကဗျာ (Kama Pale)

ကမာပုလဲ
ဇူလိုင် ၂၆၊ ၂၀၁၂

လမ်းတလျှောက်လုံး … မိုး
ရေညှိ ဆင်ဝင်အောက်ကို ရောက်မှ
သူ့ အငို တိတ်သွားတယ် …။

လှေကားထစ်တွေအတိုင်း
အချိန်ကာလဟာ ပြန်လည်နုပျိုလာခဲ့ …။

အပေါ်ဆုံး အထပ်မှာ
အနက်ရောင် ဝတ်စုံများ
အနက်ရောင် စာသင်ခန်းများ
အနက်ရောင်
စားပွဲများ … ထိုင်ခုံများ … လွယ်အိတ်များ
ကျကွဲနေတဲ့ သောက်ရေအိုးကလေးများ …။

ကျောင်းတက် ခေါင်းလောင်းသံမှာ
နာကျည်း … ငိုကြွေး
ရှိုက်သံတွေနဲ့ အတိပြီးတယ်။ ။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts