ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

သတင်းဆရာသင်တန်း၊ လူမှုရေးကွန်ယက်နှင့် နိဗ္မာန်/ ၁၀၁

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၁၉၊ ၂၀၁၂
• ဖွင့်လှစ်တော့မည့် ဂျာနယ်လစ်ဇင်နှင့် TOT Training
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် (အရေးပေါ်ကူညီထောက်ပံ့မှု)၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအပြင် သုခအလင်းပညာဒါနမှ သင်တန်းများအား (အခမဲ့) ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ဇူလိုင်လအတွင်း ၌ အမှတ်စဉ် (၂) အဖြစ် ပရဟိတအသင်းအဖွဲ့များ ပရဟိတစွမ်းရည်မြှင့်သင်တန်းကိုလည်း ၁ဝ.၇.၂ဝ၁၂ ရက်နေ့မှ ၁၅.၇.၂ဝ၁၂ ရက်နေ့အ ထိ (၆) ရက်ကြာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် စခန်းသွင်း၍ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက်၍ Journalism သင် တန်းနှင့် TOT Training သင်တန်းများကိုလည်း မကြာမီ အချိန်ကာလများတွင် ဖွင့်လှစ်ပို့ချတော့မည်ဖြစ်ကြောင်း စိတ်ပါဝင်စားသူများ အချိန်မှီ တက်ရောက်နိုင်ရန် အသိပေးနှိုးဆော်လိုက်ရပါတော့သည်။
• Journalism & Citizen Journalism (Work Shop)
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စီစဉ်ဆောင်ရွက်ပြီး Journalism & Citizen Journalism (Work Shop) အမှတ်စဉ် (၁) အား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်၌ အလင်းဆက် (IR) မှ အခြေခံသတင်းပညာ (Basic Journalism)၊ သတင်းထောက်တစ်ဦးရဲ့ သတင်းဗျူ ဟာများ၊ ကျင့်ဝတ်များ၊ သတင်းရေးသားနည်း၊ မေးမြန်းနည်း၊ သတင်းဓါတ်ပုံ အခြေခံသဘောတရားများ၊ သတင်းယူရာတွင် အရေးကြီးသော အချက်များ၊ Blog (ဘလော့ခ်)၊ အင်တာနက်၊ နိုင်ငံသားဂျာနယ်လစ်ဇင်များကို သင်ကြားပို့ချမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအား ယနေ့ခေတ် စာနယ်ဇင်းဟာသ၊ ဓါတ်ပုံ၊ ကာတွန်းများ စာနယ် ဇင်းဗဟုသုတများ မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်လူငယ် သတင်းထောက် များ ပိုမိုပေါ်ထွက်လာစေရန်ရည်ရွယ်၍ (အခမဲ့) သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် သတင်းပညာရပ်အား စိတ်ပါဝင်စားသူများ၊ လူမှုရေးအသင်းအဖွဲ့များ စွမ်းအားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေရန် နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ် အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူး လမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၌ ၂ဝ.၇.၂ဝ၁၂ (သောကြာနေ့) မှ ၂၁.၇.၂ဝ၁၂ (စနေနေ့)အထိ နံနက် (၉းဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ (၂) ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။ စိတ်ပါဝင်စား သူများအနေဖြင့် ဖုန်း – ၅၈ဝ၁၃၃၊ ဝ၉ – ၈၆ ၄ဝ၂၂ဝ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
• Teaching of Training
နာရေးကူညီမှုအသင်း (ရန်ကုန်) မှစီစဉ်ဆောင်ရွက်ပြီး ဘ/ကဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများရှိ ကလေးငယ်များ၏ ပညာ ရည်မြင့်မားရန်အတွက် ဆရာ/မများသည် အရေးကြီးသည့်အားလျော်စွာ ဆရာ/မများအား TOT Training သင်တန်းကို နာရေးကူညီမှုအ သင်း(ရန်ကုန်) ရုံးချုပ်၌ New York မှ Mrs. Amy, Mrs. Hannah, Mr. matthew တို့မှ သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းအမှတ်စဉ် (၁) အား ၁၇.၇.၂ဝ၁၂ ရက်နေ့မှ ၂ဝ.၇.၂ဝ၁၂ ရက်နေ့အထိ၊ နေ့လည် (၁းဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ (၄) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်သည်။
သင်တန်းအမှတ်စဉ် (၂) အား ၂၄.၇.၂ဝ၁၂ ရက်နေ့မှ ၂၇.၇.၂ဝ၁၂ ရက်နေ့အထိ ရက်နေ့အထိ၊ နေ့လည် (၁းဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ (၄) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်သည်။
• မှတ်ချက်
သင်တန်းအမှတ်စဉ် (၁) တွင် အချိန်မီစာရင်းပေးသွင်းနိုင်ခြင်းမရှိခဲ့ပါက အမှတ်စဉ် (၂) TOT Training သင်တန်းအတွက် လူဦးရေ ကန့် သတ်ထားသည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ် အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လူကိုယ်တိုင်လာရောက်၍ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်အား သိရှိလိုပါက ဖုန်း – ၅၈ဝ၁၃၃၊ ဝ၉ – ၈၆ ၄ဝ၂၂ဝ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်
• လူမှုရေးကွန်ယက်
လူမှုရေးသမားတစ်ဦးခြင်းသော်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များသော်လည်းကောင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ရာ တွင် အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ရမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ကြုံတွေ့ရသော လူမှုအခက်အခဲများလည်း မြန်မာပြည်အနံ့ရှိ လူ မှုရေးအဖွဲ့အစည်းများတွင် ရှိနေတတ်သည်။
ဤကဲ့သို့သော မည်သို့ကူညီမရမည်နည်း၊ မည်သို့ ပေးဆပ်ရမည်နည်း၊ ရင်ဆိုင်ရမည်နည်း၊ ဖြေရှင်းရမည်နည်းဆိုသောမေးခွန်းများ နေ့စဉ် ကျွန်တော်တို့နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပေါ်ပေါက်နေဆဲဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၉.၇.၂ဝ၁၂ ရက်နေ့၌ မြန်မာတပြည်လုံးရှိ စာရင်းပေးသွင်းထားသော မြို့ ပေါင်း (၁၃) မြို့မှ လူမှုရေးသမားများ (၄၅) ဦးတို့အား ဒုတိယအကြိမ်မြောက် လူမှုရေးစွမ်းအင်မြှင့်သင်တန်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်စခန်းသွင်း၍ သက်ဆိုင်ရာပညာရှင်များနှင့်ပူးပေါင်းကာ လူမှုရေးလုပ်ဆောင်မှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် (အခမဲ့) ထမ်းရွက်ပေးမှုများနှင့် လူမှုရေးသမားများထားရှိရမည့် စိတ်ဓါတ်ရေးရာ၊ စောင့်ထိမ်းရမည့် အကျင့်သီလ ကိုယ်ကျင့်တရားများအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography အား Projecter ဖြင့် ပြသရှင်းလင်းခြင်း၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ Buddhism and Humanism၊ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ Aims and Objectives of life၊ ဒေါ်သီတာမှ Interpersonal Skills၊ ဦးသန်းနိုင်မှ Water Filtration System Demonstration Workship Training၊ ဦးဖူးကျော်ဇင် (Future Wave)မှ Leadership Skill၊ ဒေါ်စီစီမာမှ Financial Rules၊ ဦးလွင်ကိုလတ်နှင့် ဦးစိုင်းရဲကျော်စွာမြင့်တို့မှ Civil Society၊ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့မှ Production of Organic Shampoo and Liquid soap၊ ဦးမန်းသိုက်ထွန်းမှ Human Right၊ ဦးကျော်ဇောနိုင်မှ Legal Knowledge and Community Awareness နှင့် ဒေါက်တာထွန်းလွင်မှ မိုးလေဝသဆိုင်ရာပညာ ရပ်များအား သင်တန်းကာလ (၆) ရက်ကြာမြင့်စွာ လက်ဆင့်ကမ်း၍ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ လူမှုရေးသမားများအတွက် သင် တန်းဖွင့်လှစ် ပို့ချသင်ကြားခဲ့သည်။
 
 
 
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အမှတ်စဉ် (၂/၂ဝ၁၂) ပရဟိတအသင်းများ စွမ်းရည်မြှင့်သင်တန်းသို့ သန်လျင်မြို့နယ်ရှိ “သန်လျင်နာ ရေးကူညီမှုအသင်း” နှင့် “ရွှေသန်လျင်သာသနာ့ရိပ်သာ လူငယ်ပရဟိတအကျိုးဆောင်အဖွဲ့”၊ ဒလမြို့နယ်ရှိ “ဒလနာရေးကူညီမှုအသင်း”၊ “သံသရာခရီးသည် နာရေး ကူညီမှုအသင်း”၊ မှော်ဘီမြို့နယ်ရှိ “မြို့မ (အခမဲ့) နာရေးကူညီမှုအသင်း”၊ မကွေးတိုင်းရှိ “နတ်မောက် နာရေးကူ ညီမှုအသင်း”၊ “ကံဦးသွေးလှူရှင်များအဖွဲ့”၊ “နာမ့်ခုံးရှမ်းများ ပရဟိတအသင်း”၊ “ထုံးဘိုနာရေး ကူညီမှုအသင်း”၊ “ပဲနွယ်ကုန်း 100 Power လူငယ်များအဖွဲ့”၊ “ဖယ်ခုံ – လောကပါလ လူမှုကူညီရေး”၊ “မြစ်ကြီးနား – အောင်နန်းနာရေးကူညီမှုအသင်း”၊ “နမ္မတီးနာရေးကူညီမှုအသင်း”၊ “တနိုင်းနာရေးကူညီမှုအသင်း”၊ “သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်)”၊ “ဖျာပုံ-ကရုဏာရှင်နာရေးကူညီမှုအသင်း”၊ “မလှိုင်မြို့ – ပန်းအိုင်နာရေးကူညီမှုအသင်း”၊ “ညောင်ဦးမြို့ – ကရုဏာရှင် (အခမဲ့) နာရေးနှင့်ဆေးခန်း”၊ “နေပြည်တော်၊ သာဝတ္တိမြို့ရှိ “ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး”၊ သနပ်ပင်မြို့ရှိ “ကုလားချောင်းကြီးရွာ နာရေးကူညီမှုအသင်း” နှင့် “စေတနာရှင် နာရေးကူညီမှု”၊ မိုင်းရှူးမြို့ရှိ “မေတ္တာရှင် လူငယ်များ သာမှု/ကူမှု ကူညီရေးအသင်း”၊ ထုံးဘိုမြို့၊ မြောင်အုပ်စုရှိ “ဖူးရွှေစင်နိုင်ရတနာ လူမှုကူညီရေး”၊ တောင်သာမြို့ရှိ “လူမှုကူညီရေး အသင်း” အစရှိသည့် အသင်းအဖွဲ့ (၂၅) ဖွဲ့ရှိ လူမှုရေးသမား (၄၅) ဦးတို့အား သင်တန်းကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအ သင်း (ရန်ကုန်) မှ ဧည့်ခံကျွေးမွေးခဲ့ပြီး နယ်အသင်းအဖွဲ့များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဦးရဲလွင်ဦးဆောင်သည့် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်နှင့်အတူ ကိုဆောင်းဦးလှိုင်မှလည်း လာရောက်၍ ဂီတ သံစဉ်တို့ဖြင့် လူမှုခွန်အားများကို မြှင့်တင်ပေးခြင်းတို့အပြင် ညပိုင်းအချိန်များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ စုဆောင်းရရှိထားသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ရပ်မှန်၊ အတ္ထုပ္ပတ္တိဇာတ်လမ်းများအားပြသကာ မိမိတို့၏ လူ့အဖွဲ့အစည်း ပိုမိုတိုးတက် သာယာငြိမ်းချမ်းရေးကို ရှေးရှု၍ ကျယ်ပြန့်ကွဲပြားသော အသိပညာ၊ အတွေးအမြင်၊ အကြောင်း အရာ၊ အတွေ့အကြုံများကို ရှာဖွေလေ့လာ၍ ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း မျှဝေခြင်းဖြင့် အဖွဲ့အစည်း၊ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့အပြုအမူများကို တတ်အားသဖြင့် လုပ်ဆောင်နိုင် ကြစေရန်နှင့် သင်ခန်းစာရယူနိုင်ကြစေရန်အတွက် ပြသခဲ့သည်။
သင်တန်းပြီးစီးသည့် နေ့ရက်တွင် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ပရဟိတ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များအား နာရေးကူညီမှု အသင်း (ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာ မောင်မောင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး နေ့လည် (၁းဝဝ) နာရီအချိန်တွင် သင်တန်းသား/သူများတို့အား လေ့လာရေးခရီးစဉ်အဖြစ် ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခွဲနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ကူညီ ဖေးမမှု အသီးသီးတို့အား လိုက်လံပြသ ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ကျေးဇူးရှင် ဘဘဦးသုခ၏ အုတ်ဂူအားသွားရောက်၍ ဂါရဝပြု ကြကာ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ညနေ (၄း၃ဝ) နာရီတွင် နာရေးကူညီမှု အသင်း (ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာကြပြီး ပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း ၂/၂ဝ၁၂ အခမ်းအနားအား အောင်မြင်စွာပြီး ဆုံးခဲ့ပါသည်။
၁၅.၃.၂ဝ၁၂ ညပိုင်းနှင့် ၁၆.၇.၂ဝ၁၂ နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မိမိတို့ နေရပ်ဋ္ဌာနအသီးသီးသို့ တက်ကြွသောခြေလှမ်း၊ ဖေးမမည့်နှလုံးသား၊ ပံ့ပိုးမည့်လက်အစုံတို့ဖြင့် မြန်မာပြည်အရပ်ရပ်ရှိ မိမိတို့၏ ဇာတိချက်မြှုပ်ရာ နေရာဋ္ဌာနအသီးသီးတို့ ဗြဟ္မစိုရ်ခြေလှမ်း များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့၏စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးထူထောင်ရာတွင် အဓိကကျသော သီလလုံခြုံသော၊ ကိုယ်ကျင့် တရားပြည့်ဝသော လူမှုရေးသမားများ၊ လူမှုရေးအဖွဲ့အစည်းများပေါ်ထွန်းလာရေးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးမှုများကို ….
ကိုယ့်လမ်း … ကိုယ်သွား
ကိုယ့်အလုပ် … ကိုယ်လုပ်
ကိုယ့်တာဝန် … ကိုယ်ကျေ
ကိုယ့်သီလ … ကိုယ်လုံ
ကိုယ့်သမိုင်း … ကိုယ်ရေး ဟူသောဆောင်ပုဒ်အတိုင်း လက်ခံကျင့်သုံး၍ ကွန်ယက်သဖွယ် ချိတ်ဆက် လက်တွဲကာ ငြိမ်းချမ်းရေးပန်းတိုင်သို့ လက်တွဲမဖြုတ် ဖေးကူမကာ မြန်မာအရပ်ရပ် ဒေသအသီးသီးမှ လူမှုရေးအသင်းအဖွဲ့များ လူမှုရေးသမားများအား လက်တွဲခေါ်ယူ ပံ့ပိုးကူညီမှု များကို အင်တိုက်အားတိုက်ချီတက်၍ ပေးဆပ်သွားတော့မည်ဖြစ်သည်။
• နိဗ္ဗာန် / ၁ဝ၁
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ရာသက်ပန် အသင်းသားဖြစ်သူ ကိုဆောင်းဦးလှိုင်နှင့် ကိုဥက္ကာဦးသာတို့သည် ၁၃.၇.၂ဝ၁၂ ရက်နေ့မှ ၁၇.၇.၂ဝ၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံရှိ မြန်မာ လူမျိုးတို့ ဖွဲ့စည်းထားသော ရနံ့သစ်အဖွဲ့မှ ဦးဘိုဘိုဝင်းနှင့် မိတ်ဆွေများ၏ ဖိတ်ကြားချက်အရ လူမှုရေးလုပ်ဆောင်ချက်များအား ပြည်ပရှိ မြန်မာလူမျိုး မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားသွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းများဟူသော လူမှုရေးဟောပြောပွဲနှင့် လူမှုရေးဂီတ ဖျော်ဖြေပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ည (၈း၃ဝ) နာရီအချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
 
ပြည်ပနိုင်ငံများတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များကို ရုပ်ပုံလွှာများဖြင့် ရှင်းလင်းပြသ ဟောပြောခဲ့ပြီးသည့် နောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်သည်နှင့် ၁၈.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံကြီး၌ ပါမောက္ခ သမားတော်ကြီး ဒေါက်တာ သီဝတင်၏ ဖခင်ကြီးဖြစ်သူ ဦးကောင်းတင် အသက် (၈၉) နှစ်သည် ကွယ်လွန်သွားခြင်းကို အကြောင်း ကြားလာ သည့်အတွက် ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီးဒေါ်ရွှေဇီးကွက်နှင့် အသင်းသားများတို့သွားရောက်၍ ရုပ်ကလာပ်အား အာရှတော်ဝင်ဆေးရုံကြီးမှ သယ်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်၍ ဆွေမျိုးမိတ်သင်္ဂဟများ စုံညီစွာဖြင့် မီးသင်္ဂြိုလ်ပေးခဲ့သည်။
ထိုကဲ့သို့ ဖခင်ကြီး ဦးကောင်းတင်၏ ရုပ်ကလာပ်အား သွားရောက်သယ်ဆောင်ရာတွင် ဂျပန်နိုင်ငံမှ အလှူရှင် ကိုဗညား (မိသားစု) တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားသော မာစီးဒီးအမျိုး အစားနိဗ္ဗာန်ယာဉ်ဖြင့် ပထမဦးဆုံး သွားရောက်ကူညီဖေးမပေးသော နာရေးကူညီမှုလမ်းကြောင်း ဖြစ်သည်။ ထို့ပြင် ယင်း မာစီးဒီးနိဗ္ဗာန်ယာဉ်သည် မြန်မာနိုင်ငံတွင် က.ည.န ဋ္ဌာနမှ ပထမဦးဆုံးသော တရားဝင် ထုတ်ပေးလိုက်သည့် နိဗ္ဗာန်ယာဉ်နံပါတ် “နိဗ္ဗာန်/၁ဝ၁” ဖြစ်သည်။ ထို့ကြောင့် ပြည်ပမှလူမှုရေး လုပ်ဆောင်ချက်များကို ပြောကြားခဲ့ပြီးသည့် နောက် ပထမဦးဆုံး နာရေးလမ်းကြောင်းအား ပြန်လည် မောင်းနှင် ကုသိုလ်ယူပေးခဲ့သော ဥက္ကဌ ဦးကျော်သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိဗ္ဗာန်ယာဉ် နံပါတ်ရရှိသော မာစီးဒီးနိဗ္ဗာန်ယာဉ်အမှတ် “နိဗ္ဗာန်/၁ဝ၁” ဖြင့် မောင်းနှင်ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ရသူ ကွယ်လွန်သူ ဖခင်ကြီး ဦးကောင်းတင်အဖို့ ထူးခြားသော ဘဝတစ်ပါးသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပေလိမ့်မည်။
မသေဆေး မရှိ
မွေးဖွားလာသော သတ္တဝါဟူသမျှတို့သည် အသက်မသေ အမြဲနေရအောင် ကြံဆောင် ပြုပြင်နိုင်သော အင်းအိုင် မန္တရား ဆေးဝါး ပယောဂ လုံ့လပညာ ဘယ်မှာမျှ မရှိနိုင်၊ “အိုပြီးလျှင် သေကြရမည်” ဟူသော သတ္တဝါတို့၏ သဘောတံထွာ ဓမ္မတာအတိုင်းသာ ဖြစ်ရရှာကုန်၏။
(သင်္ဂဇာ ဆရာတော်ကြီး၏ စတုရာရက္ခကျမ်း၊ မရဏဿတိနိဒ္ဒေသမှ ထုတ်နုတ်ချက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts