ကဗျာ

သားဖွားခန်းထဲက မိုးတိမ် – Maung Nyein Aye

သားဖွားခန်းထဲက မိုးတိမ်

မောင်ငြိမ်းအေး၊ ဇူလိုင် ၁၆၊ ၂၀၁၂


မုတ်သုန်နဲ့အိမ်ထောင်ပြုထားတဲ့ တိမ်တွေ
ကိုယ်ဝန်အရင့်အမာကို လွယ်ပိုးလို့
ညနေဘက် ပက်ကျိတစ်ကောင်လေညင်းခံထွက်လာသလို
မှိုင်းပြာရီကောင်းကင်မှာ တအိအိတရွေ့ရွေ့။

သေခါနီးလူမမာ အာခြောက်နေပုံ
ရေ
ရေ
ရေပေးပါ. … …တဲ့
ပထမရာသီတစ္ဆေကောင်ရဲ့ ကျိန်စာကိုစားနေရတဲ့
ကန္တာရတောင်တန်းတွေ…
ရိုးကြီးဂေါင်ဂင် သစ်တောတွေ…..
ရှည်မျောမျော သဲသောင်ပြင်တွေ…..
အစိတ်စိတ်အမြွာမြွာ ရင်ကွဲနေတဲ့လယ်ကွက်တွေ
ကမ္မဌာန်းအရိုးချောင်းတွေ
လူနာ အမဲခြောက်တောင်းသလို
လက်ဖြန့်နေလိုက်ကြတာ။

ဇွန်..ဇူလိုင်..သြဂုတ်..စက်တင်ဘာတို့ဟာ
ခေါင်းကလေးတွေ ပြူထွက်လာနေကြပြီ
ညှစ်လိုက်
အားကလေး နည်းနည်းစိုက်ပြီး ညှစ်လိုက်ပါ
မုတ်သုန်က မုတ်သုန်ကို ပြန်စောင့်နေတာမျိုး
စကြ၀ဠာကြီးက မချစ်နိုင်ပေဘူး
အရင်းအနှီးက ကြီးတယ်လေ။ ။

(Photo – http://newshopper.sulekha.com/kenya-draught_photo_975785.htm )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts