မျက်မှောက်ရေးရာ သတင်းပဒေသာ

ဒီပဲယင်းတွင် ဒုက္ခိတဖြစ်သွားသည်အထိ ရိုက်နှက်ခံရသူ NLD အဖွဲ့ဝင် ကိုမြတ်ကို


မိုးအခအထောက်တော် ဝဝ၁
ဇူလိုင် ၁၆၊ ၂၀၁၂


၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုတွင် ရိုက်နှက်ခံရသူတဦး၏ ဓာတ်ပုံကို မုံရွာမြို့ NLD ၏ Facebook တွင် ယနေ့ ပေါ်ပေါက်လာသည်။
သူ၏အမည်မှာ ကိုမြတ်ကို ဖြစ်ပြီး မြောင်မြို့နယ် တွင်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။
သူ့ကို သွားရောက် တွေ့ဆုံသော NLD အဖွဲ့ဝင်များကိုလည်း ဓာတ်ပုံတွင် တွေ့ရသည်။

ကိုမြတ်ကိုသည် စစ်ကိုင်းတိုင်းသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးပေးသည့် NLD အဖွဲ့ဝင်များထဲတါင် ပါဝင်သည်။

၂၀၀၃ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း ဒေသ အကြမ်းဖက်မှုတွင် ထောင်နှင့်ချီသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်ရပ်ကို အာဏာပိုင်တို့က ပဋိပက္ခတခုအဖြစ် သတ်မှတ်ပြီး သေဆုံးသူ ၄ ဦးရှိသည်ဟု တရားဝင် ပြောဆိုခဲ့သည်။

အများအပြား ဒဏ်ရာရ ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင် တချို့မှာ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရသည်။

ယခုအခါ အစိုးရက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောဆိုခြင်း အလျဉ်း မရှိသကဲ့သို့ NLD ကလည်း သင်ပုန်းချေလိုသည့်ပုံရှိနေသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “ဒီပဲယင်းတွင် ဒုက္ခိတဖြစ်သွားသည်အထိ ရိုက်နှက်ခံရသူ NLD အဖွဲ့ဝင် ကိုမြတ်ကို
  1. သင်ပုန်းချေချင်လဲ ချေပါ။ ဒါပေမဲ့ ဒီပဲရင်းမှာ ပေးဆပ်ခဲ့သူတွေကို မေ့မပစ်ဘို့နဲ့ ဖေးမကူညီကြဘို့ လိုပါသည်။

  2. it is unforgetable and unforgiven masscare for those who suffered and given their lives for . It should be an eye for an eye. Somebody can forgive but some can not . pls understand.

  3. ဟုတ်ပါသည်။ သင်ပုန်းချေတာနှင့် ခံစားခဲ့ရသူများကိုမမေ့ဘဲ ဘဝဆက်လက်ရှင်သန်အသက်ရှင်ဖို့သူတို့
    ကိုဝိုင်းဝန်းကူညီကြပါစေ။ တစ်ယောက်လက်နဲ့မစွမ်းသာသော်လည်းအများလက်နဲ့ဆိုရင်အမှန်တစ်ကယ်
    စွမ်းဆောင်နိုင်ပါသည်။

  4. သူငယ်ချင်း နိုင်ငံရေးဆိုတာ အားနည်းသူ ခံရစမြဲပါ အသုံးချခံပြည်သူတစ်ယောက်ကို သူရဲကောင်းလို့ တော့ ဘယ်အဖွဲ့အစည်းကမှ သက်မှတမ်မှာမဟုတ်ဘူး နောင်လာနောက်သား တွေ ခင်ဗျားလိုမဖြစ်ကြဘို့ သတိပေးလိုက်ပါဗျာ …….ကျွန်တော်တို့လို အညတရပြည်သူချင်းမှာတော့ ခင်ဗျားက သူရဲကောင်းမျိုးချစ် ပြည်သူကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူပါတယ်

  5. yamahta 17 -7-2012, 6:15 pm. သင်ပုန်းချေတာက တပိုင်းထားလိုက်ပါ။ အဖြစ်မှန်ပေါ်ပေါက်ရေးကို တော့ လွှတ်တော်ကအမတ်မင်းများ တင်ပြဖို့တော့ လိုလိမ့်မယ်နော။

  6. အပြည့်အ၀ကူညီပေးလိုက်ပါ။
    အမေ့အသက်ကိုကယ်တင်သူတွေကိုအရမ်းလေးစားမိပါတယ်။
    ဒါဟာမိမိရဲ့မွေးရာပါမြင့်မြတ်တဲ့အသိတရားပဲ။
    ဒီပဲရင်းကိုဖန်တီးစေခိုင်းသူများ
    သူတို့သားစဉ်မြေးဆက်ယခုလိုအဖြစ်ဆိုး
    နဲ့မကြုံဆုံရပါစေနဲ့လို့ဆုတောင်းပေးလိုက်တယ်။
    အောက်တန်းစားဘီလူးသရဲတွေလက်ကတပ်မတော်ကြီးနှင့်တကွ
    ပြည်သူများအမြန်ဆုံး
    လွတ်မြောက်နိုင်ကြပါစေ…

  7. Everybody “Love urself”,and then alive on “BUDDHA’S WORDS”I Believe the whole world will be PEACEFUL

Comments are closed.