မိုးမခရုပ်သံ သတင်းပဒေသာ

Magwe – ၁၉ ဇူလိုင် အာဇာနည်နေ့အခမ်းအနား မကွေးမှာ ကျင်းပမည်

၁၉  ဇူလိုင် အာဇာနည်နေ့အခမ်းအနား မကွေးမှာ ကျင်းပမည်

မကွေးဘကျော်၊ ဇူလိုင် ၁၅၊ ၂၀၁၂

ဒေသခံ အာဏာပိုင်များကိုယ်တိုင် မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံမှာ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ အစိုးရ၀န်ကြီးများ၊ အာဏာရ ပါတီခေါင်းဆောင်များ၊ အစိုးရအရာရှီကြီးများနဲ့ ကျင်းပမှာဖြစ်ပြီး အဲသည်နောက်မှာမှ အများပြည်သူ လာရောက်အလေးပြုနိုင်ရန် အချိန်ကို ခွင့်ပြုမယ်လို့ ဆိုပါတယ်။ အတိုက်အခံ အင်န်အယ်ဒီပါတီက လူဦးရေ ၂၀၀ နဲ့ ချီတက်အလေးပြုခွင့်ကို တင်ထားသော်လည်း ခွင့်ပြုချက် မရသေးဟု သိရပါတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးမြို့ခံ လူမှုရေးအသင်းအဖွဲ့တွေက သွေးလှူဒါန်းခြင်း၊ ဆေးရုံ ဆေးခန်းများက လူနာများကို ဆန်ပြုတ်အဟာရလှူဒါန်းခြင်းတို့ ပြုလုပ်ကြမယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts