ကြော်ငြာကဏ္ဍ

အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးပွဲများ အပတ်စဉ် ကျင်းပမည်

မိုးမခရွာဆော်ကြီး၊ ကြော်ငြာ၊ ဇူလိုင် ၁၅၊ ၂၀၁၂

“အသင်းအဖွဲ့များ၏ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ခေတ်ရဲ့ သြဇာတက္ကိမကြီးမားတဲ့ နိုင်ငံရေးလူမှုရေး စာရေးဆရာများ၊ ပညာရှင်များက  အလှည့်ကျ ပင်တိုင်ဆွးနွေးသွားမှာဖြစ်ပြီး၊ လာရောက်ကြတဲ့ နိုင်ငံရေးလူမှုရေး အသင်းအဖွဲ့တွေက အဖွဲ့ဝင်တွေနဲ့ တသီးပုဂ္ဂလဧည့်ပရိတ်သတ်တွေကလည်း အပြန်အလှန် မေးခွန်းထုတ် ဆွေးနွေး ပါဝင်ကြနိုင်ဖို့စီစဉ်ထားတဲ့ စကားဝိုင်းတခုကို အပတ်စဉ် စနေနေ့တိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၄ရက် စနေနေ့က စတင်ပြီး ၆လတိုင်တိုင် အပတ်စဉ် စနေနေ့တိုင်းမှာပြုလုပ်သွားဖို့စီစဉ်ထားပါတယ်။  ကျင်းပပြုလုပ်မယ့်အချိန်ကတော့ ။ နေ့လည် ၂း၀၀ နာရီ မှ ၄း၀၀ နာရီထိဖြစ်ပါတယ်စကားဝိုင်းပြုလုပ်မယ့်နေရာကတော့ ။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင် မှာဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ ၁၄ရက် စနေနေ့ စကားဝိုင်းမှာ ပင်တိုင်ဦးဆောင်ဆွေးနွေးသူအဖြစ်နဲ့ စတင်ပါဝင်မယ့် သူကတော့ ဆရာမ မသီတာ(စမ်းချောင်း)ဖြစ်ပါတယ်။ နောက်လာမယ့် အပတ်တွေမှာပါဝင်ကြမယ့် စာရေးဆရာများ ကတော့ ဆရာမ သန်းမြင့်အောင်၊ ဆရာ ဖေမြင့်၊ ဆရာ မောင်ဝံသ၊ ဆရာ သန်းစိုးနိုင်၊ ဆရာ ဦးအေးကျော်(MHR)၊ ဆရာ ကိုတာ တို့နဲ့ အခြား ဆရာ ဆရာမများဖြစ်ပါတယ်။  စကားဝိုင်းနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုတဲ့ အချက်များကို
အောက်ပါပုဂ္ဂိုလ်များဆီဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကိုရဲဇင် ၀၉-၇၃၂၅၀၉၅၀ (အလင်းသစ်ဦးတည်ရာ)

e-mail newlightdirection1@gmail.com

ကိုမောင်မောင်စိုး ၀၉- ၇၃၀၉၆၆၇၂ (အလင်းသစ်ဦးတည်ရာ)

ကိုကျော်ဇော ၀၉-၄၃၀၂၇၁၈၄ (Green Myanmar)

ကိုဘော်ဘီ ၀၉-၆၈၀၂၉၄၆ (Safety Net)

ကိုဦး (Safety Net)

ကိုဖိုးသား ၀၉-၇၃၀၁၈၉၄၂ (လူငယ်သွေးမေတ္တာအဖွဲ့)

ကိုဝင်းကျော့မှုး ၀၉-၈၆၃၃၇၈၂

ကိုညီညီ ၀၉-၇၃၀၉၉၈၇၇

ကိုမိုဃ်းသွေး ၀၉-၄၂၁၀၈၇၉၉၃ (Generation Wave)

e-mail နဲ့ဆက်သွယ် စုံစမ်းလိုပါက  saturday.dialouge@gmail.com  ကို ဆက်သွယ်ပေးပို့နိုင်ပြီး  facebook မှဆက်သွယ်လိုပါက ( အသင်းအဖွဲ့များ ပြုပြင်ပြောင်းလဲမှုနှင့်အနာဂတ်မြန်မာနိုင်ငံ ) ဆိုသည့်စာမျက်နှာတွင် စုံစမ်းဆက်သွယ်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts