ဓာတ်ပုံသတင်း

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့  တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ
တာရာဝေယံ။ ဇူလိုင်၊ ၁၃၊ ၂၀၁၂
          ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက်  ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဒီနေ့နံနက် ၁၀း၀၀ နာရီက ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ ငြိမ်းချမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီနေ့အခမ်းအနားမှာ လက်ရှိနိုင်ငံ ရေးအကျဉ်းသား (၃) ယောက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း (၁၂) ယောက် စုစုပေါင်း (၁၅) ယောက် ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်အရ 
ဆရာ ဦးဝင်းတင်က အမှတ်တရစကား ပြောကြားခြင်း၊
 ရှေ့နေဦးအောင်သိန်းမှ သတင်းထုတ်ပြန်ချက် ဖတ်ကြားခြင်း၊
 ဦးနေ၀င်း(ဆရာ နေ၀င်းစံ)မှ ထောက်ပံ့ငွေပေးအပ်ရသည့် အကြောင်းရင်းကို ရှင်းပြခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။
 ၎င်းနောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ထောက်ပံ့ငွေရရှိသူများ ကိုယ်စား ကိုသန်းဇော်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခြင်း၊ ဆရာဦးဝင်းတင်မှ နိဂုံးချုပ်စကား ပြောကြားခြင်းတို့ အပြီးမှာ ဧည့်သည် များကို အကျွေးအမွေးနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

(ကိုဆန်နီ အမသို့ ဦးသော်က ဂုဏ်ပြု)
 လွတ်မြောက်လာသော ကိုသန်းဇော်
 
 ဦးထွေးမြင့်ကို ဂုဏ်ပြုနေတဲ့ ဦးမိုးသူ 
 ဦးမျိုးမြင့်နဲ့ ကိုခင်ကျော်
 ဦးပညာသီဟနဲ့ ဦးကိုကိုကြီး
 ဦးစိုးညွန့်နဲ့ ဒေါ်စမ်းစမ်းတင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts