လူများ၊ ရုပ်ပုံလွှာများ သတင်းပဒေသာ

အငြိမ်းစားသံအမတ်ကြီး၊ စာရေးဆရာ၊ ဦးသက်ထွန်း (၈၆နှစ်) ကွယ်လွန် (Hot News Journal)

အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (အသက် ၈၆ နှစ်)  သည် ၅.၇.၂၀၁၂ ညပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင်အထူး ကုဆေးခန်းတွင် ကွယ်လွန်သွား သည်။

““ဗုဒ္ဓဟူးနေ့က ည ၇ နာရီ ၅၀ လောက်က အာရှတော်ဝင် ကြပ်မတ်ဆောင်မှာ ဆုံးသွားပါ တယ်၊ ဆရာကြီးက ပရက်ရှာ (သွေးပေါင်)လည်း ကျတယ်၊ ဆီး ချိုလည်း တက်တယ်၊ အကောင်း ကြီးကနေ ထဖြစ်သွားတာပါ၊ သင်္ဂြိုဟ်မယ့်အစီအစဉ်ကတော့ မသတ်မှတ်ရသေးပါဘူး””

ဟု ဦးသက်ထွန်း၏ သားတပည့်တစ် ဦးဖြစ်သူကိုခန့်ချောမောင်ထံမှ သိရသည်။ဦးသက်ထွန်း၏ ရုပ်ကလာပ်  ကို ထိန်ပင်သုဿာန်သို့ပို့ဆောင်   ထားကြောင်း၊ ဈာပနအခမ်းအနား အစီအစဉ်ကိုမူ ဗြိတိန်နိုင်ငံလန်ဒန်  မြို့တွင်နေထိုင်သည့်သားအကြီး ဖြစ်သူရောက်ရှိလာမှစီစဉ်မည်   ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာဆရာ မောင်ဝံသက

 ““ဆရာဟာ အသက်  ကြီးကာမှ စာပေများ ဖိရေးပြီး လူချွန်လူမွန်မျိုးဆက်လက်ဆင့်ကမ်း  သွားတယ်လို့ ကျွန်တော်နှမျောတ  သစွာပြောချင်ပါတယ်””ဟု ပြော သည်။

 ဆရာမောင်ဝံသထုတ်ဝေ   နေသော အတွေးအမြင်စာစောင်   တွင် ဦးသက်ထွန်း၏ အတ္ထုပ္ပတ်္တိ ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ဖြင့် လက်ရှိဖော်ပြနေဆဲဖြစ်ရာ မပြီးဆုံးခင်ကွယ်လွန်သွားခြင်းဖြစ် ကြောင်း၊ ထို အတ္ထုပ္ပတ်္တိကို စာအုပ်   အဖြစ်ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း လည်း ဆရာမောင်ဝံသကဆက် လက်ပြောပြသည်။ 

ဦးသက်ထွန်း သည် သံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် စာပေ ရေးသားခြင်းကို ဇောက်ချလုပ်ကိုင် ခဲ့ရာ အတွေးအမြင်စာစဉ်၊ ပြည်သူ့ ခေတ်ဂျာနယ်စသည့်မြန်မာစာနယ် ဇင်းများတွင် မကွယ်လွန်ခင်အထိ  အဆက်မပြတ်ရေးသားခဲ့သည်။ထို့အပြင် သံတမန်အတွေ့ အကြုံနှင့် ပတ်သက်သော ““သံတို့  အမြင် (အင်္ဂလိပ်+မြန်မာ)”” ““မြန်မာ  တစ်ဦး၏ ကမ္ဘာ့အမြင်”” စသည့်  စာအုပ်များ၊ နိုင်ငံရပ်ခြားအတွေ့ အကြုံများ၊ သူတို့အကြောင်းတ စေ့တစောင်း၊ ဟာသဟင်းလေး အိုးစသည့်စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ 

သံအမတ် ကြီးဦးသက်ထွန်းသည် ၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ်၊ ဆွစ်ဇာလန် နှင့် စပိန်နိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး၊ ယူနက်စ်ကို ဆိုင်ရာ  အမြဲတမ်းကိုယ်စားလှယ်နှင့် ကုလ   သမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မတီကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။ 

၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာန  ခွဲညွှန်ကြားရေးမှူးအဖြစ်လည်း ထမ်းရွက်ခဲ့သည်။ ၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသားစီမံကိန်း  ၀န်ကြီးဌာနဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာနခွဲ၌ ညွှန်ကြားရေး မှူးချုပ်အဆင့်အထိတာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း နိုင်ငံ တော်က ချီးမြှင့်သော ၀ဏ္ဏကျော် ထင်ဘွဲ့ကိုလည်းရရှိခဲ့သည်။ထွန်းဖောင်ဒေးရှင်းဘဏ်၌  ဒါရိုက်တာ မြန်မာနိုင်ငံသမိုင်းအဖွဲ့ ၌ အချိန်ပိုင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ  ဂျပန်ပြန်ပညာသင်ဟောင်းများ အသင်း၏ ဥက္ကဋ္ဌအဖြစ်ကွယ်လွန်  ချိန်အထိဆောင်ရွက်ခဲ့သည်။ဦးသက်ထွန်းကွယ်လွန်ချိန် တွင် လန်ဒန်မြို့၌နေထိုင်သော  သားကြီးကိုစိုးမင်းထွန်းနှင့် ရန်ကုန်   မြို့ရှိသားအငယ်ကိုလင်းဝင်းထွန်း တို့ နှစ်ဦးကျန်ရှိခဲ့သည်။ ဇနီးဖြစ် သူဒေါ်ခင်ခင်အုန်းမှာ ပြီးခဲ့သည့်  ဖေဖော်ဝါရီလ အတွင်းက ကွယ်လွန်ခဲ့သည်ဟု သတင်းရရှိ  သည်။

ဇာင်းချမ်း ( Myanmar Hot News Journal)

(Photo – MoeMaKa)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts