သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ

သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၂
ရဲဘော်သုံးကျိုပ်ဝင် ဗိုလ်ဗလ၏ ငယ်နာမည်မှာ ကိုသန်းရင်ဖြစ်သည်။ ယင်းနောက် စနေသားဖြစ်သည့်အတွက် နေ့နံအတိုင်း ထွန်းလွင်ဟု အမည်ပြောင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်မှုကြောင့် သခင်ထွန်း လွင်အမည်တွင်ခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်နာမည်မှာ အိုတာနီဟီိရိုရှီ (Otani Hiroshi) ဖြစ်သည်။ ထို့နောက် ထိုင်း နိုင်ငံဘန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်ဗလဖြစ်လာခဲ့သည်။

ရဲဘော်သုံးကျိုပ်ဝင် ဗိုလ်ဗလ ခေါ် သခင်ထွန်းလွင်ကို မြောင်းမြခရိုင် ကျိုက်ပိရွာတွင် အဖ မြေစာရင်းအင်စပက်တော် ဦးကျော်ဟန်နှင့် အမိ ဒေါ်သိန်းတို့မှ ၁၉၁၇ ခုနှစ် မတ်လ ၁၇ ရက်၊ စနေနေ့၌ ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ငါးဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးမှာ ဦးထိန် ဝင်း (သခင်ထိန်ဝင်း) ဖြစ်ပြီး အစ်ကိုလတ်မှာ မြို့မ ကိုသန်းတင် ဖြစ်သည်။ အစ်ကိုများမှာ မောင်ထွန်းလွင်ထက်ဦးစွာ နိုင်ငံရေးလှုပ်ရှားဆောင် ရွက်သူများ ဖြစ်ကြသည်။ အစ်ကိုအကြီးဆုံး ဦးထိန်ဝင်းသည် တို့ဗမာအစည်းအရုံးနှင့် နဂါးနီစာအုပ်တိုက်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

မောင်ထွန်းလွင်သည် ငယ်စဉ်က လပွတ္တာမြို့ရှိ ဦဖိုးသစ်တည်ထောင်ခဲ့သော အမျိုးသားကျောင်းတွင် အသက်ငါးနှစ်အရွယ်မှ စတင်ပညာ သင်ကြားခဲ့ပြီးနောက် လပွတ္တာမြို့အစိုးရအထက်တန်းကျောင်းသို့ပြောင်းရွှေ့၍ သတ္တမတန်းအောင်သည်အထိ သင်ကြားခဲ့သည်။ သတ္တမ တန်းအောင်မြင်သည့်နှစ်တွင် မိဘများ မြောင်းမြခရိုင်၊ ပြင်ရွာသို့ ပြောင်းရွှေအမှုထမ်းရသောကြောင့် ကိုထွန်းလွင်သည် ကျောင်းမှထွက် လိုက်ရသည်။ ယင်းနောက် ပြင်ရွာတွင် အင်္ဂလိပ်စာပေကို အလွက်ပညာသင်ဆရာမျာဖြင့် ထပ်ဆင့်လေ့လာသင်ကြားခဲ့သည်။

၁၉၃၆ ခုနှစ်၌ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်မှစ၍ မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ဝင်ရောက်ကာ နိုင်ငံရေးဆောင်ရွက် ခဲ့သည်။ ၁၉၃၈ – ၃၉ မြောင်းမြစီရင်စု တို့ဗမာ့လကရရုံးတပ်ဖွဲ့တည်ထောင်သောအခါ ခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၃၈ နိုဝင်ဘာလ ၂၀ မှ ၂၂ ရက်နေ့အထိ သာယာဝတီမြို့တွင် တို့ဗမာအစည်းအရုံး၏ ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်အစည်းအဝေးသို့ သခင်ထွန်းလွင်နှင့် ဝါးခယ်မ သခင်မောင်မောင်တို့သည် မြောင်းမြစည်ရင်စုကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြသည်။ မူလ က အဆိုပါညီလာခံကို မန္တလေးမြို့တွင် ကျင်းပရန်စီစဉ်ခဲ့သည်။ ထိုအခါက သခင်ထွန်းလွင်နှင့် သခင်အေးချို၊ သခင်သိန်းမောင်၊ သခင်စိုးမြင့် တို့သည် ဗမာ့လက်ရုံးတပ်ဝတ်စုံများဖြစ်သော အင်္ကျီလက်တိုအနီ၊ ဘောင်းဘီတိုအနီ၊ ဝါးဖတ်ဦးထုပ်များကိုဆောင်းပြီး မြောင်းမြမြို့မှ မန္တ လေးမြို့အထိ ခြေလျင်ချီတက်ရန် ထွက်လာခဲ့ကြသည်။ သို့သော် မန္တလေးမြို့တွင် ကူးစက်ရောဂါများဖြစ်ပွားနေ၍ ညီလာခံကို သာယာ ဝတီမြို့သို့ ပြောင်းရွှေ့ကျင်းပရန်စီစဉ်ခဲ့သောကြောင့် သခင်ထွန်းလွင်တို့သည် တောင်ငူမြို့အထိ ခြေလျင်လျှေက်ပြီးမှ နောက်ကြောင်းပြန် ကွေ့ခဲ့ကြရသည်။ သာယာဝတီညီလာခံတွင် မြောင်းမြကိုယ်စားလှယ် သခင်ထွန်းလွင်ကို ဌာနချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေး ကောက်တင်မြှောက်ခဲ့လေသည်။

သာယာဝတီညီလာမှ ပြန်လာသောသခင်ထွန်းလွင်သည် လွတ်လပ်ရေးအတွက်အနုနည်းဖြင့်မရလျှင် တိုက်ယူမည်ဆိုသောမူကို မိမိ၏စီရင် စုနယ်တွင် ဟောပြောစည်းရုံးခဲ့သည်။ သခင်ထွန်းလွင်၏နယ်ချဲ့ဆန့်ကျင် ရေးလှုပ်ရှားမှုများကို အစိုးရနားသို့ ပေါက်ကြားသွားသောအခါ သခင်ထွန်းလွင်သည် မိမိ၏စီရင်စုလှုပ်ရှားမှုများ ကို မြေအောက်လှုပ်ရှားမှုအသွင်သို့ ပြောင်းလဲလိုက်ရသည်။ ၁၉၃၈ နိုင်ဝင်ဘာလ အတွင်း ၌ပင် တို့ဗမာအစည်းအရုံးနှစ်ခြမ်းကွားသွားသောအခါ သခင်ထွန်းလွင်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးစီးသော တို့ဗမာအစည်းအရုံး တွင် ပါဝင်ခဲ့လေသည်။

ထို့နောက် သခင်ထွန်းလွင်သည် ထားဝယ်မှ ယိုးဒယား (ထိုင်း) နယ်စပ်ကိုဖြတ်၍ ယိုးဒယားရှိ ဂျပန်ကိုယ်စားလှယ်ထံသွားရန် အခွင့်အခါ ကောင်းကိုစောင့်နေစဉ်မှာပင် ရန်ကုန်ရှိ တို့ဗမာအစည်းအရုံးဌာနချုပ်မှ ကြေးနန်းစာရရှိသဖြင့် ရန်ကုန်သို့ အမြန်ပြန်လာခဲ့ရသည်။ သို့ဖြင့် မြေအောက်လုပ်ငန်းများလုပ်နေသော သခင်ချစ်၏စီစဉ်ပေးချက်အရ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားစေလွှတ်သည့် စတုတ္ထအသုတ် မြန် မာမျိုးချစ်လူငယ်များနှင့်အတူ ၁၉၄၁ ဇူလိုင်လ ၈ ရက်နေ့တွင် သခင်ထွန်းအုပ်၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်မောင်မောင် (ဗိုလ်ဥာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သစ် (ဗိုလ် စောနောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ရော်)တို့နှင့်အတူ သခင်ထွန်းလွင်သည် ကိုရီယုမာရူးသဘောင်္ဖြင့် ရန်ကုန်မြို့မှထွက်ခဲ့သည်။ ၁၉၄၁ ဇူလိုင် ၂၂ တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါစကီးမြို့ရှိ ရေတပ်စခန်းသို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ သြဂုတ် ၈ ရက်တွင် တိုကျိုမှ ဟိုင်နန်ကျန်းသို့ လေယာဉ်ဖြင့်သွားရောက်ရာ သြဂုတ်လ ၁၁ ရက်တွင် ရောက် ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများသင်ကြားခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာ သခင်ထွန်းလွင်သည် ဗိုလ်ဗလဖြစ်လာခဲ့သည်။ ၁၉၄၂ ဇန်နဝါရီ ၈ တွင် ဗိုလ်ဗလသည် ဂျပန်တပ်မတော် ဒုတိယဗိုလ် ချုပ်ကြီး ကာဝါရှီမားနှင့် ဗိုလ်လက်ျာကြီးမှူးသည့် ထားဝယ်စစ်ကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စတင်ချီတက်ခဲ့သည်။

ထို့နောက် ၁၉၄၂ ဇူလိုင် ၂၇ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပြန်လည်ဖွဲ့ စည်းသောအခါ ဗိုလ်ဗလသည် ဗိုလ်ကြီးအဆင့်ဖြင့် တပ်ရင်း (၁)၊ တပ်ခွဲ (၄) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော် လှန်ရေးကာ လတွင် ဗိုလ်ဗလဦးစီးသည့် တပ်ရင်း (၇) သည် ရှေ့တန်းစစ်ဦးစီးဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး တိုင်း (၆) (မိတ္ထီလာ၊ ပျဉ်း မနား၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်ခရိုင်) နှင့် တိုင်း (၇) (သရက်၊ အာသံ၊ မကွေး၊ မင်းဘူးခရိုင်များ) ဒေသအတွင်း ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၄၆ တွင် ကန္ဒီစာချုပ် ချုပ်ဆိုပြီးသောအခါ အင်္ဂလိပ်လက်အောက်ခံ ဗမာ့တပ်မတော်၌ ဗိုလ်မှူးဗလအား ဗိုလ်အဆင့်ဖြင့် ပြန်၍ခန့်အပ် ခဲ့သည်။ ယင်းနောက် တပ်ရင်း (၆) ရင်းအထိ တိုးချဲ့ဖွဲ့စည်းသောအခါ ဗိုလ်မှူးဗလအား တပ်ရင်း (၃) တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရရှိသောအခါ ရန်ကုန်မင်္ဂလာဒုံတွင် တပ်မတော်အထက်တန်းအရာရှိများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော စစ်ဦးစီးလေ့ ကျင့်ရေးကျောင်းသို့ ဗိုလ်မှူးဗလတက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၅၀ တွင် ရန်ကုန်မင်္ဂလာဒုံ၌ တပ်မတော်လေ့ကျင့်ရေးကျောင်း (B.A.T.T) ကို ဖွင့်လှစ်ခဲ့ရာ ဗိုလ်မှူးဗလလည်း ပါဝင်ဆောင်ရွက်ပေးခဲ့ရသည်။ လေ့ကျင့်ရေးသင်တန်း ကျောင်းဖွင့်လှစ်ပြီး နှစ်လအကြာတွင် ဒုတိယတပ်ရင်းမှူးရာထူးဖြင့် ရခိုင်တိုင်းသို့ ပြောင်းရွှေ့ရန် အမိန့်ကျလာသည်။ ရခိုင်တိုင်း ခလရ (၃) ၌ တာဝန်ထမ်းဆောင်နေရာမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရပြန်သည်။ ယင်းနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ကထိကများမှာ အင်္ဂလိပ်စစ်အရာ ရှိများဖြစ်ကြသောကြောင့် အင်္ဂလိပ်စာကို အထူးကျွမ်းကျင်အောင် လေ့ကျင့်ရသည်။ သင်တန်းအောင်မြင်ပြီးသောအခါ ကျုံပျော်၊ ကျောင်း ကုန်း၊ ရေကြည်၊ အသုတ်မြို့များရှိ လက်နက်ကိုင်သောင်းကျန်းသူများကို တိုက်ခိုက်တာဝန်ပေးအပ်ခံရသည်။

ထို့နောက် ၁၉၅၈ တပ်မတော်မှ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူပြီးနောက် နိုင်ငံရေးလှုပ်ရှားခဲ့သည်။ ၁၉၆၀ ဖေဖေါ်ဝါရီလ ၆ တွင် ကျင်းပ သော ပါလီမန်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဦးစီးသော သန့်ရှင်းဖဆပလ (နောင် ပထစပါတီ) အမတ်ပေးအဖြစ် ချောက်မြို့မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့သည်။

ယင်းနောက် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ၁၉၆၃ ဒီဇင်ဘာလတွင် ဗိုလ်မှူးဗလသည် အထိန်းသိမ်းခံရသည်။ ၁၉၆၇ အောက်တိုဘာလ ၁၆ တွင် ပြည်လည်လွတ်မြောက်ပြီးနောက် ၁၉၆၈ တွင် ကုန်သွယ်ရေးဝန်ကြီးဌာနတွင် အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ခဲ့သည်။

၁၉၇၄ တွင် ရဲဘော်သုံးကျိပ်မြန်မှာနိုင်ငံမှ လျှို့ဝှက်ထွက်ခွာသွားပုံ၊ ပြန်လည်ဝင်ရောက်လာပုံနှင့် မော်ကွန်းဝင်ဖြစ်ရပ်များကို အခြေပြု၍ “လွတ်လပ်ရေးခရီးတထောက်” အမည်ဖြင့် ရေးသားပြုစု၍ စာပေဗိမာန်မှထုတ်ဝေခဲ့သည်။ ၁၉၇၃ ဇူလိုင်လ ၁၈ ထုတ် ကြေးမုံသတင်းစာတွင် “ထိုနေ့” အမည်ရှိ ဆောင်းပါးနှင့် ၁၉၇၄ ဧပြီလထုတ် ကြေးမုံသတင်းစာ၌ “ရဲဘော်သုံးကျိပ် ၃၄ နှစ်ခရီး” ဆောင်းပါးတို့ကိုလည်း ရေးသားခဲ့ သည်။

ရဲဘ်ာသုံးကျိပ်ဝင် ဗိုလ်မှူးဗလသည် မြောင်းမြမြို့နုယ်အသင်း၏ ဂုဏ်ထူးဆောင်နာယကလည်း ဖြစ်သည်။ နိုင်ငံအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်အစိုးရက ၁၉၅၉ မတ်လ ၂၇ တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ်နှင့် ၁၉၈၀ ပြည့် နှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခဲ့သည်။ သူသည် ၁၉၅၅ ဇန်နဝါရီလတွင် ယူဂိုစလားပီးယားနိုင်ငံမှ သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (တတိယဆင့်) တံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။

ဗိုလ်မှူးဗလသည် ၁၉၄၂ တွင် မန္တလေးမြို့ပန်းချီကျောင်းအုပ်ကြီးဟောင်းနှင့် မြို့ပိုင်ဦးမောင်မောင်၏သမီး ဒေါ်ခင်ခင်ပြုံးနှင့် လက်ထပ်ခဲ့ သည်။ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ အာရှလူငယ်အဖွဲ့ချုပ်ကြီးရှိရာ (ယခု ဓမ္မစေတီလမ်း စက်မှုလက်မှုပညာသင်ကျောင်း) ၌ ကျင်းပ ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဝန်ကြီးသခင်မြ၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်တို့က မင်္ဂလာပွဲကို စီစဉ်ပေးခဲ့လေသည်။

ထို့နောက် ဗိုလ်မှူးဗလသည် အသက် ၈၂ နှစ်အရွယ် ၁၉၉၈ နိုဝင်ဘာလ ၁ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကြို့ကုန်းရပ် ဦးစက္ကိန်ကျောင်း လမ်းရှိနေအိမ်တွင် ကွယ်လွန်ခဲ့လေသည်။ ကြွင်းကျန်သောရုပ်ကလပ်ကို ၁၉၉၈ နိုင်ဝင်ဘာလ ၅ ရက် ကြာသာပတေးနေ့တွင် ရေဝေးသု သာန်၌ ဂူသွင်းသဂြိုလ်ခဲ့လေသည်။

ကွယ်လွန်ချိန်၌ သမီးဒေါ်ခင်ဥမ္မာ (DCPT) (ဦးတင်စိုး) (အလုပ်ရုံမှူး M.P.E)၊ ဒေါ်ခင်စစ်အေး (ဦးအောင်ဖုန်း – ဝန်ကြီး၊ သစ်တောရေးရာ ဝန်ကြီးဌာန)၊ သားဦးသူရဗလ (ဦးသီဟဗလ)၊ ဒေါ်ဝင်းဝင်းမြင့်၊ ဦးသုခဗလ (2nd Officer Initeam Shipping) (ဒေါ်ခင်စောတင့်) ဦးသု တဗလ (အကောက်ခွန်ဦးစီး) (ဒေါ်ညို ညိုဝင်း) နှင့် မြေး စစ်တိုင်းအောင်၊ ယဉ်ဝင်းယင်းအောင်၊ စစ်သွေးအောင်၊ မခင်ပန်းပွင့်၊ မောင်သု နောင်၊ မပန်းအိဖြူ၊ မောင်ထွန်းသီဟထက်၊ မယမုံဦးတို့နှင့် မြစ်မ တိုင်းနန္ဒီအောင်တို့ ကျန်ရစ်ခဲ့သည်။

ရည်ညွှန်း
၁။ တက္ကသိုလ်စိန်တင်၊ ရဲဘော်သုံးကျိပ်မော်ကွန်း ပဉ္စမကြိမ် အားမာန်သစ်စာပေ၊ ၂၀၁၀။
၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ် ပထမကြိမ် အင်းဝစာပေ ၁၉၉၈။
၃။ ဗိုလ်ဗလ (ရဲဘော်သုံးကျိပ်)၊ လွတ်လပ်ရေးခရီးတထောက်၊ ပကြိမ် စာပေပိမာန် ၁၉၇၄။
၎။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်း အဘိဓာန် (ဒုတိယတွဲ)၊ ပကြိမ် ပညာရွှေတောင်စာပေတိုက် ၂၀၁၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ
  1. General Ne Win send these thirty comrades members under the Trade Ministry (B.Beneral Tin Pe) where they had no power or authority in the office.They just came to the office,reading news paper ,sitting in the chair with one shabby table.The so called Inspectorate Dept was headed by Lt Col Tha Tun Oo and GM was Major Zaw Than.These comrades were very depressed for how they were treated by Ne Win.They are Bohmu Bala,
    Bohmu La Yaung,Bohmu Saw Naung,Boh Htein Linn,Bohmu Aye Ngwe (Dagon Myat Lay Nwe).There were also many ex lady captains (they had to quit because of marriage, Its the rule)The only in service captains were Capt Daw Tin Nwe & Capt Daw Aye Myint.what i saw on the newspaper she eventually promoted to Lt Colonel. to be contd.

Comments are closed.