ဇူလိုင် ၈၊ ၂၀၁၂

ထို့အပြင် တက္ကသိုလ်အနားတွင် Goldern Key KTV ဆိုင်ရှိနေခြင်းကြောင့် ကျောင်းသားများ၏ ကိုယ်ကျင့်သိက္ခာပျက်ဆီးရန် လွယ်ကူ နေပါသည်။ အမျိုးမျိုးတိုင်ကြားနေသော်လည်း စသုံးလုံးက လူကြီးကိုယ်တိုင်ဖွင့်ထားသည်ဆိုတော့ ကျန်သည့် ၂ ဆိုင်ကပါ သူ့ကိုမှီပြီးဖွင့် နေတာကိုကျတော့ မဖမ်းဘဲ၊ ကျန်တာတွေကိုသာ လိုက်လံဖမ်းပါသည်။ တိုင်းက ဖမ်းခိုင်းမှ ဖမ်းမည်ဟုလည်း သိရပါတယ်။
လောင်းကစားတွေ ဖမ်းပြီး ချက်ခြင်း ၂ နှစ်စီမံချက်ဆိုပြီး ထောင်ချနေသည့်အချိန်တွင် မြို့မိမြို့ဖမ ငွေကြေးချမ်းသာသူ မြို့မျက်နှာဖုံးဆိုသူတို့၏ သားများပါဝင်သော ဟင်္သာတမြို့ လယ်တီကွင်း မြို့ပတ်လမ်းမှာရှိတဲ့ ဆန်စက်အတွင်း ခရိုင် ဒုရဲအုပ်မြင့်ခိုင်နှင့်အဖွဲ့ ဖမ်းမိသည့်ဖဲဝိုင်းအား နိုင်ငံပိုင်တရားဝင်သတင်းစာထဲထည့်ပြီး အမှတ် (၁) ရဲစခန်း ဒုရဲအုပ် အောင်ရည်သွေးက ဆက်လက်စစ်ဆေးနေပြီး ရက်ပေါင်း (၆၀) ကျော် မှ တရားခံနှစ်ဦးနဲ့ သက်သေခံပစ္စည်းများနှင့်ဖမ်းမိသည့်တိုင် ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးသည့်အတွက် Good Government Clean Gvernment ဖော်ဆောင်နေတဲ့အချိန်ကြီးမှာ တရားဥပဒေစိုးမိုးရေး ရင်လေးမိပါကြောင်း ….
ဟင်္သာတ က အုပ်ချုပ်ရေး တာဝန် ရှိသူတွေ မင်းတိုရဲ့ သမတ မျက်နှာ အိုးမဲသုတ်နေတာလား။မင်း တို့ လူလို သိသင့်တယ်။ ဥပဒေ ဆို တာ မျက်နှာ မလိုက်ရဘူး။ တဘ၀ စာ မကြည့်သင့်ဘူးနော်။
ဟင်္သာတ ခရိုင်ဒန အဖွဲ့ ကသူတို့ ဖမ်းရာ အကုန် စီမံချက် 2နှစ်ဘဲချက်ချင်းတန်းချ တယ်အဲဒီလိုဖမ်း
နိုင်အောင် အသားထဲကလောက်ထွက်တဲ့ ကောင်တွေကြောင့် ပေါ့  ကိုခင်မောင်မြင့် ဆိုတဲ့ သူကသတင်းပေးလေ သူက၀န်ထမ်းမဟုတ်ပေမယ့် သူ့ ကား လမ်းပြောင်ပြန်ရပ်ထားတာတောင် ယာဉ်ထိန်းရဲက မဖမ်းရဲဘူးလေ ဟိုတလောကတောင်ဘီယာရောင့် လို့ ဆိုပြိးအဲဒီလူဝင်ဖမ်းသေးတယ်ပြီးတော့ အမှတ်(၁) ရဲစခန်းမှာအမှု့ ဖွင့် တယ်ဗျာဒီလိုလူတွေကိုဒနကမွေးထားတာဗျာဘယ်တော့ သူတို့ အလည့် ရောက်မလဲဆိုတာစောင့် ကြည့် နေရမယ်
မြန်မာပြည်မှာအဲ့ဒီလိုမျိုးတွေအမြစ်စွဲနေတာကြာပြီအပြောင်းအလဲအရှိန်ကောင်းနေတုံးလေးအမြစ်ကနေ
နှုတ်ပစ်နိုင်ပါစေလို့သမ္မတကြီးကိုဆုတောင်းပေးနေပါ့မယ်။ ဦးရွှေမန်းကြီးပြောသလိုဥပဒေရဲ့အထက်မှ
ဘယ်သူမှမရှိတဲ့တစ်နေ့အမြန်ရောက်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်။
ိပိုက်ဆံ