သတင်းပဒေသာ

Students detained for 7th july event

မြ၀တီမင်းကြီးကျောင်းတိုက်မှကျောင်းသား ခေါင်းဆောင် (၃) ဦး အက်စ်ဘီ ခေါ်ဆောင်
ည ၁၁နာရီ၊ဇူလိုင် ၆၊ ၂၀၁၂၊ (Yangon Press International )

ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်မြင်ကွင်းတစ်ခု (ဓာတ်ပုံ – Getty Images)

မန္တလေးမြို့မြ၀တီမင်းကြီးကျောင်းတိုက်တွင် နက်ဖြန်ကျင်းပမည့် ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ်လည်နေ့အထိမ်းအမှတ်ပွဲကို မပြုလုပ်ရန် မြို့နယ် အာဏာပိုင်များက လာရောက်တားမြစ်ပြီးနောက် ကျောင်းတိုက်တွင်ရောက်ရှိနေကြသည့်ကျောင်းသားခေါင်းဆောင်များထဲမှ ၃ ဦးကို ခေါ်ဆောင်သွားကြောင်း ဆရာတော် ဦးအရိယဘိဝံသကYPI သို့မိန့်ကြားသည်။

အာဏာပိုင်များလာရောက်သည့် အဖြစ်အပျက်ကို ဆရာတော်က မိန့်ရာတွင် “စောစောပိုင်းက ကျောင်းတိုက်ကိုလာတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀က၊ သာသနာရေး၊ရဲမှူးတွေ ဘုန်းကြီးနဲ့ အချီအချ အပြန်အလှန်ဆွေးနွေးမှုလုပ်ပါတယ်။ ပထမတော့ ဘုန်းကြီးကဒီပွဲကိုလုပ်သင့်တယ်ပေါ့၊ နောက်တော့ အထက်က ဒီပွဲကို လုံးဝတားမြစ်နေပါတယ် ဆိုတာ ပြောလာတော့၊နောက်ဆုံး ဘုန်းကြီးလည်း မလုပ်ဖို့ လိုက်လျောလိုက်တယ်၊ တကယ်လဲ ဘုန်းကြီးအနေနဲ့ မလုပ်သင့်တော့ဘူးလို့ယူဆပါတယ်။ တဘက်မှာ အကျဉ်းသားတွေ လွှတ်ပေး၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေတော့”ဟု မိန့်ကြားသည်။
ပွဲမလုပ်ဖြစ်ကြောင်းဆရာတော်က ကတိပေးလိုက်သည့်နောက်တွင် လာရောက်သည့် အာဏာပိုင်များ ကျေနပ်သွားကြကြောင်းလည်းဆရာတော်က မိန့်သည်။

ယင်းသို့ပြောဆိုသည့်နောက်တွင်တိုင်း အထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) မှလာရောက်ကာ နယ်စုံမှရောက်ရှိနေသည့် ကျောင်းသားခေါင်းဆောင်များထဲမှ၃ ယောက်ကို အထက်မှ လူကြီးများက တွေ့လိုသဖြင့် ခေါ်ဆောင်သွားကြောင်း၊ ဆရာတော်အနေဖြင့်တွေ့လိုက ကျောင်းတွင်လာရောက် တွေ့ဆုံနိုင်ကြောင်းပြောသော်လည်း အတင်းဆွဲခေါ်သွားသည်ဟုလည်းအဖြစ်အပျက်ကို ရှင်းလင်း မိန့်ကြားသည်။

ယင်းအဖြစ်အပျက်ဖြစ်သည့်နောက်တွင် ကျောင်းဝင်းကို လုံခြုံရေးများက ၀ိုင်းထားသည်ဟု ၎င်းက ထင်မြင်ကြောင်းလည်း မိန့်ကြားသည်။

ယင်း ၃ ယောက်မှာရွှေဘိုမှ ကျောင်းသားများဖြစ်၍ ကျောင်းသား ၂ဦးနှင့် ကျောင်းသူ မဋ္ဌေးဋ္ဌေးဝင်း တို့ဖြစ်သည်ဟုလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရှိရသည်။အခြားသော သတင်းဖေါ်ပြချက်များတွင် မန္တလေးမှ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုအောင်မိုင်းဆန်း၊ကိုမိုးထက်နေနှင့် ကိုသန်းထိုက်တို့ ကို လည်း အက်စ်ဘီမှ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ။
(မူရင်းလင့်ခ https://www.facebook.com/ygnpress)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts