Student leaders detained

ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့်စရဖ ခေါ်ဆောင်



ည ၁၀နာရီခွဲ၊ ဇူလိုင် ၆၊ ၂၀၁၂ (Yangon Press International )

ဖြိုးဖြိုးအောင်၊ ရဲမြတ်ဟိန်း

ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့်ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ(အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။

စည်သူမောင်၊ ဒီငြိမ်းလင်း (ဓာတ်ပုံ – James Mackay)

ယင်းသို့ခေါ်ဆောင်သွားသည်အချိန်နှင့်မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ရုံးခန်းသို့လည်း လုံခြုံရေး အဖွဲ့များ ကားများဖြင့် လာရောက်ကာယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအားမည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့်ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန်ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းကခန့်မှန်းပြောဆိုသည်။

မနက်ဖြန်တွင် တော်ဝင်နှင်းဆီစားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ်အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက်နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts