ကြော်ငြာကဏ္ဍ

Adit Htan Sayadaw – အဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိတ ၆၅ နှစ်ပြည့် မွေးနေ့မင်္ဂလာ အောက်ပါ နိုင်ငံတို့တွင် ကျင်းပမည်

အဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိတ ၆၅ နှစ်ပြည့် မွေးနေ့မင်္ဂလာ  အောက်ပါ နိုင်ငံတို့တွင် ကျင်းပမည်

မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၆၊ ၂၀၁၂

မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိ၏ ၆၅ နှစ်ပြည့် အခမ်းအနားကို  သြစတြေးလျ၊ စင်္ကာပူ နှင့် အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့တော်တို့တွင် ဒကာ၊ ဒကာမများ စုပေါင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ ရခိုင်ပြည်၊ စစ်တွေမြို့၊ အဓိဋ္ဌာန်သိမ်တော်ကြီး၊ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၊ ကုလရက္ခိတကုန်းတော်နှင့် ရန်ကုန်မြို့၊ မဟာကျိန် သစ္စာရှင် ဘုရားကြီးတို့တွင်လည်း စဉ်လာမပျက်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆရာတော်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆရာတော်သည် ရခိုင်ပြည်နယ်တွင်းသာမက တိုင်းနှင်ပြည်နယ် အသီးသီးက လာရောက်လျောက်ထားသော ကလေးသူငယ်များ လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်သည့် လူမှုရေးလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပ လှည့်လည်ပြီး ဘုရား စေတီများ ဆောက်လုပ် လှူဒါန်းခြင်းတို့ လုပ်ကိုင်လျက်ရှိသည်။

အသေးစိတ်ကို ကြော်ငြာစာရွက်တွင် ကြည့်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts