ဇူလိုင် ၂၊ ၂၀၁၂
ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ၁.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုများကိုပြုလုပ်နေသော မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေပေးအပ်လိုကြောင်းဆက်သွယ်ခဲ့ရာ ၂.၇.၂ဝ၁၂ (တနင်္လာနေ့) ညနေ (၃း၃ဝ) နာ ရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဘုရားခန်းမဆောင်၌ ရွှေစင်စကြ်ာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း)မှ HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃,ဝ၅ဝ,ဝဝဝိ/- (သိန်းသုံးဆယ်နဲ့ ကျပ်ငွေ ငါးသောင်း) ကျပ်တိ တိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
HIV/AIDS Prevention and Care Section မှ ဝေဒနာရှင်စုစုပေါင်း (၃ဝဝ) ဦးခန့်အား အမှတ် (၃၇၆)၊ ကမ္ဘောဇ (၂) လမ်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ နေအိမ်(ဂေဟာ)နှင့် ဟိုက်စင်ဒူးဝါးလမ်း၊ စိုက်ပျိုးရေးခြံ၊ (၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဂေဟာတို့တွင် ပြုစုစောင့် ရှောက်ကုသပေးလျှက်ရှိသည်။ ယင်းအလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။ ငွေလှူဒါန်းခြင်း အစီအစဉ်ပြုလုပ် ပြီးချိန်တွင် အမေရိကန်နိုင်ငံရှိ ပန်းချီ မင်းကျော်ခိုင်ရေးဆွဲထားသော ဒေါ်ဖြူဖြူသင်း၏ Sketch ပုံတူပန်းချီကားချပ်အား နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှတစ်ဆင့် လက်ဆောင်ပေးအပ်ခဲ့သည်။ အခမ်းအနားပြီးဆုံးသွားချိန်တွင် ရွှေစင်စကြ်ာ မိသားစုများ၊ ဝန်ထမ်းများမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မကြာခင်ဖွင့်လှစ် ခွဲစိတ်ကုသပေးတော့မည်ဖြစ်သော မျက်စိခွဲစိတ်ခန်းသို့ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရွှေစင်စကြ်ာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများတို့အား သိန်းပေါင်းမြောက်များစွာ စဉ်ဆက်မပျက် လှူဒါန်းသာ သနာပြုနေကြသော အလှူရှင်၊ ဒါနရှင်များပင် ဖြစ်တော့သည်။
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်းမည်ပေ၏။)
I appreciate of Shwe Sin Set Kyar Family Donation to HIV/AIDS Prevention and Care Section in Yangon.
မှား- ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃ဝ၅ဝဝဝဝိ/- (သိန်းသုံးဆယ်ငါးသောင်း) ကျပ်တိ တိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
မှန် – ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃,ဝ၅ဝ,ဝဝဝိ/- (ကျပ်သိန်းသုံးဆယ်နှင့် ငါးသောင်း) ကျပ်တိ တိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
ရွှေစင်စကြ်ာ၏ခရီးသည်တစ်ဦးမှ ဂုဏ်ယူမိပါသည်။
Dear Admin,
Please spell the title correctly. It looks ugly with wrong spelling.