မိုးမခကို ပေးတဲ့စာ

ဟင်္သာတမြို့ ဈေးသူ ဈေးသားများ ရင်ဖွင့်သံ

မိုးမခပေးစာ
ဇူလိုင် ၁၊ ၂၀၁၂

ကျမတို့ ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မန်းဘခိုင်လမ်းရှိ ပဒေသာဈေးကြီး စည်ပင်ခွန်၊ တနေ့ကို (၁) ခန်းကို ၂၀ ကျပ်နဲ့ တပတ်ကို ၁၂၀ ကျပ်၊ အမြတ်ခွန်တော်ကြေး ဘာကြေး ညာကြေး၊ ဌာနဆိုင်ရာအသီးသီး၏အလှူငွေများကို ပေးဆောင်နေရသော တရားဝင်ဈေးသူဈေးသားများမှာ အခုဆို အကြီးအကျယ်ဒုက္ခရောက်နေပါတယ်။

သမတကြီးဦးသိန်းစိန်ထုတ်ထားတဲ့ ဆင်းရဲပပျောက်ရေးဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ပဒေသာဈေးကြီးနဲ့ကပ်လျှက် ဆည်းမြောင်းတာတမံ ပေါ်တွင် စည်းကမ်းမဲ့ဈေးသည်များကို ဆိုင်ခန်းများ အခိုင်အမာဆောက်ခွင့်ပေးထားသလို ညစ်ပတ်ပြီး မိုးတွင်းအခါတာပေါ်ဖြတ်ပြီးကျောင်း သွားရသောကလေးသူငယ်များ၊ ခရီးသွားပြည်သူများသည် သွားလာရာတွင် ခက်ခဲပြီး တချို့ဈေးသည်များ၏ ဆဲဆိုရန်တွေ့မှုကြောင့် အကြီးအကျယ် ဒုက္ခရောက်နေရပြီး ထိုကျူးကျော်ဈေးသည်များကြောင့် ကျမတို့ ဈေးကြီးမှာတချို့ဆို ဈေးဦးမပေါက်သည့် ဆိုင်များရှိနေပါ တယ်။

စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်၊ ဆည်မြောင်းဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေနှင့် သက်ဆိုင်ရာဌာနတွေကို အကြိမ် ကြိမ်တိုင်ကြားသော်လည်း သူတို့ကရှင်းမပေးပဲ ရုံးမှာ ကျနော်တို့ကို ဈေးကော်မတီတွေနဲ့ ကျူးကျော်ဈေးသည်တွေကို မျက်နှာချင်းဆိုင်တွေ့ ပြီး ရန်တိုက်ပေးပြီး ခေါင်းရှောင်နေကြပါတယ်။ ဈေးကောက်ကလည်း စည်ပင်ကိုပေးရတာကာမိအောင် တနေ့ကို နှစ်ကြိမ် သုံးကြိမ်ကောက်ပြီး တိုင်လျှင်တော့ တကြိမ်သာကောက်ပြီး ပိုက်ဆံပိုကောက်ပါတယ်။ မိုးတွင်းအခါ ရောင်းစရာနေရာမရှိလို့ပါဆိုပြီး နွေကျရင် အောက်သတ်မှတ် ထားတဲ့နေရာမှာ ဆင်းရောင်းပါမယ်လို့ ကတိအကြိမ်ကြိမ်ပေးပြီး နွေ၊ မိုး၊ ဆောင်း အားလုံးတာပေါင်ပေါ်တွင်သာ ရောင်းချခွင့် ပေးထားပါ တယ်။

ဆင်းရဲမှုပပျောက်ရေး တကယ်ဖြစ်စေချင်ရင် သတ်မှတ်ထားသော အခွန်ဈေးမှာ ရောင်းချခွင့်ပြုလိုက်ပါ။ ဘယ်ဈေးသည်မှ အခွန်မပေးရပဲ အလကားဖွင့်ရမှာကို မကြိုက်တဲ့သူမရှိပါဘူးလို့ ကျနော် ကျမတို့ ထင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဟင်္သာတမြို့ ဈေးသူ ဈေးသားများ ရင်ဖွင့်သံ
  1. သူခိုးတွေအုပ်ချုပ်နေတဲ့နိုင်ငဲံပြောင်းဖို့မလွယ်သေးပါဘူး
    အပေါ်ကကောင်ကသူ့နေရာမြဲဖို့အောက်ကကောင်လုပ်နေတာတွေကိုမသိချင်ယောင်ဆောင်နေတာပေါ့

  2. မီုးမခရေ
    မိုင်တာဈေးထဲမှာဆိုင်ခန်းမ၀ယ်နိုင်လို့ တာဘေးမှာကပ်ပြီးဈေးရောင်းရတာပါ အရင်းအနှီးရှိရင်
    ခင်ဗျားတို့လိုဆိုင်ခန်းနဲ့ရောင်းချင်တာပေါ့ လူကြီးတွေက ကျွန်တော်တို့ဘ၀ကို စာနာလို့ စီစဉ်ပေးတာ
    ခင်ဗျားတို့ဈေးမရောင်းရတာက ကျွန်တော်တို့ တာကြီးပေါ်မှာဆိုင်တွေဖွင့်လို့မရောင်းရတာမဟုတ်ဘူး
    ခင်းဗျားတို့တွေ အမြတ်ကြီးစားဈေးတွေကြီးလို့ ကျွန်တော်တို့တာကြီးပေါ်ဈေးတန်းကို လာပြီးဈေးဝယ်ကြတာ ခင်ဗျားတို့ တွေက ကျွန်တော်တို့ထက်ဈေးသက်သာရင် ဘယ်သူမှ ဗွတ်ထဲ ဈေး
    လာမ၀ယ်ဘူး ကျောင်းသားတွေ ဆိုတာလဲ ခင်းဗျားတို့အကြောင်းပြချက်ဘဲ ခင်ဗျားတို့ဈေးကောက်ပေး
    ရသလို ကျွန်တော်တို့လည်းပေးရပါတယ် ကိုလောဘကြောင့် ဖြစ်တာကိုဟိုအော် ဒီအော် မလုပ်ပါနဲ့

    1. ဟိုအော်ဒီအော်မလုပ်ဘူးကွ မင်းစာမတတ်ဘူးလား သေချာမဖတ်ဘဲ ပဒေသာဈေးကွ မိုင်တာဈေးမဟုတ်ဘူး မိုင်တာဈေးကမီးထဲပါသွားပြီ မင်းတို့ ဈေးကောက်ပေးရတာမှန်တယ် အမြတ်ခွန်ပေးရလား ငါတို့ ကဈေးကောက်အပြင် ဆိုင်ခန်းခွန်တောင် 12 လကို 13 လစာပေးရသေးတယ်ကွ မင်းတို့ အရင်းအနှီးမရှိရင်ငါပြောသလို့ အလကားထွက်လို့ ရတဲ့ ဈေးမှာသွားထွက်ပါလား

      1. ကိုဆွေးကြီးပြောတာမှန်တယ် ကိုဂျိုးသိန်းက ကျူးကျော်ဈေးသည်တွေထဲကတော့ မဟုတ်ဘူး
        ဈေးကောက်ဒါမျမဟုတ်စည်ပင်ဝန်ထမ်းတစ်ဦးဥိးပါ ကျူကော်ဈေးသည်တွေကိုစည်ပင်ကဖမ်းရင်ကျန်တဲ့ မြို့ တွေမှာကြည့် အကုန်ဖမ်းခံရတယ်ပဒေသာဈေးမှာတော့ ဒီလိုမဟုတ်ဘူးစည်ပင်ကစားထားတဲ့ အတွက်ကြောင့် ဈေးတွေကိုကိုင်ရတဲ့ ဈေးအရာရျိတောင်သူတို့ ကဖမ်းရဲဖမ်းကြည်စိန်ခေါ်တာကြောက်လို့ ဆင်းပြေးလာရတယ်
        အဲဓိကကသူတို့ ကိုဆည်မြောင်တာတမံရယါလမ်းရယ်ပဒေသာဈေးကြီးမီးဘေးအတွက်ရယ်စိုးရိမ်ရလို့ အောက်ကိုဘဲဆင်းရောင်ခိုင်တာပါစည်ပင်ကလည်းတိုင်ကိုအလုပ်ပြပြီးလမ်းပြင်ပေးထားတယ်အဲဒါကိုသူတို့ ကဆင်းမရောင်းတာပါမရောင်းနဲ့ လို့ မပြောပါဘူးရောင်းပါတာအောက်ကနေရာမှာဆင်းရောင်းပါ

Comments are closed.