သတင်းပဒေသာ

အမေရိကရောက် ရွှေမြန်မာများ၏ တောင်တန်းသာသနာပြုအလှူ

အရှင်ဝီရသူ
ဇွန် ၂၅၊ ၂၀၁၂

အရှင်ဝီရသူထံသို့ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့မှ သူငယ်ချင်းနောင်တော် အရှင်စက္ကိန္ဒက စာရေးလာပါတယ်။

အရှင်စက္ကိန္ဒ၏စာထဲမှာ အရှင်ဝီရသူက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေး ရွာ ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်းအတွက် အလှူငွေ ကျပ်တစ်သိန်းလှူတဲ့သတင်းကို ၃.၅.၂၀၁၂ နေ့မှာ ဖတ်လိုက်ရကြောင်း၊ အမေရိကရောက် ရွှေမြန်မာတို့ကလည်း စုပေါင်းကုသိုလ် ယူလိုကြ ကြောင်း၊ ယခုရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ (၃၇၅) လှူလိုက်ကြောင်း ပါဝင်ပါတယ်။

အရှင်စက္ကိန္ဒရေးလိုက်သော စာနှင့်ပို့လှူလိုက်သော ဒေါ်လာများကို မန္တလေးမြို့ ဒဟတ္တောကျောင်းမှ ဆရာတော်ဦးပညာဓိကကိုယ်တိုင် လာပို့ခြင်းဖြစ်ပါတယ်။

တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာ ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်းအတွက် ကုမ္ပဏီတစ်ခုမှ အလှူငွေများ လစဉ်ထောက်ပံ့ကြောင်းနှင့် ယခု လက်ရှိသတင်းသုံးနေသော အရှင်ဥာဏောဘာသ(MA Buddhism) ၏ ဒကာ\ ဒကာမများကလည်း ၀ိုင်းဝန်းထောက်ပံ့လှူဒါန်းကြကြောင်း သိရှိရပါတယ်။ ယခုအလှူငွေ (၃၇၅) ဒေါ်လာကိုလည်း အရှင်ဉာဏောဘာသထံသို့ အရောက်ပို့ဆောင် လှူဒါန်းပေးမည်ဖြစ်ပါကြောင်း …။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာ ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်းအတွက် လှူဒါန်းကြသောအလှူရှင်များ …
၁။ မအေးမြလှိုင် – အမေရိကန်နိုင်င၊ ပေါ့တလန်မြို့ ၅၂ ဒေါ်လာ
၂။ မနန်းမို – ၅၀ ဒေါ်လာ
၃။ Vivian Ngai – ၅၀ ဒေါ်လာ
၎။ မြင့်ဇူအောင် – ၅၀ ဒေါ်လာ
၅။ ကိုဂျက်စတင်း + မသန်းသန်းဝင်း – ၈ ဒေါ်လာ
၆။ ကိုဇော်သွယ်ဝင်း – ၂၀ဒေါ်လာ
၇။ ကိုမျိုး – ၃၀ ဒေါ်လာ
၈။ မမျိုး – ၂၀ ဒေါ်လာ
၉။ ကိုအဲလက်(စ်) – ၅ ဒေါ်လာ
၁၀။ ကိုဒေးဗစ် + မတင်ဇာ – ၅ ဒေါ်လာ
၁၁။ မတင်တင်ယု – ၂၀ ဒေါ်လာ
၁၂။ မခင်မာသက် – ၁၀ ဒေါ်လာ
၁၃။ Sandra Leigh – ၁၀ ဒေါ်လာ
၁၄။ မစောမြတ်မော်မိသားစု – ၁၀ ဒေါ်လာ
၁၅။ ဒေါ်ဂရေစီ – ၁၀ ဒေါ်လာ
၁၆။ ကိုသက်ဌေး + မသော် – ၂၅ ဒေါ်လာ
၁၇။ ဦးနာရဒ စကုအလယ်တိုက်၊ မန္တလေးမြို့ – ၁၁၁၁၀၀ ကျပ်
၁၈။ ဦးသီဟ ရွှေလှံထောင်ကျောင်း၊ ကျောက်ဆည်မြို့ – ၁၀၀၀၀၀ ကျပ်
၁၉။ ဦးကျော်မင်းဦး (AE) ဆောက်လုပ်ရေးအဖွဲ့ – ၅၀၀၀၀၀ ကျပ်
၂၀။ ကိုကျော်ထူး + မမြင့်မြင့်ကြည်မိသားစု – ၂၀၀၀၀၀ ကျပ်
၂၁။ ကိုကျော်ကျော် + မမာသီ (ဖြိုးနေစတိုး) မိသားစု – ၂၀၀၀၀ ကျပ်
၂၂။ ဒေါ်တင်ဌေး (ဖြူသီ လဖက်မိသားစု) – ၂၀၀၀၀ ကျပ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts