ကဗျာ မောင်စွမ်းရည်

Maung Swan Yi – ပြည်သူ့သမီး ၆၇ နှစ်

ပြည်သူ့သမီး ၆၇ နှစ်
မောင်စွမ်းရည်
သူ့ခင်မျာ မိဘမရှိရှာ
မိခင်လည်း ဆုံး၊ ခင်ပွန်း ဆုံးတော့
လုံးချင်းတကိုယ်၊ အိမ်အိုကြီးမှာ
တဦးသာ။
သူ့မှာ သား နှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။
မိတကွဲ၊ ဖတကွဲ၊
လင်တကွဲ၊ သားတကွဲ
တကွဲစီနေ ဗမာမြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်ထဲ
ရေမလာလည်း တယောက်ထဲသာ။
အိပ်ယာဝင်လည်း ဘုရားတရား
အိပ်ယာထလည်း ဘုရားတရား
စန္ဒယားသာ ဖျော်ဖြေရာ။
သို့သော် သူ့မှာ
မြန်မာပြည်သား ပြည်သူများက
သူ့မိသားစု
သူ့ရဲ့ အဖေ၊ သူ့ရဲ့ အမေ
အကိုတွေ မောင်တွေ
ညီမ အမတွေ
တောနေ မြို့နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုး အဖွား၊ အားလုံး ရှိတယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလည်း မမဲ့ မျိုးမမဲ့။
ယခု သူ့အသက် ၆၇
နောက် ၁၀ နှစ်မှာ ၇၇
နောက် ၁၀ နှစ် ပြီး နောက် ၁၀ နှစ်
၈၇ ပြီး ၉ ၇
၁၀၀ လွန်လည်း ပြည်သူ့ထဲက သမီးစု
ပြည်သူ့ထဲက အမေစု
ပြည်သူ့အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်
ဒေါင်အိုးတဝေေ၀ တွန်စေသော်ဝ်။                       ။
(ဇွန် ၁၉ ၊ ၂၀၁၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Maung Swan Yi – ပြည်သူ့သမီး ၆၇ နှစ်
  1. June 21 2012

    !!!! —– Thakhinkodaw Hmaing —– !!!! (Bagyi Hmaing)
    !!!! —– Thakhinkodaw Moe ——— !!!! (Saya Tin Moe)
    !!!! —– Thakhinkodaw Swan ——— !!!! (Saya Swan)
    Tun Aung Tun —————————————————

  2. Very nice.
    You are The Poem’s Son.
    Exactly saying, Burmese Poem’s Son.
    If you love poem, you’ll know Maung Swan Yi.
    Maung Swan Yi was born by Poems.
    Poems were born by Maung Swan Yi are always fresh and are streaming and blooming in Burmese forever.
    Thank ever you.
    Respectfully,
    Lin

  3. ဦးမောင်စွမ်းရည် ဒီလိုကဗျာလေးတွေများများရေးပြီးတင်ပေးစေချင်ပါတယ်

Comments are closed.