ကဗျာ ​နေဝန်းနီ (မန္တ​လေး)

နေ၀န်းနီ (မန္တလေး) – ဘုရားသခင်​ကို ကျွန်​​တော်​အားလုံး​ပြောပြမယ်

 နေ၀န်းနီ (မန္တလေး) – ဘုရားသခင်​ကို ကျွန်​​တော်​အားလုံး​ပြောပြမယ်
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅

——————————-

ခေါင်း​လောင်းသံ​တွေတိတ်​သွားတဲ့
စာသင်​​ကျောင်း​လေးအ​ကြောင်းအမဲ​ရောင်​​ကျောက်​သင်​ပုန်း​ပေါ်
အနီ​ရောင်​​သွေးကွက်တွေစွန်း​နေတဲ့အ​ကြောင်း​အ​မေ​ပျောက်​လို့ရှာ​နေတဲ့
က​လေးငယ်​တစ်​​ယောက်​အ​ကြောင်း​သေနတ်​​ပစ်​သံထက်
ငိုသံ​တွေက ပိုကျယ်​​နေ​ကြောင်း

နောက်​စံတင်းပြီးစား​နေရတဲ့
ထမင်းတစ်​လုပ်​အ​ကြောင်း
ဘုရားသခင်​ကို ကျွန်​​တော်​အားလုံး​ပြောပြမယ်

အ​ရေးကြီးတာတစ်​ခုက
တကမ္ဘာလုံးစစ်​ပွဲ​တွေရပ်​​ပေးဖို့
ဘုရားသခင်​ကို ကျွန်​​တော်​​ပြောပြမယ်​။

{အသက်​ ၃ နှစ်​အရွယ်​ စစ်​​ဘေးသင့်​ ကွယ်​လွန်​သွား​သော ဆီးရီးယန်းက​လေးငယ်​သို့}

ချစ်​ခြင်းအားဖြင့်
နေ၀န်းနီ (မန္တလေး)
သြဂတ်စ် ၂၀၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts