သူတို့အာဘော်

ဝီရသူ သဘောထား (၆/၇၄)

အရှင်ဝီရသူ
ဇွန် ၂၁၊ ၂၀၁၂

၁၃၇၄-ခု၊ နယုန်လ္ဆုတ် (၁၁) ရက်။ ၁၅.၆.၂၀၁၂-သောကြာနေ့။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ (မစိုးရိမ်) အပေါ် လူမှုရေးပုဒ်မတပ်၍ တား မြစ်လာခြင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။

(က) အရှင်ဝီရသူ ဦးစီး၍ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲကျင်းပစဉ်က အရှင်ဝီရသူအား
နိုင်ငံရေးပုဒ်မတပ်၍ တားမြစ်ခဲ့ကြပေသည်။

ရခိုင်ပြည်နယ် အရေးအခင်းနှင့်ပတ်သက်၍ အရှင်ဝီရသူက မိမိ၏သဘောထားများကိုထုတ်ပြန်ခဲ့သည့်အခါ၌မူ အရှင်ဝီရသူအား လူမှုရေး ပုဒ်မတပ်၍ တားမြစ်နိုင်ရေးအတွက် အာဏာသုံး၍ မတရားအမိန့်များထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရပေသည်။

(ခ) အမိန့်အာဏာများကို ခွဲခြမ်းဝေဖန် ကြည့်ပါက လိုက်နာနိုင်သည့်အပိုင်းနှင့် အလိုက်နာနိုင်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပါသည်။

အရှင်ဝီရသူသည် “ခွင့်တောင်းပြီးမှ သင်္ကန်းဝတ်ရေး”အမိန့်ကို မတရားမှန်း သိသော်လည်း လိုက်နာနိုင်သည့် အပိုင်းဖြစ်၍ လိုက်နာခဲ့ပေသည်။ ယခုအမိန့်ကား မတရားသောအမိန့်ဖြစ်နေ၍ လိုက်နာနိုင်မည်မဟုတ်ပေ။

(ဂ) ၎င်းတို့ စွပ်စွဲသော လူမှုရေးပုဒ်မသည်လည်း ယုတ္တိမဲ့နေသည်ကို တွေ့ရပေသည်။ အရှင်ဝီရသူ၏သဘောထားများတွင် လူမှုရေးများ မပါဝင်ခဲ့ပါ။ အမျိုးသားရေးသဘောထားများသာ ဖြစ်ပါသည်။

အမိန့်ထုတ်ပြန်သော တိုင်းသံဃနာယက ကိုယ်တိုင်က လူမှုရေးနှင့် အမျိုးသားရေးခွဲခြားတတ်ပုံ မပေါ်ပါ။

(ဃ) အမျိုးသားရေးဟူသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကိုယ်စားမပြုဘဲ လူမျိုးနွယ်စုပင်ဖြစ်စေ၊ တိရစ္ဆာန်မျိုးနွယ်စုပင်ဖြစ်စေ၊ အမျိုး သားထုကို ကိုယ်စားပြုသည့်လုပ်ငန်းများကို ခေါ်ဆိုပေသည်။

အမျိုးသားရေးသည် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယဟူသော စရိယသုံးပါးတွင် ဉာတတ္ထစရိယတွင် ပါဝင်ပေသည်။ ဉာတတ္ထ စရိယဟူသည် ဘုရားလောင်းတို့လျှောက်လှမ်းသော ပါရမီလမ်းစဉ်ဖြစ်ပြီး မြတ်စွာဘုရားကိုယ်တိုင်လည်း ကျင့်သုံးတော်မူခဲ့သော လမ်းစဉ် တစ်ရပ် ဖြစ်ပေသည်။

ဉာတတ္ထစရိယနှင့်ပတ်သက်၍ ဟောကြားတော်မူသော ဇာတ်တော်များလည်း များစွာရှိပေသည်။ ကျီးမင်းဇာတ်၊ ဝက်မင်းဇာတ်၊ ကြွက်မင်းဇာတ်တို့မှာထင်ရှားပေသည်။

သာကီဝင်မင်းမျိုးကို ဝိဍဍူဘက လူမျိုးတုံးသတ်ဖြတ်မည့်အရေးမှာ ဘုရားကိုယ်တိုင် သုံးကြိမ်သုံးခါ ကြွတော်မူ၍ ကာကွယ်ပေးခဲ့ ဖူးပေသည်။

(င) မဟန၏ညွှန်ကြားချက်များသည်သာ ထေရဝါဒပိဋကတ်တော်လာ ဓမ္မဝိနယနှင့် ညီညွတ်မည်ဆိုလျှင် မြန်မာ့ပြည်သူရော ကမ္ဘာ့ပြည် သူကပါ လေးစားကြည်ညိုမည်ဖြစ်ပေသည်။ မြန်မာပြည်သူတို့သည်လည်း မဟနကို အကြောင်းပြု၍ ကမ္ဘာမှာဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။

မဟန၏ ညွှန်ကြားချက်များအနက် ဓမ္မဝိနယနှင့် မညီညွတ်သည့်စစ်အစိုးရလက်ထက်မှ ဓားမိုးရေဆွဲခဲ့သော အဓမ္မအဝိနယ ညွှန်ကြားချက် များကို ဆက်လက်ကျင့်သုံးမှု မပြုခြင်း၊ လုံးဝဖျက်သိမ်းခြင်းများ ပြုလုပ်ဖို့အတွက် အလေးအနက် စဉ်းစားစီစဉ်ကြဖို့လိုပေသည်။

ဥပမာ= သိက္ခာမချသေးသည့် လွတ်မြောက်ရဟန်းတော်များ သင်္ကန်းဝတ်ခွင့်တောင်းခံရမည့် ညွှန်ကြားချက်သည် ဝိနယဘောင်ကို ကျော် လွန်နေပါသည်။ မဟနက ဘုရားထက်ပို၍ ဝိနည်းဓိုရ်သည်လား၊ ဘုရားဟောဝိနည်းကို မလေးစားသည်လား မေးစရာပင်။

ရခိုင်အမျိုးသားအရေးသည် တိုင်းရင်းသားများ အရေးဖြစ်၍ အနိုင်ကျင့်ခံတိုင်းရင်းသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းကို ဉာတတ္ထစရိ ယမှန်း မသိခြင်းလော၊ ဘုရားလောင်း လမ်းစဉ်၊ ဘုရားရှင်လမ်းစဉ်ကို မျက်ကွယ်ပြုခြင်းလော၊ စောကြောဖို့ရန် လိုအပ်လာပေ သည်။

(စ) ထို့ကြောင့် အမျိုးသားရေးနှင့် လူမှုရေးကွဲပြားအောင် လေ့လာရမည်။ “ဘုရားထက်တစ်လကြီး အဖွဲ့စည်းမျိုး” မဖြစ်အောင် ရှောင်ကြဉ်ရ မည်။ အာဏာရှင်လက်ထက်က ဓားမိုးရေးစွဲထားသော မတရားသည့် ဥပဒေများကို ပြုပြင်ရမည်။ သာသနာတော်တစ်ရပ်လုံး၊ သံဃာထု တစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံးက လေးစားကြည်ညိုမှုကို ခံယူနိုင်သည့် သံဃာ့အဖွဲ့စည်းကြီးဖြစ်အောင် ဆောင်ရွက်ဖို့သာ အရေးတကြီး လိုအပ်မည် ဖြစ်ကြောင်း သိစေအပ်ပါသည်။

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မန္တလေး။
၁၅-၆-၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “ဝီရသူ သဘောထား (၆/၇၄)
  1. အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက်သည် သံဃာထုတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် တစ်ထပ်ထဲ ကိုက်ညီပါသည်။ လုံးဝ ချွင်းချက်မရှိ ထောက်ခံပါသည်။

  2. ဆရာတော်ဝီရသူရဲ့သဘောထားကို ပြည်သူတစ်ရပ်လုံး သံဃာထုတစ်ရပ်လုံးက
    ထောက်ခံသင့်ပါတယ်.။မြန်မာပြည်ရဲ့သာသနာတော်ကိုသန့်ရှင်းတည်တံ့စေချင်
    တယ်ဆိုရင် လာဘ်စားပြီးဆုံးဖြတ်တဲ့ အပြုအမူတွေကို ပြတ်ပြတ်သားသား ဆန့်
    ကျင်ရှုံချသင့်ပါပြီ။ဒီလိုမှမဟုတ်ရင် သာသနာတော်အတွက် ရင်လေးစရာကောင်း
    ပါတယ်။

  3. ဘုရားထက်တစ်လကြီး အဖွဲ့စည်းမျိုး” မဖြစ်အောင် ရှောင်ကြဉ်ရ မည်။ အာဏာရှင်လက်ထက်က ဓားမိုးရေးစွဲထားသော မတရားသည့် ဥပဒေများကို ပြုပြင်ရမည်။

  4. ထောက်ခံအပ်ပါသည်။ ဆရာတော်ဝီရသူ ဆက်လက်လုပ်ဆောင်ပါဘုရား

  5. ဆရာတော် ဦးဝီရသူ ရဲ့ သဘောထားကို တပည့်တော်တို့ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့ တဖွဲ့လုံးမှ အပြည့် အဝ ထောက်ခံပါတယ်ဘုရား ….. မြန်မာပြည်ရဲ့ သာသနာတော် သန့်ရှင်းတည့်တံ့စေချင်တဲ့အတွက် ၂၀၀၇ ခုနှစ်တုန်းက ကဲ့သို့ ကြခတ်ဝိုင်းဆရာတော် ကို လူထုတရပ်လုံး မှ ဆန့်ကျင်ရှုံ့ချသလို မဟန အဖွဲ့ကြီးကိုလည်း ပြင်းထန်စွာ ဆန့်ကျင် ရှုံ့ချပါတယ် ဘုရား . ဆရာတော် ဦးဝီရသူ ရဲ့ အမျိုးဘာသာ သာသနာ အတွက် လုပ်ဆောင်ချက်များ အောင်မြင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်ဘုရား …..
    လေးစား ဦးတင်စွာ ဖြင့်
    ကျော်ကျော်(တာဝန်ခံ)
    လူထုတရပ်လုံးအတွက်စတေးခံ
    အကောင်းဆုံး မြေသြဇာ အဖွဲ့

  6. ဆရာတော် ဦးဝီရသူ ခံယူချက်ကို ထောက်ခံပါသည်။ ရဟန်းများအားလုံးကိုယ်စားလဲထောက်ခံပါသည်. ဆက်လက်လုပ်ကိုင်နိုင်ပါစေ။ အမြဲထောက်ခံပါသည်။

  7. ဆရာတော်၏သဘောထားကိုချွင်းချက်မရှိထောက်ခံပါတယ်ဘုရား။
    ဆရာတော်နောက်မှာတပည့်တော်တို့မားမားမတ်မတ်ရပ်တည်ပါတယ်ဘုရား။
    လိုင်းပေါ်ကပဲဦးတင်ပါတယ်ဘုရား။
    သံဃာမှူးကြီးများနောင်တတရားအချိန်မီရကြပါစေ

  8. တပည့်တော်ဦးတင်ပါသည်အရှင်ဘုရား။

  9. ထောက်ခံအားပေးပါတယ် ဘုရား၊ အမှန်တရားပါပဲ

Comments are closed.