ကဗျာ

စိန်လိုဝင်းသော ဒြပ်စင်

ကျော်ဟုန်း
ဇွန် ၂၁၊ ၂၀၁၂

သောကြာဂြိုလ်က
နေဂြိုလ်ကို ဖြတ်
သက္ကရာဇ် ၂၀၁၂ မှာ
ကမ္ဘာရဲ့ အရှေ့တောင်အာရှ
ကျွန်းဆွယ်နိုင်ငံတနိုင်ငံထဲ
ဂျွန် ၁၇ – ည ၁၁း၃၀ မှာ
ကြယ်တပွင့် ကြွေလေပြီ။

ကြယ်ကြွေချိန် ညလေးတည
ရှေးထုံးမပယ်ခြင်းနဲ့  ကြယ်ကြွေချိန်
ကောင်းရာဘုံဖွဲ့  စိုးစံစေရော့
အခါခါ ဆုတောင်းမိလေခြင်း။

ဒီကြယ်က
သူ့ အက်တမ်တွေကို
ကမ္ဘာထဲခြွေချ
သူ့ဒြပ်စင်တွေသာ
ကမ္ဘာအတွက် ဝေငှ
သူ့ဆဲလ်တွေသာ
ကမ္ဘာထဲ မျိုးပွားထားခဲ့တဲ့
(လူထုစိန်ဝင်း) သမုတ်မည် ကြယ်။

တို့တတွေ အိပ်မောကျနေတုန်း
တိတ်တိတ်လေး ကမ္ဘာ့အပြင်ဘက်ထွက်
ကမ္ဘာမြေမှာတော့ သူ့အသံ၊ သူ့ဟန်ချန်ခဲ့
စိန်ရောင်လက်နေတဲ့ သူ့အလင်း “စာ” များ
အဓမ္မများအပေါ် ထွန်းခွင်း
အလင်းပြခဲ့တယ်။

ပမာတင်စား သဒ္ဓါကျွံကြွားရရင်
သူဟာ ဒြပ်စင်တခုလို
“ဒြပ်တို့မည်သည်
ပြုလုပ်မရ၊ ဖျောက်ဖျက်မရ”
ဒါကြောင့် သူဟာ ဒြပ်စင်တခုပမာ။

သူ့ ကလောင်က
ဖြူစင်သူတွေရဲ့ ဘဝစက်ဝန်းကို
အမြဲကာကွယ်
ထိန်းကျောင်းရင်း လမ်းပြတတ်သူမို့ 
သူ့သုဂတိလမ်းဟာ လင်းထိန်
စကြဝဠာမှာ စိန်လိုဝင်း
မော်လီကျူ့အဖြစ်တည်ရစ်
သူမသေ
လူထုစိန်ဝင်းမသေ
ဘဝသာ ကူးပြောင်းသွားခဲ့သူ ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “စိန်လိုဝင်းသော ဒြပ်စင်
  1. Really sad to hear that U Sein Win’s bad news.
    The best people for young journalists as well as all burmese people.
    Lin

Comments are closed.