ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ရခိုင်ကယ်ဆယ်ရေး ပထမခြေလှမ်း


ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၈၊ ၂၀၁၂

ရခိုင်ပြည်နယ်တွင် အိုးမဲ့အိမ်မဲ့ ရှောင်ပြေးကြရင်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေခဲ့ကြသည့် ဒုက္ခသည်မိသားစုဝင် ညီအစ်ကို မောင်နှမများတို့အား လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ဦးဆောင်သည့်အဖွဲ့သည် ၁၆.၆.၂၀၁၂ ရက်နေ့ နံနက် (၇း၃၀) နာရီဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Mandalay ဖြင့် စတင် ထွက်ခွာခဲ့ပြီး နံနက် (၉း၀၀) နာရီအချိန်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေမြို့ နာရေးကူညီမှုအသင်းရှိ နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးသန်းေဲရွှနှင့် အတွင်းရေးမှူး ဦးအောင်ကျော်ဇံတို့၏အကူအညီဖြင့် အဓိဋ္ဌာန်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၆၅)၊ သံ ကျောင်း (ဦးရဲကျော်သူ) ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၂၃)၊ ရွာကြီးမြောက် အ.မ.ကကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ် ထောင်စု (၆၆)၊ မြစ်ချေကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၇၀)၊ အာသောကာ ရုံကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၈)၊ ထီးစွဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၅)၊ ဆင်ကူးကျောင်း ကယ်ဆယ်ရေးစခန်းတွင် (၁၄၁)၊ ဂြစ် ဘတ်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၄၉)၊ ကျားရုပ်ကျောင်း ကယ်ဆယ်ရေးစခန်းတင် အိမ်ထောင်စု (၄၀)၊ တန်ဂိုး ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၀)၊ စစ်ကဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၉၅)၊ ပုသိမ်ကျောင်း ကယ် ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၅၀)၊ ရွှေစေတီကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၂၇)၊ ပုညာရာမကျောင်း ကယ် ဆယ်ရေးစခန်းတွင် အိမ်ထောင် စု (၃၅)၊ ယက္ခောက်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၆) စုစုပေါင်းကယ်ဆယ်ရေးစခန်း (၁၅) ခု၊ အိမ်ထောင်စုပေါင်း (၁၄၄၀)အတွက် တစ်အိမ်ထောင်လျှင် (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း အလှူငွေ (၇၂) သိန်းကျပ်အား ဒုက္ခ သည်မိသားစုများ၏ လက်ဝယ်သို့ ပထမခြေလှမ်းအဖြစ် ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွက် စေတနာရှင်များ လှူဒါန်းလိုပါက နာရေးကူညီမှုအသင်း (ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ် ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း – ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ – ၈၆၄ ၀၂၂၀ သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

2 thoughts on “ရခိုင်ကယ်ဆယ်ရေး ပထမခြေလှမ်း
  1. ပြည့်ဝတဲ့စေတနာနဲ့ တိကျတဲ့စာရင်းဇယားတွေဖော်ပြပြီးလူထုလက်ဝယ်
    အရောက်ပေးအပ်ခဲ့တဲ့အကိုကျော်သူတို့ရဲ့နာရေးကူညီမှုအသင်းကြီးပါ..
    ဦးဇော်ဇော်ကိုယ်တိုင်ပေးအပ်တယ်ပြောတဲ့ ဘောလုံးအသင်းတွေနဲ့စားဖား
    ကုမ္ပဏီတွေရဲ့သိန်း ထောင်ပေါင်းများစွာလို့ကျေငြာတဲ့အလှူတွေကဘယ်စာရင်း
    ဇယားတွေကိုကြည့်ပြီးယုံကြည်ရမှာပါလဲ…
    ဒီလိုဘဲလိမ်လာတာနှစ်တွေမနဲတော့ပါဘူးနော်..သေခြာတယ်ဆိုရင်ကျေငြာဇယား
    ပြဖို့ပြည်သူတွေလက်ထဲတစ်ကယ်ရောက်ဖို့တိုက်တွန်းပါရစေ..

  2. နာရေးကူညီမှုအသင်ဒီထက်တိုးတက်ပြီး ပြည်သူ့တွေရဲ့ကိုဆထက်တပိုးသယ်ပို့ ဆောင်ရွက်နိုင်ပါစေ..

Comments are closed.