ရခိုင်ကယ်ဆယ်ရေးစတင်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၆၊ ၂၀၁၂

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လူနေ အိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခနှင့်ရင်ဆိုင်နေကြရသည့် ဒေသခံပြည်သူ ဒုက္ခသည်များအား ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည့် ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထားသောစိတ်ဓါတ်များဖြင့် နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ သိန်း (၂ဝဝ) ကျပ် မတည်ခဲ့သည်။ ဦးစောညီစံနှင့် အသင်းသား (၄) ဦး အဖွဲ့သည် ယမ်ယမ်ခေါက်ဆွဲခြောက် (၂ဝဝဝဝ) ကျော်၊ အဝတ်ထုတ် (၆ဝ) ထုတ်၊ ကွေကာအုပ် (၅ဝဝဝ) ထုတ်နှင့် ဘီစကစ် (၁ဝဝဝဝ) ကျော် အစရှိသည့် ကုန်ပစ္စည်းများအား (၂၄ ပေ) မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်၍ ၁၄.၆.၂ဝ၁၂ (ကြာသပတေးနေ့) ည (၉း၃ဝ) နာရီအချိန်တွင် ဘုရင့်နောင်ပွဲရုံမှ စတင် ထွက် ခွာခဲ့သည်။ (၂၄ ပေ မော်တော်ယာဉ်အား ရွှေပြည်သစ်ကားဂိတ်မှ ကိုတင်အုန်းမှ စစ်တွေခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။)

၁၅.၆.၂ဝ၁၂ (သောကြာနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုနှင့် ဒေါ်နှင်းနှင်းယုတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နံနက် (၆းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြသော်လည်း နံနက် (၁၁းဝဝ) နာရီအချိန်တွင် ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည် နာရေးကူညီ မှုအသင်း (ရန်ကုန်) သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့တွင် ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆင်းသက်နိုင်ရန် ခက်ခဲသဖြင့် ၁၅.၆.၂ဝ၁၂ (စနေနေ့) နံနက် (၇း၃ဝ) နာရီ လေယာဉ်ဖြင့် တစ်ရက်နောက်ကျ၍ ထွက်ခွာမည်ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) သည် အများပြည်သူတို့အား တတ်စွမ်းရွေ့ ကူညီဖေးမ ပေးဆပ်ခဲ့ကြသလို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူသားနှင့် သက်ရှိသတ္တဝါအားလုံး ကမ္ဘာကြီးမှာ ငြိမ်းချမ်းစွာ အတူတကွ မြတ်နိုးစွာချစ်ခင်ကြရင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ၍ သောကကင်းဝေးစေရန် အစဉ်ထာဝရ ဆုတောင်းမေတ္တာပို့သကာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ နိုင်ငံအဝှမ်း ဆက်လက်ချီတက် ပေးဆပ်သွားပါတော့မည်။

One thought on “ရခိုင်ကယ်ဆယ်ရေးစတင်

  1. Dear Kyaw Thu and Team
    You and your team never failed.I sincerely cannot describe my gratitude with words like”congratulations, thanks” You and your able team did the job without delay what we are dreaming.

Comments are closed.