သတင်းပဒေသာ

Rangoon – ကောလဟလ သတင်းများကြောင့် ရန်ကုန်မြို့ ယနေ့ အသွားအလာနည်းပါးလျှက်ရှိ

ဇွန် ၁၅၊ ၂၀၁၂၊ YPI  – Yangon Press International News

သောကြာနေ့ ဖြစ်သည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆန္ဒပြမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည်ဆိုသည့် ကောလဟလများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင်း လူအသွားအလာနည်းပါးလျှက်ရှိသည်ကို တွေ့ရသည် ။

မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင်ပဲရသေးတယ်။ လူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။ 

မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Rangoon – ကောလဟလ သတင်းများကြောင့် ရန်ကုန်မြို့ ယနေ့ အသွားအလာနည်းပါးလျှက်ရှိ
  1. ဘာမှထပ်မဖြစ်စေချင်ပါဘူး…. ရှေ့ ဆက် အကောင်းဆုံးဘာဆက်လုပ်မလဲ. ဆိုတာ ပဲ စဉ်းစားကြစေချင်ပါတယ်… သမိုင်းကြောင်းတလျှောက်ရလာတဲ့  မြန်မာပြည် ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကအခုမှ အသားနုတက်ခါစလေး၇ှိပါသေးတယ်…. ဒါကို ထပ်ပြီး ဒဏ်ရာဟောင်းအပေါ်ကို နောက်ထပ် ခက်ထန်ကြမ်းတမ်းတဲ့ အနာ တခု ထပ် မဖြစ်ပါစေနဲ့ …အနာပေါ်ါအနာဆင့် သွားရင်ဘယ်လို ဝေဒနာခံစားရလဲဆိုတာ ဒဏ်ရာအနာတရဖြစ်ခဲ့ဖူးကြသူတိုင်း သိကြမယ်လို့ ထင်ပါတယ်……စိတ်ထိန်းကြပါ….

Comments are closed.