အင်တာဗျူး

Ko Mya Aye – လက်ရှိ ရခိုင်ပြည် ကျော်နီမော်အရေးအခင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

မက်ဆင်ဂျာ ဂျာနယ်၊ ဖေ့စ်ဘွတ်ခ်က ကူးယူဖော်ပြသည်၊ ဇွန် ၆၊ ၂၀၁၂

မေး။ ။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင် တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေးခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန် တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။

မေး။    ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင်ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော်ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ် မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင် လည်း ညှိနှိုင်းတိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။

ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန် တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရသတင်းစာထဲမှာပါတဲ့ စကားလုံးတွေကို ပြောချင်တယ်။ ကျွန်တော် တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့်အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့က
ကွယ်တာဆီးရမှာ ဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုခံယူချက်မျိုးထားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစားလိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့်တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမနာခံကြမယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ်က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရမဲ့ နိုင်ငံရေးသမားစိတ်ဓါတ်ပဲ။

(Photo – Ko Mya Aye (MoeMaKa))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

30 thoughts on “Ko Mya Aye – လက်ရှိ ရခိုင်ပြည် ကျော်နီမော်အရေးအခင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း
  1. ကိုမြအေး ကို လေးစားပါတယ်။ ပွင်.ပွင်.လင်းလင်း ဖြေဆိုသွားတာ ကြိုက်တယ်။ အကြမ်းဖက် မူ.ဟာ အဖြေ မဟုတ်ပါဘူး အေးချမ်းစွာ ဖြေရှင်း မှသာ အဖြေ၇မှာပါ။ အကြမ်းဖက်ဖြေရှင်းရင် သူ.အမှား ကနေပီး ကိုယ်.အမှားဖြစ် စေ တာ အထူးသတိထားစေချင်ပါတယ်။ ပါလက်စတိုင်း ပြသနာမှာ နမူနာပါပဲ။ ကျွန်တော် တို. နိုင်ငံမှာ နှစ်ရှည် စွာ အေးအေးချမ်းချမ်းနေလာ တဲ. အစ္စလာမ် ဘာသာဝင်တွေကို ရိုဟင်ဂျာ နဲ.ေ၇ာ ပီးမမြင် တာ အကောင်းဆုံးပါ။ ရိုဟင်ဂျာ ပြသနာမှာ ဖြေရှင်း၇ာမှာ အေးအေးချမ်းချမ်းနဲ. ထိရောက်တဲ. ကာကွယ် ဖြေရှင်းနည်းတွေ နဲ. ဖြေရှင်း၇မယ်။ ပြည်သူ အားလုံး ကို ပူးပေါင်းပါဝင်လာအောင်စည်းရုံး ရမယ်။ ကမ္ဘာ ကလည်း လက်ခံ လာ အောင် ပညာပါရမယ်။ အကြမ်းဖက်ဖြေရှင်း ရင်တော. ရလာဒ် အဖြေဟာ ပြောင်းပြန်ဖြစ် သွားနိုင်တယ် ။ ရိုဟင်ဂျာ အရေးဖြေရှင်းသူတွေ ပါလက်စတိုင်း -ဂျူး ပြသနာ က နမူနာကို တွေ ကို သေချာ လေ.လာပီး အဖြေ၇ှာသင်.ပါကြောင်း သတိပေးချင်ပါတယ်။

  2. မေးတဲ့မေးခွန်းတွေက သိပ်ကောင်းသလို ဖြေသွားတာတွေကလည်း ထိထိမိမိရှိပါတယ်။ ဒါမှ အမျိုးသားနိုင်ငံရေးသမားစစ်စစ်လို.ပြောလို.ရပါတယ်။

  3. Good and unbiased attitude!

    Draw or confirm the reasonable law , then practice according to law….

  4. ကိုမြအေး

    ကျွန်တော်ရခိုင်ပြည်ဖွား ကမန်လူမျိုးတစ်ယောက်ပါ။မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ ကြုံနေရတဲ့ပြဿနာလို ကျွန်တော်တို့ ရခိုင့်ပြည်ဖွား ကမန်လူမျိုးတွေလည်းကြုံနေရပါတယ်။ ဘင်္ဂလားဒေရှ့် က တရားမဝင် ခိုဝင်လာတဲ့ ဘင်္ဂလီတွေကြောင့် ကျွန်တော်တို့လည်း ဒုက္ခရောက်ကြရပါတယ်။ကျွန်တော်တို့ ကမန်တွေဟာ ရှေး၇ခိုင်ဘုရင်တွေခေတ်က ပင် လှဲသည်တော် တွေအဖြစ် ရခိုင့်ထီးနန်းမှာ အမှုးထမ်းလာခဲ့တာပါ။ အခု ခိုးဝင်လာသူတွေကြောင့် ရိုဟင်ဂျာပြဿနာမှာ ကျွန်တော်တို့ပါ ကြားညပ်ပါနေပါတယ်။

    1.ိမင်းက ကမန်လူမျိုးတစ်ယောက်လို့ပြောပြီး ပြောနေတယ်ဆိုတော့ ငါလည်း ကမန်လူမျိုးတစ်ယောက်ပါ။အထက်ပါ မင်းရဲ့ပြောပြချက်ကို ငါကိုယ်တိုင်က လက်ခံနိုင်လောက်တဲ့ အကြောင်းတစ်ခုရှိလာတယ်။ဒါပေမဲ့ အဲဒါက ရခိုင်ပြည်ကို ၀င်လာနေတဲ့ ဘဂ်လီ ရခိုင်(ဗုစ္ဒ)တွကိုပြောနေတာလား။ မင်းအနေနဲ့ စဉ်းစားကြည့် ရခိုင်ပြည်ကနေ တစ်နေ့တစ်ခြား
      ထွက်သွားနေတဲ့ ရခိုင်ပြည်နေ မွတ်စလင်မ် တွေ တစ်နေ့ထက်တစ်နေ့ တစ်ဘက်နိုင်ငံတွေကို ထွက်သွားတာဘဲ ရှိတယ်လေ။
      မင်ပြောနေတဲ့ ဘဂ်လာ ကနေ ၀င်လာတယ်ဆိုတဲ့ တင်းစာ ခိုင်လုံမှုရှိလို့လား။ ကြည့်ရသလောက်တော့ ဘဂ်လာ ကနေ၀င်လာ
      တဲ့ လူတွေက ရခိုင်ဖြစ်နေတယ်။စစ်တွေ မြို့နယ် လ၀က ရုံးက စာရေးမတွေတောင် အနောက်သားတွေဖြစ်နေတယ်(အ၀ကျွန်းသား ဘင်္ဂလီတွေဖြစ်နေတယ်။ဘာလို့ ဘင်္ဂလီ ရခိုင်တွေ လာပြီး အစိုးရအမှုထမ်းလာလုပ်တယ်ဆိုတာာကို မင်းလည်းနားလည်မှာပါ။ စစ်တွေ လ၀က မှာ အမှုထမ်းတော်တော်များများဟာ ဘင်္ဂလီရခိုင်တွေဆိုတာ သိလားလို့ပါ။

      1. KYAW MOE…if you don’t know about Rakhine history..please keep quiet or read Rakhine history. In Rakhine Nationality..No meaning of Bengali Rakhine.
        Appreciated Ko Mya Aye.

  5. Thanks Ko Mya Aye.
    We all people respect you & 88 group.
    In this case, we clearly can see that 88 group is really love our country.
    Some party & some people may not want to get involved in this case because very dangerous.
    But 88 group immediately voice out & they take very prompt action.
    They never think for their benefit, only think for the benefit of country.
    Especially, Ko Mya Aye, the way he talk here & the way he acted at the mosque-demonstration yesterdays shows that he is very brave.
    We proud for you.
    I am Buddhist, but I can say You Ko Mya Aye is my brother.
    Our hope on 88 group becomes higher & higher.
    Thanks again.

  6. I am an Arakanese . I really am with you. Everyone must respect the law. And any perpetrators must be brought to Justice! Crime is every where. Crimes should not be coloured with any race or religions. Again I really respect you. And I also would like to request you to help console the current situation from escalating.

  7. ကိုမြအေး

    အောင်မြင်ပါစေ…

    သာဓု..သာဓု..သာဓု…

  8. ကိုမြအေးဖြေတာတွေဖတ်ရတာ အင်မတန်လေးစားဖို့ကောင်းပါတယ်။ တကယ့်ကို အမျိုးသားရေးစိတ်ဓါတ် ပြင်းပြသူတစ်ဦးလို့ ခံစားရပါတယ်။ အမြင်ရော အပြောပါ ထိရောက်လှပါတယ်။ ဦးဥာဏ်ဝင်းလို အစည်းအဝေးမထိုင်ရသေးလို့ ဘာမှမပြောနိုင်သေးပါဘူး ဆိုတာနဲ့တော့ တစ်ခြားစီပါ။ ကျနော်တို့ သန်း ၆၀ အမြင်နဲ့သာသွားရပါလိမ့်မယ်။

  9. လေးစားပါတယ် ကိုမြအေး
    ကျွန်တော်တို့ ရိုဟင်ဂျာကိုဆန့်ကျင်တယ်ဆိုတာ အစ္စလာမ်ဘာသာဝင်တွေဖြစ်လို့မဟုတ်ပါ။ သူတို့အခြားဘာသာဆိုလည်း ကျွန်တော်တို့က ဆန့်ကျင်မှာပါ။

    1. လေးစားပါတယ် ကိုမြအေး နှင့်၈၈ မျိုးဆက်များ

  10. Thanks for sharing your opinion Ko Mya Aye. I am very much appreciated. I deeply respect you, 88 Generation Students leaders and peace loving people.
    Soe Thiha

  11. လေးစားပါတယ်ဗျာ ပြောဆိုချက်တွေက ရှင်းလင်းပြီးပြတ်သားပါတယ်
    မြန်မာပြည်တွင်းနေထိုင်ကြတဲ့ ဘာသာမတူ လူမျိုးမတူတဲ့သူတွေအားလုံး
    စည်းလုံးစွာနဲ့ ပြောဆိုနေထိုင်ရမဲ့အချိန်ပါ ရာဇ၀တ်မှုကို ဥပဒေကြောင်းအရ
    အရေးယူရမှာပါ တစ်ခြားမလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပေါ်ရမဲ့ အချိန်မဟုတ်ပါဘူး။

  12. ကိုမြအေးဖြေတာတွေတော်တော်ကောင်းပါတယ်။ တကယ်စိတ်ထဲ့မှာရှိတဲ့အတိုင်းပြောတာဆိုရင်တော့ ပိုပြီးလေးစားဖို့ကောင်းပါတယ်။ အခြေအနေကိုတော်တော်သဘောပေါက်တဲ့၊ အမြော်အမြင်ရှိတဲ့သူတယောက်လို့ ယူဆပါတယ်။ အဓိကပြသနာအရင်းအမြစ်က ရိုဟင်ဂျာလှုပ်ရှားမှု့ပါ။ ဒါကိုအစ္စလာမ်ဘာသာဝင်အချင်းချင်းမို့ မထောက်ခံသင့်ဘူး။ ပြသနာပိုကြီးလာနိုင်တယ်။ အပြစ်ကျူးလွန်သူအားလုံးကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူရမယ်။

  13. ကိုမြအေးကိုအရမ်းလေးစားပါတယ်..ကျနော်ဟာရခိုင်လူမျိုးတစ်ယောက်ပါ..ဒါပေမယ့်ကျနော်ဟာဘယ်လူမျိုးဘယ်ဘာသာကိုမှမမုန်းတီးပါ..ကိုမြအေးပြောသလိုအပြစ်ကျူးလွန်တဲ့သူကိုဥပဒေအရထိထိရောက်ရောက်အရေးယူရမယ်..လူကိုလူချင်းသတ်တယ်ဆိုတာအင်မတန်ကြမ်းတမ်းတဲ့အပြုအမူလို့မြင်ပါတယ်.. ကျနော်တော့နိုင်ငံမှာဒီလိုလူမျိုးရေးခွဲခြားဆက်ဆက်မူ..ဘာသာရေးခွဲခြားဆက်ဆံခြင်းတွေဟာ..တိုင်းပြည် ပြုပြင်ပြောင်းလဲတဲ့အချက်ကိုအဟန့်အတားဖြစ်စေပါလိမ့်မယ်..နောက်ဆုံးပြောချင်တာက လူမျိုးရေး ဘာသာရေးကိုရှေ့တန်းမတင်ပဲ အားလုံးမြန်မာနိုင်ငံသားညီအကိုမောင်နှတွေလိုမြင်တတ်ရင်ကျနော်တို့နိုင်ငံရဲ့အနာဂတ်သာယာလိမ့်
    မယ်လို့မြင်ပါတယ်..လူကိုလူလိုမြင်ကြပါလို့တိုက်တွန်းချင်းပါတယ်

  14. I admire you ko Mya Aye and Min Ko Naing. Both of you are very brave and honest.I admire all of 88 generation leaders and other selfless politicians. I am Burmese and Buddhist. I respect you, your religion and nationality. I have many Muslim friends and teachers. I always admire and thank *Sa Yar Gyi U RA Zat* who sacrifice her life for our country. I also respect other nationalitie and religions. Thank you very much for your standing among dangerous situation. Yes, it is right, I strongly agree with you. *ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်*. I think all politicians who really love our mother land should help to reduce hate each other. We all should love and forgive each other . We all are human being. I clearly see how you love Burma and how much you worry about current situation. I wish may you have a peaceful and happy life! I wish to change current situation to better situation soon! We never forget Muslim brothers help Burmese and other nationalities. Please stop revange each other! Let’s go forward together to get the better and peaceful future!

  15. Please forgive my spelling mistake above scentence.
    I always admire and thank *Sa Yar Gyi U RA Zat* who sacrifice his life for our country.

  16. I am an Arakanese. I value your words. We clearly see So-called Rohingya and Myanmar Muslims are not the same. We are opposing So-called Rohingya and their supporters, but not Islam, not Myanmar Muslim. And please also guide your daughter not to follow the fake movements of so-called Rohingya. It is dangerous for Arakanese, Burmese, and Myanmar Muslims. Thanks!

  17. ကိုမြအေးကို မြန်မာနိုင်ငံသား သန်း ၆၀ ရဲ့အရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့်လွှတ် အလုပ်လုပ်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ယောက်အဖြစ် လေးစားပါတယ်။
    မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ မူဆလင်ဘာသာဝင်များအားလုံး ကိုမြအေးလို ရှင်းလင်းတဲ့ ဘာသာရေးအမြင် တိုင်းပြည်ချစ်စိတ် မွေးနိုင်ကြပါစေ။

  18. လေးစားပါတယ်ကိုမြအေး ကျွန်တော်လည်းအစ္စလမ်ဘာသာဝင်မြန်မာနိင်ငံသားတစ်ယောက်ပါရာဇ၀တ်မှူကျူးလွန်သူတွေကိုသူတို့နဲ့ဆိုင်တဲ့ပြဏ်ဒဏကိုသူတို့ကျခံပလေ့စေပေါ့နော် ဖိနပ်ဆိုက်ငယ်နေတာကိုခြေဖ၀ါးကိုဖြတ်ပြီးညှိုနေမယ်ဆိုဘယ်ကလာသဘာဝကျမလဲနော် အဓိက ကတော့လူမျိုးရေးကိုဗန်းပြပြီးနိင်ငံရေးလုပ်ကွက်ထွင်ခံရျွှာကိုအကြောက်ဆုံးပါဘဲ နိင်ငံပိုင်သတင်းစာကစာတည်းအဖွဲ့ဆိုတဲ့လူတွေကတော့ အင်မတန်သေးသိမ်ကျဉ်းမြောင်းတဲ့အမြင်လောက်ဘဲရှိတာဘဲဆိုတာလယ်ပြင်မှာဆင်သွားသလိုမြင်နေပါတယ် ကိုမြအေးလိုရာဆန္ဒပြည့်ပါစေသား

  19. လက်၇ှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ အလွန်အင်မတန် သင့်လျော်သော တင်ပြချက်ဖြစ်ပါတယ်။ မေးသူဖက်က ချက်ကျလက်ကျမေးတတ်သလို ဖြေဆိုသူ ကိုမြအေး အလွန်လျော်ကန်သင့်မြတ်စွာဖြေသွားတယ်လို့ ခံစား၇ပါတယ်။ ကိုမြအေး၇ဲ့ ၇င်ထဲကခံစားချက်အမှန်လို့လည်းယုံကြည်ပါတယ်။ ဘုန်းကြီးလို့ သက်၇ှည်ပါစေ၊ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးထမ်း၇ွက်နိုင်ပါစေ လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ် ကိုမြအေး။

  20. ကျေးဇူးအထူးတင်ပါတယ်၊ ကျွှန်မလည်း အစ္စလာမ် ဘာသာဝင်ပါ၊ ကိုမြအေးလိုစိတ်ဓါတ်မျိုးကျွှန်မ မှာလည်းရှိပါတယ်၊ လေးစား ဂုဏ်ယူပါတယ် ကိုမြအေး။

  21. ကျွန်တော်က ခရစ်ယန်ဘာသာဝင်ပါ ကိုမြအေးကိုလေးစားပါတယ် ကျွန်တော်တို့ တိုင်းပြည်ထဲက လူမျိုးဘာသာမရွေး ဒီလိုစိတ်ထားလေးတွေအားလုံး
    မွေးကြပါစို့ ဒါတိုင်းပြည်တိုးတက်ဖို့အဓိကတစ်ချက်အပါအ၀င်လို့ယုံကြညပါတယ် ရခိုင်အရေးအမြန်ဆုံးပြေလည်ကြေအေးနိုင်ကြပါစေလို့ ဆုတောင်းခြင်းနဲ့သတိယပေးနေပါတယ် ဘေးနိုင်ငံတွေက တော်တော်ခရီးပေါက်နေတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်မှာ မီးမှန်ရေမမှန် လူမျိးဘာသာ ပြသာနာတွေနဲ့မကြုံစေချင်တော့ပါဘူးဗျာ အားလုံးတက်ညီလက်ညီ နားလည်မူများစွာနဲ့ သွားကြပါစို့ နော်တက်လာမဲ့ လူငယ်ခလေးတွေအကောင်းဆုံးပေးဆပ်ကြပါစို့ ကျွန်တော်တို့ကတော့ စုတ်ပြတ်သတ်နေအောင်ခံခဲ့ရပြီးပြီး အခု အခြေအနေလေးနည်းနည်းကောင်းလာပြီးလာဆိုပြီး အားတက်ချိန်မှာ ဒီလိုအဖြစ်မျိုးတွေကြားရတော့စိတ်မကောင်းဘူး ၈၈တုန်းက လူသတ်တဲ့မြင်ကွင်းတွေ တီဗီကနေ လွင့် သွားတဲ့မြင်ကွင်းတွေ အခုထိမမေ့နိုင်သေးဘူး ဒါကြောင့် အဲဒီလိုမြင်ကွင်းတွေလုံးဝ ဝေးလွင့်သွားစေချင်ပါတယ်
    မမြင်ချင်တော့ပါဘူး (ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့) ချစ်ခြင်းတရားပွားများနိုင်ကြပါစေ.
    အားလုံးကိုချစ်ခြင်းဖြင့်
    စောလှ

  22. ကောင်းလိုက်တဲ့ ၊တော်လိုက်တဲ့ကိုမြအေးရယ်..တကယ့်ကိုချီးကျုးပါတယ်..ရိုဟင်ဂျာအရေး ကိုပြည်တွင်း
    နေ အစ္စလာန်ဘာသာအရေးမလုပ်ပါနဲ့လို့ ပြောလိုက်တဲ့စကားတခွန်းဟာ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံဖွား
    အစ္စလာန် ကိုသေသေချာချာခွဲပြလိုက်တာပါ၊ ကိုမြအေးဟာ တကယ့်ကို နိုင်ငံရေးသမားစစ်တယောက်ပါ
    လို့ ကျနော်တော့ ယုံကြည်ပါတယ်။ကိုမြအေးလိုရာဆန္ဒများပြည့်ဝပါစေလို့ ဆုတောင်းရင်းဖြင့်..

  23. i respect you so much ko mya aye.you are so clever.we myanmar country need the people like you so much.

  24. ကိုမြအေးပြောတာထောက်ခံပါတယ်၊လေးလဲလေးစားပါတယ်။မျိုးရိုးစဉ်ဆက်ဒီနိုင်ငံမှာနေ၊ဒီနိုင်ငံမှာကြီး၊ဒီနိုင်ငံမှာပညာသင်ဒီနိုင်ငံမှာအလုပ်လုပ်ဒီနိုင်ငံကိုအလုပ်အကြွေးပြုဒီနိုင်ငံမှာသေဆုံးသွားတဲ့မြန်မာမွတ်စလင်အများ
    ကြီးပါ၊ဒီနိုင်ငံကိုချစ်တယ်၊ဒီနိုင်ငံမှာနေရတာဂုဏ်ယူတယ်၊
    အဲဒီမျိုးဆက်တွေ ရဲ့စိတ်ထဲမှာ မလုံခြုံမှုတွေ၊၀မ်းနဲမှုတွေ၊ကျေကွဲမှုတွေ ရှိနေရင် ဒို့တိုင်းပြည်အတွက် အင်အားတတပ်တအားလျှော့ပေတော့မပေါ့၊
    ဒီလူတွေလဲ တခြားက၀င်လာသူတွေ၊ ဒီနိုင်ငံကိုဒုက္ခရောက်စေမဲ့ သူတွေကို နှစ်မြို့နိုင်မှာမဟုတ်ဖူးလို့ယုံကြည်တယ်၊
    ဒီနိုင်ငံမှာမွေးလာသူတွေဟာ ၊၀င်လာသူတွေနဲ. မည်သို့မှ တူစရာအကြောင်းမရှိပါ၊
    မဖြစ်သင့်တာတွေ လုပ်လိုက်လို့ ဂုဏ်မြင့်စပြုနေတဲ့ဒီနိုင်ငံ နောက်ကြောင်းပြန်လှဲ့များသွားရင်ဖြင့်-နိုင်ငံသားအား
    လုံးအတွက် ရင်ကျိုးရချေရဲ့—–

  25. ကိုမြအေးကိုလေးစားပါတယ်။တိုင်းပြည်ကိုချစ်ရင်ဒီမိုကရေစီကိုနောက်ပြန်လှည့်စေချင်တဲ့လူတွေရဲ့လှည့်ကွက်ထဲမှာအနစ်မွန်းမခံပါနဲ့။ဗမာပြည်မှာနေတဲ့မြန်မာ၊အစ္စလာမ်နှင့်ခရစ်ယာန်တို့စည်းလုံးရင်စစ်မှန်တဲ့ဒီမိုကရေစီဟာနီးနေပါပြီး။အမေစုနဲ့၈၈ကျောင်းသားခေါင်းဆောင်တွေကိုလည်းလေးစားပါတယ်။ရှေ့ကိုဆက်ချီတက်ကြစို့သူငယ်ချင်းတို့။ခွေးတွေဟောင်တိုင်းထထကြည့်နေရင်ငါတို့ဘဲအိပ်ရေးပျက်နေမှာပေါ့။

Comments are closed.